Mon. Dec 6th, 2021

အပြင်မသွားမှီ ခွေးလေးများကို နုတ်ဆက် ပွတ်သပ်ပေးခြင်း၏ အရေးပါပုံ

ခွေးလေးများအား ပွတ်သပ်‌ပေးရတာကို မကြိုက်တဲ့သူရှားပါလိမ့်မယ်။သူတို့ဟာ ပျော်ရွှင်မှုများစွာကို ယူဆောင်လာပြီး စိတ်ဖိစီးမှုကိုတောင် လျှော့ချပေးပါတယ်။ ဒါပေမယ့် ကျွန်ုပ်တို့၏မေတ္တာနှင့် ချစ်ခင်မှုကို ပြသရန်သာ မကပဲ ၎င်းတို့အထီးကျန်မနေ စေရန်မှာလဲ ကျွန်ုပ်တို့ရဲ့ခွေးတွေအတွက်အရေးကြီးပါတယ်။

ခွေးများတွင်လည်း စိတ်နုနယ်သော အခါရှိပါတယ်။ သူတို့ကိုမဖက်ဘဲ ဖြတ် လျှောက်သွားလို့မရပါဘူး၊ ဘာကြောင့်လဲဆိုတာ ပြောပြပါမယ်။

– နုတ်ဆက်ခြင်းဟာ ခက်ခဲပါတယ်

သင့်ရဲ့ခွေးလေးကို တစ်ယောက်တည်းထားခဲ့တာဟာ သူတို့ကို ပျော်ရွှင်‌စေမှာမဟုတ်ဘူးဆိုတာ သင် သေချာပေါက်သိသင့်ပါတယ်။ သင်ဘယ်ကိုသွားတယ်ဆိုတာ နားလည်ဖို့ကြိုးစားရင်း သူတို့ရှာတတ်ကြပါတယ်။ ထို့အပြင် သင်ထွက်သွားပြီးနောက် နာရီဝက်ကြာအောင် ဟောင်နိုင်ပြီး အော်ဟစ်နိုင်သည်ဟု သိပ္ပံပညာရှင်များက ဆိုပါတယ်။ ဒါတွေမဖြစ်အောင် အိမ်မှာပဲ တစ်နေကုန် မနေနိုင်ပေမယ့် သူတို့ရဲ့ စိတ်ဖိစီးမှုတွေကို ပြေလျော့အောင်တော့ လုပ်‌ပေးနိုင်ပါတယ်။

– ပွတ်သပ်ယုယပေးခြင်း၏မှော်ဝင်အစွမ်း

အိမ်မှမထွက်မီ ခေါင်းကို ရိုးရှင်းစွာ ပွတ်သပ်ပေးခြင်းဖြင့် သင့်ခွေးလေးအား မခွဲခွာမီ စိတ်ပူပန်မှု လျော့နည်းစေနိုင်ပါတယ် ။ ၎င်းသည် ကျွန်ုပ်တို့ထံမှ အကြံဉာဏ်သာမက၊ သိပ္ပံပညာကလည်း ထောက်ခံပေးထားပါတယ် ။ ခွေးပိုင်ရှင်တွေထွက်သွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ ခွေးများ၏ ပြောင်းလဲမှုတွေကို စစ်ဆေးဖို့ လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ခွေး ၁၀ ကောင်နဲ့ သူတို့ရဲ့ ပိုင်ရှင်တွေကို ၃ မိနစ်ကြာ နှစ်ကြိမ် ခွဲထားခဲ့ပါတယ်။ ပထမအခြေအနေတွင်၊ ခွေးများကို မခွဲခွာမီ တစ်မိနစ်ခန့် ပွတ်သပ်နုတ်ဆက်‌စေပါတယ် ။ ဒုတိယပိုင်းမှာတော့ မထွက်ခွာခင် လစ်လျူရှုခဲ့ပါတယ်။ ခွေးများ၏ အပြုအမူနှင့် ဇီဝကမ္မဗေဒကို စောင့်ကြည့်လေ့လာသော သုတေသီများက အနီးကပ် စောင့်ကြည့်ခဲ့ကြပါတယ်။

ရလဒ်တွေအရ ခွေးတွေရဲ့ တံတွေးထဲမှာ cortisol ပမာဏ မပြောင်းလဲပေမယ့် သူတို့ကို ပွတ်သပ်ပေးတာက သူတို့ကို ပိုကြာကြာ သက်တောင့်သက်သာ ဖြစ်စေတယ်လို့ ဆိုပါတယ်။ ခွေးလေးများသည် ပိုင်ရှင်နှင့် ခွဲခွာခြင်းကို ပို၍ အေးဆေးစွာ နေထိုင်နိုင်ခဲ့ပါတယ်။ ထို့အပြင် ၎င်းတို့၏ နှလုံးခုန်နှုန်းသည် လျစ်လျူရှုကာ ထွက်သွားချိန်ထက် နိမ့်ပါတယ်။

– သင်ကြားလေ့ကျင့်ပေးပါ

သင့်ခွေးကို ချော့မြှူရန် နည်းလမ်းများရှိသော်လည်း သင့်ခွေးကို အိမ်တွင် တစ်ယောက်တည်းနေတတ်ရန် လေ့ကျင့်ရန် လည်း အရေးကြီးပါတယ်။

– သင့်ရဲ့ရှေ့မှောက်မှာ ပင် သူတို့ကို သူတို့နေရာမှာနေဖို့ သင်ပေးခြင်းဖြင့် စတင်လိုက်ပါ။

– ထို့နောက် သင်ထွက်ခွာသွားချိန်တွင်လည်း ၎င်းတို့ကို ဆက်နေရန် လေ့ကျင့်ပေးပါ။ အခန်းတွင်းမှ မလှမ်းမကမ်းမှ အစပြု၍ သင့်အကွာအ‌ဝေးကို တိုးမြှင့်လိုက်ပါ။

– သင့်ရဲ့ခွေးက မင်းမရှိတော့တာကို ကောင်းကောင်း နေတတ်လာတဲ့အခါ အပြင်ခဏလောက်ထွက်လိုက်ပါ။ ထို့နောက် သင်မရှိသည့်အချိန်ကို ဖြည်းဖြည်းချင်းတိုးပေးပါ။

လေ့ကျင့်နေစဉ်မှာ သင့်ခွေးကို သူတို့ရဲ့ ကောင်းမွန်တဲ့ အပြုအမူအတွက် အမြဲတမ်း ဆုချပါ။ ၎င်းတို့ တစ်ယောက်တည်း နေချိန်ကို ပိုမိုသက်တောင့်သက်သာရှိစေရန် သင့်ကလေး၏ နေထိုင်မှုအလေ့အထနှင့် အခြေအနေများကို အမြဲလေ့လာစောင့်ကြည့်ပါ။

သင့်ရဲ့ခွေးကို ပွတ်သပ်ပေးလေ့ရှိပါသလား ? သင်အပြင်မသွားခင် သူတို့ကို ပုံမှန် ပွတ်သပ်နုတ်ဆက်ပေးပါလား ?

 

 

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။ 

 

Leave a Reply

Your email address will not be published. Required fields are marked *