Tue. Nov 30th, 2021

တောတွင်းတိရိစ္ဆာန်လေးများနှင့်selfie ရိုက်လေ့ရှိသော ခရီးသွားဧည့်သည်တစ်ဦး၏ပုံရိပ်များ

ပျော်ရွှင်သော quakka၊ သားပိုက်ကောင် သို့မဟုတ် ချစ်စရာသမင်များဟာ ခရီးသွားဧည့်သည် Allan Dixon အတွက်ဆယ်လ်ဖီရိုက်ရန် အခွင့်အရေးရခဲ့သော တိရစ္ဆာန်အနည်းငယ်မျှသာဖြစ်ပါတယ်။ ဒီတိရိစ္ဆာန် တွေရှိရာ ကမ္ဘာတဝှမ်းကို လည်ပတ်ပြီး သူ့ရဲ့ စွန့်စားခန်းတွေကို သူ့ရဲ့ Instagram စာမျက်နှာမှာ မှတ်တမ်းတင်ထားပါတယ်။ သူ၏ follower များကလည်း တိရိစ္ဆာန်များနှင့် သူ၏ထိကပ်နေသော ဓာတ်ပုံရိုက်မှုများကို ကြည့်ရှုနေရင်း ၎င်းတို့၏ခံစားချက်များကို ထိန်းမထားနိုင် လောက်သဘောကျကြပါတယ်။

Allan ၏တိရိစ္ဆာန် selfie များဟာ လုံးဝနှစ်သက်ဖွယ်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိတိရစ္ဆာန်များကိုကူညီရန် 2022 Quokka ပြက္ခဒိန်ကိုလည်းထုတ်ပြန်ခဲ့သည်ကိုတွေ့ရှိရသည့်အတွက်ဝမ်းသာရပါတယ်။ ကျွန်ုပ်တို့နှင့်အတူ ရယ်စရာအကောင်းဆုံးရိုက်ချက်များကို သင်ကြည့်ရှုရန် အောက်တွင်ကြည့်လိုက်ပါ။

(၁) စွန်းစားခန်းခရီးစဉ်၏ မထင်မှတ်ထားသော ကနဦးအစ

လူတွေဟာ သူတို့ချစ်တဲ့အရာကို သဘာဝအတိုင်း လိုက်လုပ်‌ေလ့ရှိကြပါတယ်။ စွန့်စားမှုများနှင့် အပြင်ထွက်ခြင်းသည် Allan အတွက် ကြီးမားသော လုပ်ငန်းဖြစ်ပြီး သူငယ်စဉ်က တွင်းတူးပြီး သူ့ဥယျာဉ်ထဲမှာ ပျောက်သွားဖူးပါ‌ သေးတယ်။


သူ၏ တိရိစ္ဆာန်မီဒီယာလုပ်ငန်းကို ဩစတေးလျရှိ ပူပြင်းခြောက်သွေ့သော သဲကန္တာရတွင် စတင်လုပ်ကိုင်ခဲ့ပါတယ် ။

 

တစ် နေရာမှာတော့ ချစ်စရာ ကုလားအုတ်ကလေးတစ်ကောင်ကို သူတွေ့ခဲ့ပါတယ်။

 

 

သူတွေ့ဆုံခဲ့တဲ့ ဓာတ်ပုံတချို့ကို တင်ခဲ့ပြီး လူတွေ အတော်သဘောကျခဲ့ကြပါတယ်။ တိရိစ္ဆာန်များနှင့် တွဲလျက် ဆန်းကြယ်သောနေရာများ ပေါင်းစပ်ခြင်းဖြင့် လူများကို ဖျော်ဖြေရန်ပုံပေါက်ပြီး သူသည် ဤကဲ့သို့ လုပ်ဆောင်နေသည်မှာ ယခု ၁၀ နှစ်နီးပါးရှိနေပြီဖြစ်ပါတယ်။

(၂) ဓာတ်ပုံများရရှိရန်အတွက် သော့ချက်ဖြစ်ခဲ့သော နူးညံ့သိမ်မွေ့မှု

တိရစ္ဆာန်တွေကလည်း သူတို့ရဲ့ ကိုယ်ပိုင်နေရာမှာ သူငယ်ချင်းအသစ် ဖွဲ့တာ ဒါမှမဟုတ် သူစိမ်းတစ်ယောက်နဲ့ စကားပြော ဖို့ တွေဝေကြပါတယ်။ သူတို့နဲ့ ပထမဆုံးစတွေ့တဲ့ အချိန်မှာ သူစိမ်းတချို့ရဲ့ အကင်ထဲမှာ သင်ပါခဲ့ရင် ဘယ်လိုခံစားရမလဲ။ နောက်ပြန်ဆုတ်မယ် မဟုတ်လား တိရိစ္ဆာန်တွေမှာလည်း ဒီလိုပါပဲ။

 

Allan က သူတို့ကို နေရာလွတ်ပေးပြီး သူ့ရောက်ရှိနေတာကို ဖြည်းဖြည်းချင်း မိတ်ဆက်ပေးပါတယ်။ ထို့နောက် သူ့ကင်မရာကို အသင့်ပြင်ထားပြီး ချဉ်းကပ်ရာတွင် စိတ်ရှည်ရပါတယ်။ “နှေးကွေးပြီး ကြိုတင်ခန့်မှန်းနိုင်တဲ့ လှုပ်ရှားမှုတွေက အဓိကကျပါတယ်” ဟု ခရီးသွားက ၎င်း၏အင်တာဗျူးတွင် ပြောကြားခဲ့ပါတယ်။

(၃) မထင်မှတ်ထားသော ရယ်မောဖွယ်ရာများ

 

အယ်လန်၏မျက်နှာတွင် တစ်ချိန်က အယ်လ်ပါကာတစ်ကောင် နှာချေခဲ့ပြီး လုံးဝမထင်ထားခဲ့မိကြောင်း ဝန်ခံခဲ့ပါတယ် ။ ပရိသတ်ကို သူ့ရဲ့မက်ဆေ့ချ်ကတော့ “အယ်ပါကာတွေ တခုခု ဝါး‌နေရင်သတိထားပါ” လို့ဆိုပါတယ်။

(၄) Allen ၏ လာဘ်ကောင်

 

 

သူအချစ်ဆုံး တိရစ္ဆာန်ကတော့ Quokka လေးများပါ။ ပြုံးနေသောမျက်နှာက ချစ်စရာကောင်းပါတယ်။ ဤ selfies များသည် တိရစ္ဆာန်များ၏ စိတ်ခံစားမှုများကို ထင်ဟပ်စေပါတယ်။ တိရစ္ဆာန်များသည် လူတို့ထက်စာနာမှုနှင့် အကူအညီပိုလိုအပ်ပါတယ် ။ ထို့ကြောင့် quakka ကို ပျော်ရွှင်မှု၏ ဆောင်ပုဒ်အဖြစ် ပြုလုပ်ခြင်းဖြင့် လူများသည် တိရစ္ဆာန်အားလုံးကို ကူညီနိုင်မည်ဟု Allan ကဆိုပါတယ်။

(၅) အမှတ်တမဲ့မှ အမှတ်တရဖြစ်ခဲ့‌သော Selfie

 

ဩစတေးလျရှိ ကမ်းခြေတွင် သူတွေ့ခဲ့သော Quakka ကိုတော့အတွက် ထာဝရ သတိရနေမည်ဖြစ်ပါတယ်။ ထိုနေ့တွင် သူကိုယ်တိုင်ပင် မသိလိုက်ဘဲ ဆယ်လ်ဖီကို ရိုက်ကူးမိခဲ့ပါတယ်။ ၎င်းပုံကို တစ်ကမ္ဘာလုံးသို့ မျှဝေခဲ့ချိန်မှာ‌ တော့ Quokkas က လူကြိုက်များ ခေတ်စားခဲ့ပြီး၊ နောက်တော့ သူလဲ ရေပန်းစားလာပါတယ်။

(၆) Allen ၏ရိုးရှင်းမြင့်မြတ်သောရည်ရွယ်ချက်

 

သူက တိရိစ္ဆာန် များနှင့် selfie ရိုက်ခြင်းဖြင့် တိရစ္ဆာန်များအတွက် အကူအညီ အသိပညာပေးလိုတာပါ။ သူက ကမ္ဘာပေါ်ရှိ ထိခိုက်လွယ်ဆုံးသတ္တဝါများအတွက် ရန်ပုံငွေရှာဖွေရန် ရည်ရွယ်သည့် 2020 ခုနှစ်အတွက် Quokka ပြက္ခဒိန်ကို ထုတ်ပြန်ခဲ့ပါတယ် ။ ကျွန်ုပ်တို့သည် တိရစ္ဆာန်များအတွက် အသံဖြစ်သည်ကို လူတို့အား သတိရစေလိုပါတယ် ။

 

ထို့အပြင် ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့နှင့်နီးစပ်သောတိရစ္ဆာန်များကို ကူညီရန် ကျွန်ုပ်တို့၏အချိန်အချို့ကို ပေးစွမ်းနိုင်မည်ဟု မျှော်လင့်ပါတယ်။ ယင်းကြောင့် သူသည် တိရစ္ဆာန်ဂေဟာများတွင် စေတနာ့ဝန်ထမ်းလုပ်ခြင်း သို့မဟုတ် ဒေသအတွင်း တောရိုင်းတိရစ္ဆာန်များ နေထိုင်ရာနေရာများကို ကာကွယ်ထိန်းသိမ်းရန် သို့မဟုတ် ပြန်လည်တည်ဆောက်ရန် ကူညီပေးခြင်းတို့ကို လုပ်လေ့ရှိပါတယ်။

ယခုဖော်ပြခဲ့တဲ့ထဲက သင့်တစ်နေ့တာ၏ အပြုံးတစ်ခုကို ဖြစ်စေခဲ့သည့် ဓာတ်ပုံကား အဘယ်ပုံနည်း။

 

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။ 

 

Leave a Reply

Your email address will not be published. Required fields are marked *