သြစတြေးလျနိုင်ငံရှိ အပြာရောင်ပျားများအကြောင်း သိကောင်းစရာ
ပျားလို့ပြောလိုက်တာနဲ့ ကျနော်တို့အကုန်လုံးက အဝါရောင်နဲ့အမဲရောင်အစင်းကြားကိုပဲ ပြေးမြင်ကြပါတယ်။ အမှန်တကယ်မှာတော့ ပျားတွေမှာလည်း တခြားအရောင်တွေရှိနိုင်ပါတယ်။ Amegilla Cingulata သို့မဟုတ် အပြာရောင်ပျားတွေက သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ အပြာရောင်အစင်းကြောင်းတွေရှိပြီး အလွန်ထူးခြားတဲ့ပုံပေါ်ပါတယ်။
ယခုအခါမှာတော့ ကျနော်တို့ One Daily ပေ့ခ်ျကနေ ထိုအပြာရောင်ပျားလေးရဲ့အကြောင်းကို ပရိတ်သတ်တွေထံ မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ထိုအပြာရောင်ပျားတွေက ဩစတေးလျနိုင်ငံကလာပြီး ထိုနိုင်ငံရဲ့ ဘယ်နေရာမှာမဆို တွေ့နိုင်ပါတယ်။ ထိုအပြာရောင်ပျားတွေက အသီးအနှံတွေအတွက် 30% လောက်အထိ အကူအညီပေးနိုင်သဖြင့် နိုင်ငံရဲ့ အစားအသောက်လုပ်ငန်းအတွက် အလွန်အထောက်ကူပြုပါတယ်။ ဩစတေးလျနိုင်ငံအပြင် အင်ဒိုနီးရှား မလေးရှားနှင့် တခြားနိုင်ငံတွေမှာပါ တွေ့နိုင်ပါသေးတယ်။
ပျားအထီးရောအမရောမှာ အပြာရောင်အစင်းကြောင်းတွေပါပါတယ်။ အမမှာတော့ အစင်းလေးကြောင်းပါပြီး အထီးမှာတော့ ငါးကြောင်းပါ ပါတယ်။
အပြာရောင်ပျားတွေက တခြားပျားတွေလို သင့်ကိုဒုက္ခမပေးနိုင်ပေမယ့် ကိုက်နိုင်ပါတယ်။တခြားပျားတွေလို အုပ်စုလိုက်မနေပဲ တကောင်တည်းပဲ ရှင်သန်ကြပါတယ်။ ထိုကောင်တွေက တကယ်ကို စွဲဆောင်မှုရှိတဲ့အကောင်တွေပါ။ အောက်မှာဖော်ပြပေးမှာကတော့ ထိုပျားတွေရဲ့ပုံတွေပဲဖြစ်ပါတယ်။
1
2
3
4
5
6
7
8
9
10
သင်မြင်ဖူးသမျှအကောင်တွေထဲမှာရော ဘယ်တိရစ္ဆာန်က အထူးဆန်းဆုံးလဲဆိုတာ ကောမန့်မှာ ဖြေခဲ့ပါဦးနော်။ နောင်လည်း ယခုလို ထူးဆန်းထွေလာများကို ရှာဖွေတင်ဆက်ပေးသွားမှာ ဖြစ်လို့ ကျနော်တို့ရဲ့ပေ့ချ်လေးကို Like & Followပြုလုပ်ထားဖို့ မမေ့ပါနဲ့နော်
Source Brightside
Written One Daily Media