Mon. Dec 6th, 2021

ခေတ်ရေစီးကြောင်းနှင့်ပေါ်ပင်များအကြား ကုမ္ပဏီ၏လုပ်ငန်းစဉ်များကို ထိန်းသိမ်းနည်း

(၁) အာရုံစူးစိုက်ပါ

 

ရေရှည် ကြံ့ကြံ့ခံနိုင်ရည်ရှိခြင်းဖြင့် ကျွန်ုပ်တို့လုပ်ဆောင်သည့်အရာများအတွက် အကျိုးခံစားရမည်ကို ယုံကြည်ပါတယ်။ နှစ်ဦးနှစ်ဖက်အကျိုးရှိစေရန် အာရုံစူးစိုက်ခြင်းဟာ လက်ရှိခေတ်ရေစီးကြောင်းကိုလိုက်ခြင်း၏ ဘေးထွက်ဆိုးကျိုးများကို ရှောင်ရှားရန် ကူညီပေးပါလိမ့်မယ်
—Nancy Ganz, author, mediator and negotiator

(၂) အတွေးအမြင်သစ်များကို အချိန်ယူလေ့လာဆုံးဖြတ်ပါ

တောက်ပြောင်စ လုပ်ငန်းသစ်အတွက် ပြိုလဲရန်မှာ အမှန်တကယ်ပင် လွယ်ကူပါတယ် ၊ ထို့ကြောင့် အဓိကရည်မှန်းချက်များကို သေချာပိုင်းခြားတတ်ရန် အရေးကြီးပါတယ်။ ၎င်းတို့သည် သင့်ကုမ္ပဏီ၏ တိုးတက်မှု၊ အဓွန့်ရှည်မှုနှင့် ရည်မှန်းချက်ကို ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်နိုင်သည်ကို သတိရှိပါ။
—Marisa Polvino, co-founder and producer at Straight Up Impact

(၃) ရိုးသားဖြောင့်မတ်ပါ

ကုမ္ပဏီကို မှန်ကန်သော လမ်းညွှန်မူ ၊ ယုံကြည်ချက်များဖြင့် စတင်ခဲ့ရပါတယ် ။ သင့်ကုမ္ပဏီ၏ လုပ်ငန်းကို ရှေ့တန်းမှ ထူထောင်ရန် အရေးကြီးပြီး သင့်ထုတ်ကုန် သို့မဟုတ် အမှတ်တံဆိပ်၏ အရည်အသွေး သို့မဟုတ် ဂုဏ်သိက္ခာကို အလျှော့မပေးဘဲ သစ္စာရှိရှိနေရန် အရေးကြီးပါတယ်။
—Olivia Landau, founder and CEO of The Clear Cut

(၄) ရည်မှန်းချက်ကိုမမေ့ပါနဲ့

ငါ့ရည်ရွယ်ချက်က ဘာလဲ၊ ငါ့ကုမ္ပဏီကို စတင်ဖို့ ဘယ်အရာက တွန်းအားပေးခဲ့တာလဲလို့ ကိုယ့်ကိုယ်ကို အမြဲမေးပါ ။ တစ်ခါတရံမှာ ဆွဲဆောင်မှုရှိတယ်လို့ ထင်ရတဲ့ အခြားအရာတွေ ပေါ်လာတတ်ပေမယ့် နောက်ဆုတ်ပြီး သင့်ထုတ်ကုန်အမှတ်တံဆိပ်အတွက် သင့်လျော်မှု မရှိဘူးဆိုတာ သိထားဖို့ လိုပါတယ်။
—Ann McFerran, founder and CEO of Glamnetic

(၅) အဆင့်အတန်းတစ်ခုကို တည်ဆောက်ပါ

စာဖြင့်ရေးသားထားသော လုပ်ငန်းစဉ် plan သည် ကုမ္ပဏီတစ်ခု၏ ခံနိုင်ရည်နှင့် တိုးတက်မှုအတွက် အရေးကြီးပါတယ်။ ပင်မအဖွဲ့အတွင်း အကောင်အထည်ဖော်သည့်အခါသာမက တစ်စိတ်တစ်ပိုင်းအနေဖြင့် သုံးစွဲသူများနှင့် ဆက်သွယ်သည့်အခါတွင်လည်း ၎င်းဟာ သံလိုက်အိမ်မြှောင်အဖြစ် ဆောင်ရွက်ပါလိမ့်မယ်။
—Gilad Shamri, CEO and founder of GrowthArtists.com

(၆) ရည်မှန်းချက်ချက်နောက်ကိုလိုက်ပါ

သင့်ရဲ့ ပင်ကိုယ်တန်ဖိုးကို ဂရုစိုက်ပြီး ပန်းတိုင်ကို လှမ်းပါ။ သင့် target က ဘာလဲဆိုတာကို သိခြင်းက သင့်ပတ်ဝန်းကျင်လမ်းကြောင်းအမျိုးမျိုးကို ရောက်သွားတဲ့အခါ သင့်ကို လမ်းကြောင်းမှန်ပေါ်ရောက်စေပါလိမ့်မယ်။
—Rachel Lipson, CEO and founder of Blue Balloon Songwriting for Small People

(၇) အကြောင်းအရင်းကိုအမြဲတွေးပါ

ခေတ်ရေစီးကြောင်းများသာ ပြောင်းလဲလာလျက်ရှိပါတယ်။ သင့်ရဲ့ လုပ်ငန်းစဉ်ကို သစ္စာရှိရှိ နက်နက်ရှိုင်းရှိုင်း တွေးပြီး “ငါတို့ဘာအတွက်လုပ်ရမှာလဲ” လို့ မေးပြီး ခိုင်ခိုင်မာမာရှေ့ဆက်ပါ။
—Maria Thimothy, consultant with OneIMS

(၈) အဓိကလမ်းစဉ်ကို မသွေဖယ်ပါနဲ့

ကျွန်ုပ်တို့သည် စက်မှုလုပ်ငန်း၏ပြောင်းလဲမှုများကို လိုက်လျောညီထွေရှိပြီး ကျွန်ုပ်တို့၏လုပ်ငန်းများလည်း အမြဲပြောင်းလဲနေသော်လည်း ကျွန်ုပ်တို့၏အဓိကမူများသည် အမြဲရှိနေရပါမယ်။

—Parisa Fowles-Pazdro, CEO and founder of maxbone

(၉) ငြင်းဆန်တတ်ရန်လေ့ကျင့်ယူပါ

Yes ထက် No လို့ပြောတတ်အောင် လေ့ကျင့်ပါ။ကောင်းမွန်တဲ့ အိုင်ဒီယာအသစ်တွေ၊ ထုတ်ကုန်အယူအဆအသစ်တွေနဲ့ လူမှုရေးနဲ့ စျေးကွက်ရှာဖွေရေး ပလက်ဖောင်းအသစ်တွေ အမြဲရှိနေမှာပါ။ မကြာခဏ အားနာအလျှော့ပေး လက်ခံပြီး Yes ချည်းပဲ ပြောရင် သင့်ရဲ့တာဝန်ကို မျက်ကွယ်ပြုခံလာရပြီး ကိုယ့်ကိုကိုယ် ပျောက်ဆုံးသွားနိုင်ပါတယ်

Source sucess.com

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။ 

 

Leave a Reply

Your email address will not be published. Required fields are marked *