ခန္ဓာကိုယ်သွယ်လျနေရန် စိတ်မဝင်စားသော နာမည်ကျော် (၁၀) ဦး
ဖန်သားပြင်ကြီးပေါ်မှ နာမည်ကျော်များဟာစက္ကန့်တိုင်းမှာပြီးပြည့်စုံလှပနေတဲ့ သူမျိုးများတော့မဟုတ်ကြပါဘူး။သူတို့မှာလည်း ကျွန်ုပ်တို့လိုပင် ဖိအားများ ၊ စိတ်ပင်ပန်းစရာအခိုက်အတန့်များရှိပြီး လွတ်လွတ်လပ်လပ် စိတ်ပျော်သလို နေကြရတဲ့အခါများလည်း ရှိတတ်ကြပါတယ်။
ထို့ကြောင့် ဘဝမှာရှင်သန်ရခြင်းဟာ အစဉ်အမြဲ ဝိတ်ချနေရေးထက် မိမိကိုယ်ကိုစိတ်ကျေနပ်ပြီး သက်တောင့်သက်သာ ပျော်ရွှင်နေရဖို့သာအရေးကြီးကြောင်း မြင်သာစေခဲ့တဲ့ နာမည်ကျော်(၁၀) ဦးကို တင်ပြပေးလိုတယ်။
(၁) Jennifer Love Hewitt
သူမအတွက် ပေါ့ပေါ့ပါးပါး ၀တ်စုံတွေမလိုတော့ပါဘူး။ သူမဟာ ကလေးနှစ်ယောက်မိခင်ဖြစ်လာပြီး ပေါင် ၂၀ ပိုတက်ခဲ့သော်လည်း ဒါကသူမကိုနည်းနည်းမှစိတ်မညစ်စေခဲ့ပါဘူး။ Jennifer ကသူမဟာအရင်ကထက်ပိုပျော်ရွှင်ပြီးပိုမိန်းမဆန်တယ်လို့ခံစားရ ကြောင်း ၊ သူမဟာကိုယ်အလေးချိန် လျှော့မှာမဟုတ်ကြောင်းလဲ ပြောပါတယ်။
(၂) Eva Longoria
သူမဟာ ၂၀၁၆ ခုနှစ် မေလမှာတတိယအကြိမ်လက်ထပ်ခဲ့ကာ သူမရဲ့ပျားရည်ဆမ်းခရီးစဉ်တ လျှောက် အပျော်လွန်နေခဲ့ပြီး သူမရဲ့ပုံပန်းသဏ္ဍာန်နဲ့ ပတ်သက်လို့လည်း အရာအားလုံးကိုဥပေက္ခာပြုထားပါတယ် ။ ထိုအရာဟာ Eva (သို့) သူမ၏ခင်ပွန်းကို စိတ်အနှောက်အယှက်ပေးပုံမပေါ် စေသည့်အပြင် သူတို့သဟာ paparazzi တွေကိုလည်း ဂရုမစိုက်ပဲ ဓာတ်ပုံများထဲမှာတော့ ပျော်ရွှင်စွာ နွေးနွေးထွေးထွေး နမ်း နေခဲ့ကြပါတယ်။
(၃) Kelly Clarkson
အဆိုတော်မလေးဟာ အမြဲလိုလို လေ့ကျင့်ခန်း ၊ အစားအသောက်များဖြင့် သူမရဲ့ ခန္ဓာကိုယ်ကို ကိုထိန်းသိမ်းလေ့ရှိပါတယ်။ သို့သော် Kelly ဟာလက်ထပ်ပြီး ကလေးနှစ်ယောက်မိခင် ဖြစ်လာချိန်မှာ တော့ အလှအပထက် မိသားစုဘဝကိုသာ ဦးစားပေးခဲ့ပြီး ဝေဖန်မှုများရှိသော်လည်း မိမိကိုယ်ကို ယုံကြည်မှုနှင့်ပျော်ရွှင်မှုကိုခံစားရကြောင်း လည်းပြောပါတယ်။
(၄)Russell Crowe
Russell ဟာ ဇာတ်ကောင် တစ်ခုအတွက်ပြောင်းလဲရန် အမြဲအဆင်သင့်ဖြစ်နေသူဖြစ်ပါတယ်။၊ သူဟာ The Nice Guys အတွက်ပေါင် ၅၀ နီးပါး တိုးမြင့်ခဲ့ပါတယ်။ ၄င်းဇာတ်ကားထုတ်လွှင့်တာပြီးတာ တစ်နှစ်ရှိပြီဖြစ်ပေမယ့်မင်းသားက သူ့ပုံသဏ္ဍာန်ကို သူ့ကိုယ်သူ သဘောကျနေပုံပေါ်ပြီး ဆက်လက်ဝိတ်တက်လာခြင်းအတွက်လည်း ပျော်ရွှင်လျက်ရှိပါတယ်။
(၅) Tyra Banks
America’s Next Top Model သူမကိုမော်ဒယ်တစ်ယောက်ဖြစ်ဖို့ရာ ဖွံထွားလွန်းတယ်လို့ အမြဲ ထင်ခံရတယ်လို့ သူမက ပြောပြပါတယ်။ ယခုသူမဟာ ၂၀၀၆ ခုနှစ်ကထက် ၁၈ ပေါင်အလေးချိန်ပိုတက်လာခဲ့သော်လည်း ထို့အတွက် စိတ်မပျက်နေပဲ သူမရဲ့ကိုယ်ပိုင်စီးပွားရေး၊ သားတစ်ယောက်မွေးဖွားခြင်း နှင့် လူမှုရေးပွဲများစွာတို့မှာ ပရိတ်သတ်ရဲ့ အသည်းကျော်တစ်ယောက်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။
(၆) Kelly Osbourne
ဘယ်တုန်းကမှသေးသွယ်တဲ့မိန်းကလေးမဟုတ်ခဲ့တဲ့ Kelly ဟာ (၂၀၁၃) ခုနှစ်မှာ ကိုယ်အလေးချိန် ၄၀ ပေါင်ကျော် လျှော့ချခဲ့ပြီး ပေါ့ပေါ့ပါးပါး အဝတ်အစားများဖြင့် လူတိုင်းကိုအံ့အားသင့်စေခဲ့ပါတယ်။ သို့သော် ကြာရှည်မခံခဲ့ပါဘူး။ သူမဟာအစား အသောက် ရှောင်ရခြင်းကို ငြီးငွေ့နေပြီး အခုအခါမှာ တော့ သူမဟာ ပုံပန်းသွင်ပြင်အစား စိတ်ပျော်ရွှင်နေဖို့ကိုသာ ရွေးချယ်ထားခဲ့ပါတယ်။
(၇) Vin Diese
အက်ရှင်မင်းသားကြီးရဲ့ ခန္ဓာကိုယ်အချိုးအစားဟာ အမျိုးသားတိုင်းအတွက် အားကျစရာတစ်ခုပဲ ဖြစ်ပါတယ်။သို့သော် (၂၀၁၅)ခုနှစ်မှာတော့ အပေါ်ပိုင်းအင်္ကျီမပါတဲ့ ပုံတချို့ ပြန့်နှံ့လာခဲ့ပြီး ဝမ်းဗိုက်ကြွက်သားများမရှိတော့သည်ကိုလည်း မြင်ရမှာပါ။သို့သော်သူဟာ ကျစ်လစ်သော ခန္ဓာကိုယ်ကို ဘယ်အချိန်ပြန်လုပ်ယူ လုပ်ယူ အရင်တိုင်းပြန်ဖြစ်နိုင်ကြောင်းကို The Fate of the Furious ဇာတ်ကားမှာ သက်သေပြထားခဲ့ပါတယ်။
(၈) Kate Winslet
ကိတ်ဟာ အလှအပနဲ့ ခန္ဓာကိုယ်ပြီးပြည့် စုံမှုများ အတွက် ဂရုပြုလေ့မရှိဘဲ ဇာတ်ဝင်ခန်းများအတွက် ကိုယ်အလေးချိန်လျှော့ချရန်လဲ စိတ်မဝင်စားတတ်ပါဘူး။ သူဟာ အားလပ်ချိန်ကို ကလေးသုံးယောက်နှင့်သာ ကုန်ဆုံးလေ့ရှ်ိပြီး သူမ၏ သွင်ပြင်အတွက် တခါမျှ ကြောက်ရွံ့စိုးရိမ်ခြင်းမရှိခဲ့သူမျိုး ဖြစ်ပါတယ်။
(၉) Jennifer Lawrence
ဂျနီဖာဟာ အစားအသောက်နှင့်ပိန်ရန် အကြောင်း စိတ်မဝင်စားတတ်သူဖြစ်ပါတယ်။ သူမသည်အစားစားရခြင်းကိုအလွန်ကြိုက်ကြောင်း သူမကိုယ်တိုင်ပြောပြခဲ့ပါတယ် ။ လွန်ခဲ့တဲ့ ၅ နှစ်က သူမတော်တော်ပိန်သွားခဲ့သေးပြီး တကယ်တမ်းမှာလည်း ကိုယ်အလေးချိန် တိုးလာခြင်းကသာ သူမကိုပိုပြီးဆွဲဆောင်မှုရှိစေပါတယ်။
(၁၀) Adele
သူမ၏ ခန္ဓာကိုယ်နဲ့ပတ်သတ်ပြီး လူပြောများလေ့ရှိကြပါတယ်။ သူမဟာ အလွန်လှပသော မျက်နှာလေးရှိပေမယ့် အနည်းငယ် ဝနေတယ် လို့ Karl Lagerfeld ကပြောပါတယ်။ (၂၀၁၅) ခုနှစ်မှာတော့ သူမဟာ ပေါင်(၃၀)ခန့် ရုတ်တရတ် ကျဆင်းသွားခဲ့သော်လည်း မကြာခင် နဂိုအတိုင်း ပြန်တက်လာသည့်အပြင် သူမကိုယ်ပိုင် plus size အဝတ်အစားဒီဇိုင်းများကိုလည်း ဖန်တီးထုတ်လုပ်လျက်ရှိပါတယ်။
Source Brightside
Written One Daily Media