Tue. Nov 30th, 2021

နှင်းကျတာကို ပထမဆုံးမြင်ဖူးတဲ့ Sandiegoတိရစ္ဆာန်ရုံက ပိုလာဝက်ဝံလေးတွေရဲ့တုန့်ပြန်မှုပုံစံများ

လာရောက်ကြည့်ရှုသူတွေရဲ့ လှုပ်ဒါန်းမှုကြောင့် San Diegoတိရစ္ဆာန်ရုံက ပိုလာဝက်ဝံတွေအတွက် နှင်းကို နှစ်စဉ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ထိုအရာတွေက သေးငယ်တယ်လို့ ထင်ရပေမဲ့ ထိုကောင်လေးတွေအတွကိတော့ တကယ်ကို ထူးခြားတဲ့ ကိစ္စပါ

ကျွန်တော်တို့ One Dailyပေ့ခ်ျကနေ ထိုရိုးရှင်းတဲ့ လုပ်ဆောင်ချက်လေးတစ်ခုကြောင့် အံ့အားသင့်ခဲ့ရတဲ့ တိရစ္ဆာန်လေးတွေရဲ့ ဇာတ်လမ်းအပြည့်အစုံကို ဖော်ပြပေးသွားပါမယ်။

San Diego,ရဲ့ အကြံပေးစာများကြောင့် ထိုတွင် အလုပ်လုပ်နေတဲ့ တိရစ္တာန်စောင့်တွေကဘိုလာဝက်ဝံတွေအတွက် နှင်းတွေဝယ်နိုင်ရန် အလှူ‌ငွေကောင်ခံဖို့အတွက် ရုံးချုပ်ကို တင်ပြခဲ့ပါတယ်။

 

ထိုအလှူငွေ ကောက်ခံမည့် အစီအစဉ် ကြေညာ‌ပြီးတဲ့နောက်မှာတော့ လူတစ်ရာခန့်က လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြပြီး $5100ထိ ကောက်ခံနိုင်ခဲ့ပါတယ်။ ထိုငွေတွေနဲ့ပဲ ၂၆၀ တန်ရှိ နှင်းတွေကို ပိုလာဝက်ဝံတွေအတွက် ဝယ်နိုင်ခဲ့ပါတယ်။

နေသာတဲ့ နံနက်ခင်းတစ်ခုမှာ ပိုလာဝက်ဝံတွေရဲ့ ခြံမှာတော့ သူတို့သဘာဝအတိုင်းလို့တောင် ထင်ရမည့် နှင်းတွေ အပြည့်ဖြည့်ပေးထားခဲ့ပါတယ်။Kalluk , Tatqillq နဲ့ Chinook လို့ခေါ်တဲ့ ပိုလာဝက်ဝံသုံးကောင်ကတော့ ထိုနှင်းတောထဲမှာပဲ လူးလွန့်နေကြပြီး အတိုင်းမသိ ပျော်နေကြပါတယ်။

တစ်ချိူ့ဝက်ဝံတွေကတော့ ပန်ကိတ်လိုမျိုး နှင်းပေါ်မှာ ပြန့်ကြဲနေအောင် ဆော့ကစားနေကြပါတယ်။

အပြင်မှာ မတွေ့နိုင်တဲ့ လူတ္အေတွက်ကတော့ ထိုပျော်စရာကောင်းတဲ့ မြင်ကွင်းတွေကို onlineပေါ်ကနေ ကြည့်ရှုနိုင်ပါတယ်။ ထိုတိရစ္ဆာန်ရုံမှာ 24နာရီ 7ပတ်လုံး တိရစ္ဆာန်တွေအတွက် စောင့်ကြည့်ကင်မရာတွေ ရှိပါတယ်။ အခုတောင် သူတို့ ဘာလုပ်နေလဲဆိုတာ သွာူကြည့်လို့ရပါတယ်။

ဒီ ဖန်တီးထားတဲ့ ထိုအကြောင်းအရာကို နှစ်သက်ကြပါရဲ့လား။ နောက်ထပ်ဘယ်လိုတိရစ္ဆာန်ရုံရဲ့ အကြောင်းအရာတွေကရော တိရစ္ဆာန်တွေကို ကျေနပ်နှစ်သက်စေလိမ့်မလဲဆိုတာ ကောမန့်မှာ ဖြေခဲ့ပါအုန်းနော်။ နောင်လည်း ယခုလို အကြောင်းအရာများကို ရှာဖွေတင်ဆက်ပေးသွားမှာ ဖြစ်လို့ ကျနော်တို့ရဲ့ပေ့ချ်လေးကို Like & Followပြုလုပ်ထားဖို့ မမေ့ပါနဲ့နော်

\

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ
‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *