Mon. Nov 29th, 2021

သင့်အဘိဓာန်ထဲကနေ ထုတ်ပယ်သင့်သည့် စကား(၁၀)ခွန်း

ကျွန်တော်တို့ အစောဆုံးပြောခဲ့တဲ့ ဘာသာစကားက လွန်ခဲ့တဲ့ နှစ်ပေါင်ူ 700 ခန့်က Mayan ဖြစ်တယ်လို့ သုတေသီတွေက ဆိုခဲ့ပါတယ်။သင်က အစည်းအဝေးတစ်ခုကို ဦးဆောင်ပြီး ဆောင်ရွက်နေသည့် အချိန် ဒါမှမဟုတ် ဖောက်သည်တစ်ဦးကို ကုန်ပစ္စည်းမိတ်ဆက်နေတဲ့ အချိန်မှာ သင်သုံးနှုန်းလိုက်တဲ့ စကားလုံးကြောင့် သင့်ကို အထင်အမြင်လွဲမှားစေနိုင်ပါတယ်။

အကယ်၍ သင်က အမှားတွေ မလုပ်ချင်ဘူးဆိုရင်တော့ အောက်မှာဖော်ပြပေးမဲ့ စကားလုံးတွေကို မသုံးသင့်တော့ပါဘူးနော်။

” ငါရှုပ်ထွေးနေလို့” ဒါမှမဟုတ် “ငါနားမလည်လို့”

တာဝန်အားလုံးကို တစ်ဖက်လူ‌အပေါ် အကုန်လွှဲချမည့်အစား ပူးတွဲလုပ်ဆောင်ပါ။ ” မင်းရဲ့ ထင်မြင်ချက်ကို သိအောင် ပြောပြပါအုန်း” ဆိုပြီး ပွင့်ပွင့်လင်းလင်း သုံးသင့်ပါတယ်။

(၂) ” ငါပြောချင်တဲ့အဓိပ္ပါယ်ကိုသိရဲ့လား” ဒါမှမဟုတ် ” ဒါကအဓိပ္ပါယ်ရှိတယ်လို့ထင်နေတာလား”

 

ထိုကဲ့သို့သော အမိန့်ဆန်ဆန်စကားလုံးများကို အဆက်မပြတ် ပြောဆိုမနေပါနဲ့

(၃) ” ငါထင်တယ်” ဒါမှမဟုတ် ” သူမကတူတယ်”

တူတယ် ထင်တယ်ဆိုတဲ့စကားလုံးတွေက သင့်ရဲ့ရှင်းလင်းမြင်နိုင်စွမ်းနှင့် ယုံကြည်မှုတွေကို ရှုပ်ထွေးစေတဲ့ စကားလုံးတွေဖြစ်ပါတယ်။

(၃) ” ငါထင်တယ်” ဒါမှမဟုတ် ” သူမကတူတယ်”

တူတယ် ထင်တယ်ဆိုတဲ့စကားလုံးတွေက သင့်ရဲ့ရှင်းလင်းမြင်နိုင်စွမ်းနှင့် ယုံကြည်မှုတွေကို ရှုပ်ထွေးစေတဲ့ စကားလုံးတွေဖြစ်ပါတယ်။

(၄) ” Uh , un ,ah ……. မင်းသိလား”

ထိုကဲ့သို့သော တွေဝေနေသည့်စကားလုံးများ သုံးစွဲခြင်းကို သတိထားပါ။

(၅) ” ငါအလုပ်ရှုပ်သွားလို့ပါ” ဒါမှမဟုတ် ” ငါပို့မလိုပါပဲမေ့သွားတယ်”

အဲဒါတွေက ဆွဲဆောင်မှုမရှိ‌စေပါဘူး။ အဲဒီစကားတွေအစား အဆင်မပြေဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ် မနက်ဖြန်ရအောင်လုပ်ပေးမယ်” ဆိုတဲ့ စကားလုံးတွေက ပိုသင့်လျော်ပါတယ်။

(၆) ” ကွက်ကွက်ကွင်းကွင်းတွေးပါအုံး”

မသုံးသင့်တော့တဲ့စကားလုံးတွေပါ။ ကျနော်တို့အားလုံးက Buzz word စကားစုအများစုကို ရှောင်လွဲ၍မရသော်လည်း ထိုကဲ့သို့သောစကားလုံးတွေက ငြီးငွေ့ဖို့ကောင်းပါတယ်။

(၇) “မင်းကအမြဲတမ်း……”

ယေဘုယျအားဖြင့် ထိုကဲ့သို့သောစကားလုံးတွေက သင့်ကိုအကျည်းတန်စေပါတယ်။ မရေရာမသေချာတဲ့ အပြစ်တင်စကားလုံးတွေကို ရှောင်ပါ။

(၈) ” ဒီလိုမျိုးလုပ်သင့်တယ်လို့ထင်ပါတယ်”

သင့်ကို ယုံကြည်မှုပြည့်ဝနေတဲ့ လူတစ်ယောက်အသွင် မပေါ်စေတော့ပါဘူး။ ခိုင်မာတဲ့အကြံပြုချက်တွေကို ပြောဆိုပါ။

(၉)” ဒါကိုပြောရမှာမကြိုက်ပါဘူး ဒါပေမယ့်….” ဒါမှမဟုတ် ” Johnက ကောင်းပါတယ် ‌ဒါပေမဲ့..”

ထိုကဲ့သို့ဝေဖန်မှုမျိုးကို မပြုလုပ်ပါနဲ့။ တန်ဖိုးရှိတဲ့အရာတွေကိုပဲ ပြောဆိုဆက်ဆံပါ။

(၁၀) ” တကယ်လား”

ညည်းညူသံလိုမျိုး ပုံ‌ပေါ်စေပါတယ်။ အဲဒီအစား စိတ်ဝင်တစား လိုက်ပါကြည့်ရှုပါ။

အကယ်၍ သင့်ရဲ့ဘဝမှာ ထိုကဲ့သို့သောစကားလုံးတွေ သုံးနှုန်းနေတယ်ဆိုရင် ထိုစကားလုံးတွေအစား ပိုမိုသင့်လျော်တဲ့စကားလုံးတွေကို အစားထိုးသုံးကြည့်ပါ။ ကဲ နေ့ရက်တိုင်းကို အဆင်ပြေချောချောမွေ့မွေ့နဲ့ ဖြတ်သန်းနိုင်ကြပါစေ။ နောင်လည်း ယခုလို့ဗဟုသုတရစရာများကို ရှာဖွေတင်ဆက်ပေးသွားမှာ ဖြစ်လို့ ကျနော်တို့ရဲ့oOne Daily ပေ့ချ်လေးကို Like & Followပြုလုပ်ထားဖို့ မမေ့ပါနဲ့နော်

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။ 

 

 

Leave a Reply

Your email address will not be published. Required fields are marked *