Tue. Nov 30th, 2021

ငြင်းပယ်ခံရတဲ့အခါမှာ ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ

New York မှာ နေထိုင်တဲ့ စုံတွဲကုထုံးပညာရှင် Tracy Ross က လူတွေအငြင်းခံရတာကို မြင်ရတာဟာ မထူးဆန်းတော့ပါဘူးလို့ ဆိုခဲ့ပါတယ်။ သူမက သူမရဲ့ဖောက်သည်တွေကို ဆိုးရွားတဲ့ငြင်းပယ်မှုတွေကိုခံရတဲ့အခါ ဖြေလျှော့နိုင်မည့် နည်းလမ်းတွေကို မျှဝေခဲ့ပါတယ်။

(၁) သင့်ခံစားချက်တွေကို ဖုံးကွယ်မနေပါနဲ့

တခါတစ်လေမှာ လူတွေက လမ်းခွဲရတဲ့အချိန်မှာ သူတို့ရဲ့နာကျင်မှု‌ေတွ ဝမ်းနည်းမှုတွေကို ဖုံးကွယ်လေ့ရှိပါတယ်။ တချို့လူတွေကတော့ ဂရုမစိုက်ဟန်ဆောင်ခြင်း ဒါမှမဟုတ် တခြားတယောက်ကို အလျင်အမြန်တွဲလိုက်ခြင်းအားဖြင့် သူတို့ရဲ့စိတ်ထွက်ပေါက်ကို ရှာဖွေကြပါလိမ့်မယ်။

Ross က ခံနိုင်ရည်ရှိဖို့က အရေးကြီးပေမယ့်လည်း သင့်ရဲ့ ခံစားချက် အစစ်အမှန်ကို ထုတ်ပြတတ်ဖို့လည်း လိုအပ်ပါတယ်။ အရေးကြီးတာကတော့ ငြင်းပယ်ခံရတာကို လျစ်လျူမရှုလိုက်ဖို့ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ထိုအရာက သင့်ဘဝရှေ့ဆက်ဖို့အတွက် ခွန်အားလည်း ဖြစ်နေနိုင်ပါတယ်။

(၂) မှန်ကန်သင့်မြတ်တဲ့ လူတွေအနားမှာပဲ နေပါ

လမ်းခွဲပြီးတဲ့နောက်မှာ “နင်သူ့ကိုဘယ်တုန်းကမှသဘောမကျခဲ့ပါဘူးလို့” လက်တွေ့မကျတဲ့အတွေးတွေပေးတဲ့ လူတွေကိုရှောင်ရှားပါ။ သင့်ကိုယ်သင် ကောင်းတဲ့လူတွေနဲ့ပဲ ပေါင်းသင်းနေထိုင်ဖို့ သတိပေးပါ။ သင့်ကိုထောက်ပံ့ပေးပြီး သတ္တိတွေ ပေးနိုင်တဲ့ လူတွေနဲ့ပဲ အချိန်ဖြုန်းသင့်ပါတယ်။

(၃) အဲဒါက personal ကိစ္စမဟုတ်ဘူးဆိုတာ သတိရပါ

လမ်းခွဲတာက personal ကိစ္စမဟုတ်ဘူးလို့ Ross က ဆိုခဲ့ပါတယ်။ သင်တွေးနေတဲ့အရာတွေက မှားနေတယ်လို့သင်ထင်နေမယ်ဆိုရင် သင်က ဉာဏ်ရည်မမှီတဲ့သူ ဒါမှမဟုတ် စမတ်မကျတဲ့သူဖြစ်သွားပါလိမ့်မယ်။ အငြင်းခံရတာကတော့ ကောင်းတဲ့အရာမဟုတ်ပါဘူး။ ဒါပေမယ့် သင်က ထိုအရာကို သင့်ရဲ့ personal ကိစ္စမဟုတ်ဘူး တွေးမယ်ဆိုရင်တော့ သင်ရှေ့ဆက်သွားဖို့ အခွင့်အလမ်းတွေများကြီးရှိပါတယ်လို့ Ross ,ကဆိုပါတယ်

(၄) ကိုယ့်ကိုယ်ကို ရှက်မနေပါနဲ့

လမ်းခွဲခံရခဲ့တဲ့အကြောင်း ဒါမှမဟုတ် အငြင်းခံရတဲ့အကြောင်းကို သင့်ရဲ့ရင်းနှီးတဲ့သူတွေနဲ့ပြောဆိုတာက သင့်ကို ထိုလူတွေနဲ့တောင် ပိုပြီးနီးကပ်စေပါတယ်။ လူတွေက အငြင်းခံရတဲ့ အခါမှာ ရှက်တတ်ကြပါတယ်။ ဒါပေမဲ့ ထိုအတွေ့အကြံကို သင်ချစ်ရတဲ့ မိသားစု ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ မျှဝေမယ်ဆိုရင် သင်တို့ကို ပိုဆက်သွယ်စေပါတယ် လို့လည်း ပြောခဲ့ပါတယ်။

အကယ်၍ အငြင်းခံရမယ် ဆိုရင် တုန်လှုပ်မနေပါနဲ့ ။ ထိုအရာက သင့်ကို ပိုမိုကြံ့ခိုင်တဲ့ လူတစ်ယောက် ဖြစ်လာနိုင်စေပါတယ်။ ကဲ အငြင်းခံထားရတဲ့ ကိုယ့်သူငယ်ချင်း ပူပူ‌နွေးနွေးလေးတွေကို သွားပြီး အကြံပေးလိုက်ပြပါအုန်းနော်။ နောင်လည်း ယခုလို စိတ်ဝင်စားဖွယ်ရာများကို ရှာဖွေတင်ဆက်ပေးသွားမှာ ဖြစ်လို့ ကျနော်တို့ရဲ့ပေ့ချ်လေးကို Like & Followပြုလုပ်ထားဖို့ မမေ့ပါနဲ့နော်။

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *