Mon. Nov 29th, 2021

မြင်မြင်ချင်းလေးစားခံရပြီး လူမှုဆက်ဆံရေးများကို ပိုမိုနက်ရှိုင်းစေမည့် နည်းလမ်း 6 ခု

ကျွန်ုပ်တို့ အားလုံးကြားဖူးပြီးသော ပုံပြင်တစ်ပုဒ်ရှိပါတယ်။သားအဖနှစ်ဦးတို့ဟာ မြည်းတစ်ကောင်ကို ရောင်းရန် ထွက်လာကြစဉ် လမ်းမှာ မိန်းကလေးတစ်စုက မြည်းရှိရက်နဲ့ လမ်းလျှောက်နေကြသော သားအဖကို လှောင်ရယ်ကြပါတော့တယ်။ဒါနဲ့ ဖခင်ဖြစ်သူက သူ့သားကို မြည်းပေါ် တင်လိုက်ပါတယ်။

ထို့နောက် လမ်းတစ်လျှောက်တွင် လူတချို့က သူ့သားငယ်အစား သက်ကြီးရွယ်အိုဖခင်ဖြစ်သူကို စီးနင်းခွင့်ပြုသင့်‌ကြောင်း ဆူပူကြိမ်းမောင်းကြပြန်ပါတယ်။ ဒါနဲ့ ဖခင်ဖြစ်သူက စီးပြန်ပါတယ် ။ ထို့နောက်တော့ မြည်းကိုရောင်းချင်ရင် လမ်းမလျှောက်ခိုင်းသင့်ကြောင်း ပင်ပန်းပြီး တန်ဖိုးကျစေမယ်ပြောကြတဲ့ ခရီးသွားတချို့နဲ့ ကြုံရပြန်ပါတယ်။ ဒါနဲ့ သူတို့ဟာ မြည်းခြေထောက်တွေကို တိုင်မှာချည်ပြီး သယ်သွားပြန်ပါတယ်။

မြို့တစ်မြို့အရောက်မှာတော့ သားအဖနှစ်ဦးနှင့်မြည်းတို့ကို ပတ်ဝန်းကျင်မှ ရယ်မောကြပြန်ပါတယ်။ ထိုအခါ မြည်းမှာ ထိတ်လန့်ကာ ရုန်းကန်ထွက်ပြေးသွားပါတော့တယ်။ သားအဖနှစ်ဦးလည်း ဘာအကျိုးအမြတ်မှ မရတဲ့အပြင် ရှိထားသည့်မြည်းကိုပါ ဆုံးရှုံးလိုက်ရပါပီး လက်ဗလာနဲ့ ပြန်ခဲ့ရပါတော့တယ်။ထို့ကြောင့် သင်ခန်းစာယူရမည်ကတော့ အခြားသူများ၏ စိတ်သဘောကျမှုကိုသာ ဂရုပြုနေမယ်ဆို မိမိအတွက် ဘာအကျိုးအမြတ်မှ မရရှိနိုင်ကြောင်းကို သတိပြုရပါမယ်။

ကျွန်ုပ်တို့သာ မကြာခဏဆိုသလို လူများနှင့် ချိတ်ဆက်ရန် ကြိုးစားကြပြီး ၎င်းတို့ထံမှ အထင်ကြီးမှုကိုရရန် အတတ်နိုင်ဆုံး ကြိုးစားမိကြပါတယ်။၎င်းသည် မှန်ကန်သော ချဉ်းကပ်မှုမဟုတ်ပါဘူး။ ကောင်းမွန်တဲ့ စိတ်ခံစားမှုတစ်ခုဟာ ဆက်ဆံရေးတစ်ခုအတွက် အစပြုမှုတစ်ခုဖြစ်သော်လည်း အဓိပ္ပာယ်ပြည့်ဝသောဆက်ဆံရေးကို တည်ဆောက်ရာတွင် အခြားသောပါဝင်ပတ်သက်မှုများစွာရှိပါတယ်။ ကိုယ်ပိုင်အတွေ့အကြုံများ၊ အင်တာဗျူးများနှင့် ကမ္ဘာပေါ်ရှိ အအောင်မြင်ဆုံးလူအချို့ကို လေ့လာခြင်းအပေါ် အခြေခံ၍ ရေရှည်လက်တွဲဖော်အထိ အောင်မြင်သောဆက်ဆံရေးကို ဖန်တီးရန် အရေးကြီးသော သော့ချက် အဆင့်(၆) ဆင့်ကို ဖော်ပြထားပါတယ်

(၁) စိတ်ရင်းမှန်ဖြင့်ဆက်ဆံမှု

အထင်ကြီးခံရမှုတစ်ခု၏ အစတင်မည့်နေရာဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ထံမှ ထွက်ခွာချိန်မှာ သင့်ကို လိုအပ်သလိုခံစားချက် ဒါမှမဟုတ် သင့်ကို ထပ်မတွေ့ချင်သလို ခံစားရစေမယ့် ခံစားချက်မျိုး (၂) မျိုးလုံးကို ပေးထားခဲ့နိုင်ပါတယ်။

(၂) အားနည်းချက်ကို မရှက်ရွံပါနဲ့

အားနည်းချက်က လူတွေကို ပိုနက်ရှိုင်းအောင် ချိတ်ဆက်နိုင်စေတဲ့အတွက် နှစ်ဦးနှစ်ဘက်လုံးက ဖုံးကွယ်စရာမရှိတာကို စတင်သိမြင်လာတဲ့အခါ ခိုင်မာတဲ့ယုံကြည်မှု တိုးလာပါတယ်။ အားနည်းချက်သည် မည်သည့်ဆက်ဆံရေးတွင်မဆို ခွန်အားတစ်ခုဖြစ်ပါတယ်။

(၃) ကိုယ်ချင်းစာစိတ်ထားပါ

သင်အမှန်တကယ် ပွင့်ပွင့်လင်းလင်းလူတွေကို ဂရုစိုက်ပေးတဲ့အခါ သူတို့ကို နားလည်လာပါလိမ့်မယ်။ သင့်စေတနာကို လူအများက ခံစားသိရှိနိုင်ပြီး၊ ပိုမိုနက်ရှိုင်းသော ဆက်သွယ်မှုတစ်ခု ဖြစ်ပေါ်လာပါလိမ့်မယ်။

(၄) မိမိကိုယ်ကိုယ် တန်ဖိုးထားခြင်း

လွန်ခဲ့သည့် 15 နှစ်အတွင်း ကျွန်တော်လုပ်ဆောင်ခဲ့သော အရာများစွာဟာ ကောင်းမှုတစ်ခုအဖြစ် ကူညီရန်သာဖြစ်ပါတယ်။ ဘာကိုမှ မမျှော်လင့်ဘဲ များများ ကောင်းပေးခြင်းဖြင့်ပတ်ဝန်းကျင်ရှိလူများကို ပံ့ပိုးပေးရမည်လို့‌ တွေးခဲ့ပါတယ်။ ထိုအခါ သူတို့ရဲ့ဘဝနဲ့ လုပ်ငန်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ သင့်ကို သူတို့မြင်လာပါလိမ့်မယ်။

(၅) ကျေးဇူးသိတတ်ပါ

သင့်ရဲ့ တိုးတက်မှုနဲ့ ဘဝအတွက် အထောက်အကူဖြစ်ဖို့ တစ်ဖက်လူက ခံစားခွင့်ပေးလိုက်တာက သင်တို့ရဲ့ ဆက်ဆံရေးကို ပိုခိုင်မာလာစေပါတယ်။ ခိုင်မာသောဆက်ဆံရေးတစ်ခုတွင် တန်ဖိုးထားခံရကြောင်း တစ်ဖက်လူအား အသိအမှတ်ပြုလက်ခံခြင်းလည်း ပါဝင်ကြောင်း ဘယ်တော့မှ မမေ့ပါနှင့်။

(၆) စိတ်ရှည်လက်ရှည်ကြိုးစားပါ

အထက်ဖော်ပြပါအရာများကို သင်ပိုလုပ်ပြလေ၊ လူများနှင့်စီးပွားရေးလုပ်ငန်းများ ပိုချိတ်ဆက်နိုင်လေလေဖြစ်ပါတယ်။ တိုတောင်းသော လုပ်ငန်းစဉ်မဟုတ်ပဲ ရေရှည်ကြိုးစားရတာကြောင့် အချို့သောလူများဟာ ခိုင်မာသောဆက်ဆံရေးကို မတည်ဆောက်နိုင်ကြပါဘူး။

ဘဝတွင် အံ့သြဖွယ်ကောင်းသောဆက်ဆံရေးများတည်ဆောက်ရန် တိကျသောခြေလှမ်းများကိုအသုံးပြုပြီး မိသားစုအတွင်းဖြစ်‌စေ ၊ ဝန်ထမ်းများနှင့် ပရော်ဖက်ရှင်နယ်ကွန်ရက်အကြားဖြစ်စေ ၊ လူမှုရေးသြဇာလွှမ်းမိုးသူအဖြစ် ကြိုးစားရပါတယ်။

နေ့တိုင်း ကိုယ့်ကိုကိုယ်မေးရပါမယ် ။ ငါ့ပတ်ဝန်းကျင်ကသူတွေကို ငါဘယ်လိုကူညီရမလဲ။ ဤသိူ့ဖြင့် သင်ဟာ မသိစိတ်ကနေပင် ခိုင်မာပြီး ရည်ရွယ်ချက်ပြည့်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ပါလိမ့်မယ်

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။ 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *