Mon. Dec 6th, 2021

အရွယ်မတိုင်ခင် အရေပြားအိုမင်းပျက်စီးခြင်း၏ လက္ခဏာ (၈) ချက်

ကျွန်ုပ်တို့၏အရေပြားဟာ အချိန်ကြာလာသည်နှင့်အမျှ အိုမင်းလာမည်ဟူသော အမှန်တရားကို ကျွန်ုပ်တို့လက်ခံသော်လည်း အသက်နှစ်ဆယ်ကျော်ကာလအတွင်း အရေပြားအိုမင်းခြင်း၏ လက္ခဏာများ ပေါ်လာနိုင်ချေရှိပါတယ်။ ဤရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုအများစုသည် အန္တရာယ်မရှိသော်လည်း ကျွန်ုပ်တို့အား စိတ်မသက်မသာဖြစ်စေနိုင်ပြီး ကျွန်ုပ်တို့၏ ကိုယ်ပိုင်ယုံကြည်မှုကိုပင် ထိခိုက်စေနိုင်ပါတယ် ။ အိုမင်းခြင်း၏ အစောပိုင်းလက္ခဏာများကို တွေ့ရှိသည်နှင့် ကျွန်ုပ်တို့၏ နေထိုင်မှုပုံစံနှင့် အလေ့အထများကို ပြောင်းလဲခြင်းက ကျွန်ုပ်တို့၏ နုပျိုသောအသွင်အပြင်ကို ကြာရှည်ခံစားနိုင်မည်ဖြစ်ပါတယ်။

သင့်အသားအရေကို ကျန်းမာစေကာ စောစီးစွာအိုမင်းခြင်းရှိမရှိကို သိရှိရန် သတိထားရမည့်အရာများကို ဖော်ပြလိုပါတယ်။

(၁) ကြာဆူးသဖွယ်အဖုလေးများထွက်လာခြင်း

အဆိုပါ အဖုသေးသေးလေးများကို milia ဟုခေါ်ပြီး နှာခေါင်းနှင့် ပါးတစ်ဝိုက်မှ အဖြူရောင်အဖုသေးသေးလေးများဖြစ်ပါတယ်။ ကျွန်ုပ်တို့၏အရေပြားများ အရေခွံလဲလှယ်နိုင်စွမ်းမရှိတော့သည့်အခါ ဖြစ်လာလေ့ရှိပါတယ်။steroid cream ကဲ့သို့သော ထုတ်ကုန်များကို အလွန်အကျွံအသုံးပြုခြင်းသည် ကျွန်ုပ်တို့၏အသားအရေကို အရွယ်ရင့်မြန်စေပြီး milia ကိုဖြစ်စေပါတယ်။

(၂) နုတ်ခမ်းပါးလာခြင်း

အသက်နှစ်ဆယ်ကျော်တွင် သင့်နှုတ်ခမ်းပါးလွှာလာသည်ကို သတိပြုမိပါက ပုံမှန်ထက် ပိုမိုလျင်မြန်စွာ အိုမင်းရင့်ရော်သွားခြင်း ဖြစ်နိုင်ပါတယ် ။ အဓိကအကြောင်းအရင်းမှာ သင့်နှုတ်ခမ်းရှိ ကော်လာဂျင် ကျဆင်းခြင်း ဖြစ်နိုင်ပြီး ရေဓာတ်ခန်းခြောက်ခြင်း ၊ နေရောင်လွန်ကဲစွာ ထိတွေ့ခြင်းနှင့် ဗီတာမင်စီ ချို့တဲ့ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

(၃) အရေပြားပျက်စီးလွယ်ခြင်း

ကျွန်ုပ်တို့၏ အရေပြား၌ ဒဏ်ရာများရရှိပါက ကျွန်ုပ်တို့ထင်သည်ထက် ပိုမိုအိုမင်းရင့်ရော်လာနိုင်ပါတယ် ။ ကျွန်ုပ်တို့၏အရေပြားသည် ပုံမှန်ထက် ပိုမိုပါးလွှာလာပြီး ပွန်းပဲ့ခြင်းများနှင့် ဒဏ်ရာအနာကျက်မှု နှေးကွေးခြင်းတို့ဖြစ်နိုင်သောကြောင့် ထိုသို့ဖြစ်ရခြင်းဖြစ်ပါတယ် ။ အရေပြားကို မကြာခဏ အစိုဓာတ်ထိန်းပေးခြင်းဖြင့်ကာကွယ်ပေးနိုင်ပါတယ်။

(၄) အရေပြားတွန့်လာခြင်း

နေရောင်ခြည်ခံခရင်မ် မပါဘဲ နေရောင်ကို ကြာရှည်စွာ ထိတွေ့ခြင်းက အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ကျွန်ုပ်တို့၏အရေပြားကို ဆန့်ပြီး‌နောက် ပုံမှန်အနေအထားသို့ ပြန်ဖြစ်သွားစေနိုင်သည့် elastin ပျက်စီးသွားခြင်းကြောင့်ဖြစ်ပါတယ်။ မသန့်ရှင်းသည့် အိပ်ရာများကို အသုံးပြုသူများသည်လည်း ဖြစ်ပွားနိုင်ခြေ ပိုများပါတယ်

(၅) မျက်ခွံများယိုယွင်းလာခြင်း

သင့်မျက်ခွံအ‌ရေပြားများ ယိုယွင်းလာသည်ကို သတိပြုမိပါက မျက်လုံးများကို ပုံမှန်ထက်ပို၍ပွတ်ခြင်းကို ရပ်ရန် လိုအပ်ပါပြီ ။ ptosis ဟုလည်း လူသိများသော မျက်ခွံတွဲကျခြင်းများသည် တင်းကျပ်သော မျက်ကပ်မှန်များကို မကြာခဏ အသုံးပြုခြင်းဖြင့်လည်း ဖြစ်ပွားနိုင်သည် သို့မဟုတ် မျက်စိခွဲစိတ်မှု၏ အကျိုးသက်ရောက်မှုလည်း ဖြစ်နိုင်ပါတယ်။

(၆) နှာခေါင်းထိပ်ပုံသဏ္ဍာန်ပြောင်းလဲခြင်း

လူအများစုအတွက် အသက်လေးဆယ်ကျော်တွင် သဘာဝအတိုင်း နှာခေါင်းပုံသဏ္ဍာန်ပြောင်းလဲမှု ဖြစ်ပေါ်ပါတယ်။ ကံမကောင်းစွာပဲ၊ နေရောင်၏အန္တရာယ်ရှိသောအကျိုးသက်ရောက်မှုများကြောင့် စောစီးစွာဖြစ်ပေါ်နိုင်ပါတယ် ။ သို့သော် ခေတ်သစ် ရိုးတွင်းခွဲစိတ်မှုလုပ်ထုံးလုပ်နည်းများ ထိုးဖောက်ဝင်ရောက်လာပြီး သဘာဝရလဒ်များအတိုင်းဖြစ်စေနိုင်ပါတယ်။

(၇) အနီရောင်အစက်အပြောက်များ

အဆိုပါ မှဲ့နီများကို Cherry angiomas ဟုလည်း လူသိများပြီး အသက် 40 ကျော်သူများတွင် အဖြစ်များပြီး အသက် 30 နှစ်အထက် လူများတွင် လည်း တွေ့ရလေ့ရှိပါတယ် ။ ဤအနီကွက်များဟာ အန္တရာယ်မရှိသော်လည်း လေဆာခွဲစိတ်ခြင်းများဖြင့် ၎င်းတို့ကို ဖယ်ရှားနိုင်ပါတယ်။

(၈) နီရဲသောမျက်ခွံများ

အရေပြားအိုမင်းခြင်း၏ လက္ခဏာတစ်ခုအဖြစ်မဟုတ်ဘဲ အသက်နှစ်ဆယ်ကျော်မှစတင်သည့် ပုံမှန်ဖြစ်ရပ်တစ်ခုအဖြစ် မကြာခဏဆိုသလို တွေ့ရတတ်ပါတယ်။ အိပ်ရေးမဝခြင်းမှလွဲ၍ မျက်လုံးနီရဲခြင်း၏နောက်ထပ်အကြောင်းရင်းမှာ ကျွန်ုပ်တို့၏မျက်လုံးတစ်ဝိုက်တွင် အရည်များစုနေခြင်းဖြစ်သည်။ လျော့သွားအောင်ပြုလုပ်ရန်နည်းလမ်းများထဲမှတစ်ခုမှာ မျက်လုံးဧရိယာအတွင်း ရေသိုလှောင်မှုကို တားဆီးရန်အတွက် ကျွန်ုပ်တို့၏အစားအစာမှငန်သောအစားအစာများကို ရှောင်ခြင်းဖြစ်ပါတယ်။

သင့်မျက်နှာတွင်ရော မည်သည့်အရာများကို သင်သတိပြုမိသလဲ။ သင့်အသားအရေ အိုမင်းရင့်ရော်မှုကို တားဆီးရန် သင်ဘာတွေလုပ်လေ့ရှိပါသလဲ

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။ 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *