Tue. Nov 30th, 2021

လက်ထပ်ပြီး နှစ်(၇၀) ကြာပြီးမှ မင်္ဂလာဆောင်ဓာတ်ပုံများ ရိုက်ကူးဖြစ်ခဲ့သည့် ဇနီးမောင်နှံ

Ferris နှင့် Margaret Romaire တို့ဟာ ၎င်းတို့၏ နှစ် ၇၀ ပြည့် မင်္ဂလာနှစ်ပတ်လည်ကို ကျင်းပနေကြတာဖြစ်ပါတယ် ။

၎င်းတို့၏ လေးနက်သော ထိထိမိမိ ချစ်ဇာတ်လမ်းကို စိတ်လှုပ်ရှားစွာ မျှဝေပေးလိုပါတယ်။

Ferris သည် အသက် 90 နှစ်ဖြစ်ပြီး Margaret သည် ၎င်းထက်တစ်နှစ်အငယ်ဖြစ်ပါတယ် ။ ကျောင်းစာရေးခုံမှာ စတင် ရင်းနှီးကာ ချစ်ကြိုက်ခဲ့ကြပြီး 1946 ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။

 

ဒါပေမယ့် သူတို့စုံတွဲ၏ ဧည့်သည်တစ်ယောက်မှ ကင်မရာမပါတာကြောင့် အဲဒီအမှတ်တရနေ့အတွက် ဓာတ်ပုံတစ်ပုံတောင် မရှိခဲ့ပါဘူး။

အဲဒါကြောင့် အနှစ် ၇၀ အကြာမှာ ပရော်ဖက်ရှင်နယ် မင်္ဂလာဆောင် ဓာတ်ပုံဆရာ Lara Carter က သူတို့ကို အကူအညီ ပေးခဲ့ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ရယ်မောနေကြတဲ့ သူတို့နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကို သင်မြင်တွေ့နိုင်ပါတယ်။ ဒါဟာ အိမ်ထောင်ပြုခြင်းအဓိပ္ပါယ်၏ လှပသော ဥပမာတစ်ခုဖြစ်ပါတယ် ။

 

 

 

၎င်းတို့ဟာ ယနေ့တိုင် လွန်ခဲ့သော ၆၅ နှစ်ခန့်က အတူတူတည်ဆောက်ခဲ့သော အိမ်တွင် နေထိုင်ကြဆဲဖြစ်ပါတယ်။ သူတို့က မချမ်းသာပေမယ့် သူတို့ကြားထဲမှာ တူညီတာတွေ အများကြီးရှိပါတယ်။ “ကလေးတွေကို ချစ်တဲ့စိတ်၊ အလုပ်အပေါ် စိတ်နေစိတ်ထား၊ ယုံကြည်ချက်နဲ့ ပျော်ရွှင်တတ်သော ဟာသဥာဏ်ရှိတယ်” ဟု Lara က ဆိုပါတယ်။

 

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။ 

 

Leave a Reply

Your email address will not be published. Required fields are marked *