လူပြန်ဝင်စားခဲ့သည့် “Game of Thrones” မှ အံ့အားသင့်ဖွယ် သမိုင်းဝင်ပုံရိပ် (၁၀) ခု
Game of Thrones အကြောင်းကို အကုန်သိတယ်လို့ သင်ထင်ကောင်းထင်နိုင်ပေမယ့် သင့်ကို အံ့အားသင့်စေမယ့် အချက်အလက်အချို့ရှိပါတယ်။ ပရိသတ်များ အတွက် ထိုစီးရီး၏ ဇာတ်ကောင်များနှင့် တကယ့်လက်တွေ့ဘဝ သမိုင်းပုံရိပ်များအကြား ဆင်တူပုံအချို့ကို တွေ့ရှိထားပါတယ်။
(၁၀) Jon Snow နှင့် William the Conqueror
\
သူတို့နှစ်ဦးစလုံးသည် အထင်ကြီးလောက်စရာတိုက်ခိုက်ရေးသမား ခေါင်းဆောင်များဖြစ်ပါတယ်။ Ned Stark ၏ နော်မန်ဒီမြို့စား ဝီလျံသည် ၁၀၆၆ ခုနှစ်တွင် အင်္ဂလန်ကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး ဘုရင်ဖြစ်လာသည့် လူယုတ်မာတစ်ဦးလည်း ဖြစ်ပါတယ်။
(၉) Tyrion Lannister နှင့် Richard III
၎င်းတို့နှစ်ဦးစလုံးသည် မသန်စွမ်းသူများအဖြစ် မွေးဖွားလာခဲ့ကြပြီး ၎င်းတို့ကို လူများက နှိမ့်ချကာ ၎င်းတို့၏ ရန်သူများက ၎င်းတို့အား အထင်သေးခဲ့ပါတယ် ။ သို့သော် ဤအချက်ကိုကြားမှ နှစ်ဦးစလုံးသည် အရည်အချင်းရှိသော သူများဖြစ်လာစေခဲ့ပါတယ်။
(၈) Margaery Tyrell နှင့် Anne Boleyn
စီးရီးထဲမှာ မတွေ့ဖူးပေမယ့် စာအုပ်အရ ဘုရင်ရောဘတ် မကွယ်လွန်ခင်မှာ သူ့ညီ Renly နဲ့ သူ့ချစ်သူ Loras Tyrell တို့နဲ့အတူ Margaery Tyrell ကို Cersei Lannister ရဲ့ မိဖုရားအဖြစ် အစားထိုးဖို့ အစီအစဉ်ရှိခဲ့ပါတယ်။ Anne Boleyn သည် အိမ်ထောင်ရှင်ဘုရင်ကို ကိုနောက်လိုက်လုပ်ပြီး သြဇာကြီးမား မြင့်မြတ်သောမိသားစုမှ ၎င်း၏ ယခင်ဇနီးနှင့် ကာလကြာရှည်စွာ နိုင်ငံရေးပဋိပက္ခတွင် ပါဝင်ခဲ့ပါတယ်။
(၇) Joffrey Baratheon နှင့် Eustace IV of Boulogne
ရက်စက်ကြမ်းကြုတ်သော ဘုရင်ကြီး ဂျော်ဖရီ (Joffrey) သည် သူ၏မင်္ဂလာပွဲ၌ အဆိပ်ခတ်ခံခဲ့ရပါတယ်။ Boulogne ၏ Eustace IV သည် လူကြိုက်များခြင်းမရှိပေ။ သူသည် လူဆိုးတစ်ဦးဖြစ်ပြီး ကောင်းကျိုးထက် ဆိုးကျိုးကို ပြုခဲ့ပါတယ်ပြီး ပွဲတော်တစ်ခုမှာထူးထူးခြားခြား သေဆုံးသွားပါတယ်။
(၆) Cersei Lannister နှင့် Catherine the Great
Cersei သည် သူမ၏ခင်ပွန်းကို သတ်ပစ်ခဲ့ပြီး နောက် နိုင်ငံရေးအကြံအစည်များစွာဖြင့် မိဖုရားဖြစ်လာခဲ့ပါတယ်။ Catherine သည် Prussian မင်းသမီးဖြစ်ပါတယ်။ သူမသည် ဖြုတ်ချခံခဲ့ရသော ရုရှားဘုရင် Peter III နှင့် လက်ထပ်ခဲ့ပြီးနောက်တွင် ကက်သရင်းသည် ရုရှားနိုင်ငံ၏ ဧကရီအဖြစ် တာဝန်ယူခဲ့ပြီး သူမ၏ခင်ပွန်းကို ထောက်ခံသူ တစ်ဦးမှ သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။
(၅) Brienne of Tarth နှင့် Joan of Arc
သန်မာပြီး ရဲရင့်တဲ့ အမျိုးသမီး ၂ ယောက်ဖြစ်တဲ့ Tarth of Maid နဲ့ Joan of Arc တို့ကို The Maid အဖြစ် ရည်ညွှန်းကြပါတယ်။ အမျိုးသားအဝတ်အစားများ ဝတ်ဆင်ကြပြီး ချပ်ဝတ်တန်ဆာနှင့် ဓားရှည်များကို နှစ်သက်ကြပါတယ်။ အမျိုးသမီးနှစ်ဦးစလုံးသည် အစွဲအလမ်းကြီးစွာ သစ္စာရှိကြပြီး ၎င်းတို့သစ္စာစောင့်သိရသူအတွက် အသက်စွန့်ရန် အဆင်သင့်ဖြစ်ခဲ့ကြပါတယ်
(၄) Daenerys Targaryen နှင့် Henry Tudor
အံ့သြစရာအကောင်းဆုံးပြိုင်ဆိုင်မှုတစ်ခုဖြစ်ပါတယ်။ နဂါးများ၏မိခင် Daenerys သည် ပြည်နှင်ဒဏ်ခံရသော သူမ၏အိမ်တွင် နောက်ဆုံးကျန်ရစ်သူဖြစ်ပါတယ်။ Henry Tudor သည် Wars of the Roses တွင် ထီးနန်းရရှိရန် တောင်းဆိုမှုဖြင့် Lancastrian မိသားစု၏ နောက်ဆုံးကျန်ရစ်သူဖြစ်ပါတယ်။ အသက် 14 နှစ်အရွယ်တွင် Brittany သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၎င်း၏အဖွဲ့တွင် အနီရောင်နဂါးတစ်ကောင်ရှိပါတယ်။
(၃) မျိုးနွယ်ဝင်များ – Dothraki နှင့် Mongols
နှစ်ဦးလုံးဟာ nomandic မျိုးနွယ်များ ဖြစ်ကြပြီး Dothraki ကို ခေါင်းဆောင်များဖြစ်သည့် Khals မှ ဦးဆောင်ပါတယ်။၁၃ ရာစုအတွင်း ဗဟိုအာရှကို လုယူခဲ့သော မွန်ဂိုများကို ၎င်းတို့၏ခေါင်းဆောင်များဖြစ်သည့် Khans မှ ဦးဆောင်ခဲ့ပါတယ်။
(၂) တည်နေရာ -The Wall and Hadrian’s Wall
လူတွေနဲ့ White Walkers တွေကို ပိုင်းခြားထားတဲ့ Game of Thronesမှ တံတိုင်းဟာ ယူကေမြေပုံပေါ်က Hadrian’s Wall ရှိတဲ့ Westeros မြေပုံနဲ့ အတူတူပါပဲ။ Hadrian’s Wall သည် ရောမများကို စကော့တလန် လူရိုင်းများနှင့် ပိုင်းခြားထားပါတယ်။ သို့သော်၊ Hadrian ၏တံတိုင်းသည် အထင်ကြီးလောက်စရာမဟုတ်ပေ၊ ၎င်း၏အမြင့်မှာ 3 မှ 6 မီတာ (10 ပေမှ 20 ပေ) ရှိပါတယ်။
(၁) ဇာတ်ကွက် -The Starks & Lannisters and the Yorks & Lancasters
Game of Thrones သည် အင်္ဂလန်ထီးနန်းကို အုပ်စိုးသည့် 15 ရာစုက Wars of the Roses နှင့် အလွန်ဆင်တူပါတယ်။ ဤစစ်ပွဲများတွင် တိုက်ပွဲဝင်သည်မှာ House of York နှင့် House of Lancaster တို့ဖြစ်ပြီး သူတို့နာမည်တွေဟာ ကြားဖူးပြီးသားဖြစ်ပါတယ်။
Bonus – Westeros မြေပုံ နှင့် Britain and Ireland မြေပုံ
ဤမြေပုံများဟာ ထပ်တူကျနေသောကြောင့် ဝတ္ထုဟာ လက်တွေ့ဘဝမှ ပုံဖော်ထားခြင်းမဟုတ်ကြောင်း ယုံရခက်ပါတယ်။
Source Brightside
Written One Daily Media