Mon. Dec 6th, 2021

ချစ်ခြင်းမေတ္တာ၏နယ်နိမိတ်မရှိပုံကို ကမ္ဘာအားသက်သေပြခဲ့သည့် အိန္ဒိယအမျိုးသားနှင် ဆွီဒင်အမျိုးသမီးတို့၏ အချစ်ဇာတ်လမ်း

ချစ်ခြင်းမေတ္တာအကြောင်း စွဲမက်ဖွယ်ကောင်းသော ဇာတ်လမ်းများ ကြားသောအခါ “ဒါက ရုပ်ရှင်တွေမှာသာ ဖြစ်တတ်တဲ့အရာပဲ” လို့ ပြောလေ့ရှိပါတယ် ။ ဒါဟာ အချစ်ရဲ့ ကြီးမားတဲ့ စွမ်းအင်အများစုဟာ နေ့စဉ်နဲ့အမျှ ဖြစ်လေ့ဖြစ်ထမရှိတာကြောင့်ပါပဲ။ ဤဆောင်းပါးရဲ့ သူရဲကောင်းကတော့ ဤကမ္ဘာပေါ်တွင် စစ်မှန်သော ချစ်ခြင်းမေတ္တာအတွက် နေရာတစ်ခုရှိကြောင်း မကြောက်မရွံ့သော ချစ်ခြင်းမေတ္တာဖြင့် သက်သေပြခဲ့ပါတယ်။

အဆုံးမရှိသောချစ်ခြင်း၏လျှို့ဝှက်ချက်ကိုဖော်ပြသည့် ဤအံ့သြဖွယ် ဖြစ်ရပ်မှန်ဇာတ်လမ်းကို မျှဝေပေးလိုပါတယ်

– ဇာတ်လမ်းလေးရဲ့အစ

Pradyumna Kumar Mahanandia နှင့် Charlotte Von Schedvin တို့ရဲ့ ပထမဆုံးတွေ့ဆုံမှုမတိုင်ခင် အချစ်ဇာတ်လမ်းက စတင်ခဲ့ပါတယ်။ Pradyumna မွေးဖွားရာ အိန္ဒိယနိုင်ငံတွင် မိသားစုများသည် ကလေးမွေးဖွားသောအခါ နက္ခတ်ဗေဒင်ဆရာထံ သွားရောက်လေ့ရှိကြသည်။ နက္ခတ်ဗေဒင်ပညာရှင်က ကလေးသည် ပြိဿနိမိတ်အောက်တွင် မွေးဖွားလာသော ဆွေတော်မျိုးတော်နှင့် လက်ထပ်နိုင်မည်၊ သစ်တောမြေများစွာကို ပိုင်ဆိုင်မည်ဟု ဗေဒင်ဆရာက ဟောကိန်းထုတ်ခဲ့ပါတယ်။

– နှစ်ဦးသားတွေ့ဆုံမှု

Pradyumna သည် အိန္ဒိယလူ့အဖွဲ့အစည်း၏ အနိမ့်ဆုံး လူတန်းစားတွင် ပါဝင်နေသောကြောင့် ခက်ခဲသော ကလေးဘဝ ရှိခဲ့ပါတယ်။ Pradyumna က “ခွေးလေခွေးလွင့်တွေနဲ့ နွားတွေထက် ငါက ပိုဆိုးတယ်” “ကျွန်တော် ဘုရားကျောင်းတစ်ခုကို ဖြတ်သွားတဲ့အခါ လူတွေက ကျွန်တော့်ကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့တာကို မှတ်မိတယ်” လို့ဆိုပါတယ်။

လူငယ်ဘဝတွင်တော့ Pradyumna ဟာ ဆွီဒင်ခရီးသွား Charlotte Von Schedvin နှင့် စတင်တွေ့ဆုံခဲ့ဖူးပြီး ဒေလီလမ်းများပေါ်တွင် တူပုံများဆွဲခဲ့ကြပါတယ်။ ထို့နောက် သူမရဲ့ Zodiac လက္ခဏာကို မေးရာ ပြိဿဖြစ်‌ကြောင်း ၊ သူ့မိသားစုက သစ်တောမြေတွေကို ပိုင်ကြောင်း သိခဲ့ရပါတယ်။ “အားလုံးအဆင်ပြေပါတယ်” “မင်းကငါ့မိန်းမဖြစ်ရမယ်” Pradyumna က ဟုပြောခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူတို့စုံတွဲဟာ အချစ်ရေး အစပြုခဲ့ကြပြီး ဒေသဓလေ့ထုံးစံအရ Pradyumna ရွာမှာ လက်ထပ်ခဲ့ကြပါတယ်။

– ခွဲခွာရခြင်း

ခွဲခွာခြင်းမရှိပါက ဤဇာတ်လမ်းသည် အလွန်လှပလိမ့်မည်မဟုတ်ပါဘူး။ Charlotte သည် ဆွီဒင်သို့ပြန်လာရမည်ဖြစ်ပြီး Pradyumna က သူမကို တတ်နိုင်သမျှ လက်တွဲခိုင်မြဲဖို့ ကတိပေးခဲ့ပါတယ်။

လက်ထပ်ပြီးသော်လည်း 16 လကြာ သီးခြားစီနေထိုင်ခဲ့ကြရပြီး အချင်းချင်း စာများသာ ရေးသားခဲ့ကြရပါတယ်။သူချစ်ရတဲ့ ချစ်သူမရှိရင် အသက်မရှင်နိုင်တော့ဘူးဆိုတာကို Pradyumna နားလည်ခဲ့ပါတယ်။ သူ့ပိုင်ဆိုင်မှုတွေအားလုံးကို ရောင်းချခဲ့ပေမယ့် လေယာဉ်လက်မှတ်ဝယ်ဖို့ မလုံလောက်သေးပါဘူး။ ထို့ကြောင့် ရူပီး ၆၀ နဲ့ စက်ဘီးတစီးဝယ်ပြီး သူ့မိသားစုကို နှုတ်ဆက်ကာ သူ့အိတ်ကပ်ထဲမှာ ရူပီး ၂၀၀ နဲ့ အိမ်က စတင်ထွက်ခွာပါတော့တယ်။

-ခရီးလမ်း

သူ၏ခရီးကို ၁၉၇၇ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် စတင်ခဲ့ပါတယ် ။ ခရီး လမ်းဟာ ၅ လ ကြာမြင့်ခဲ့ပြီး Pradyumna ဟာ နေ့စဉ် ၄၅ မိုင် နင်းပါတယ် ။ ဆွီဒင်သို့ရောက်သောအခါ မိုင်ပေါင်း 6,000 ကျော်အထိ ရှိနေပြီဖြစ်ပါတယ်။

“ကျွန်တော် အရမ်းပင်ပန်းပါတယ်။ ခြေထောက်တွေနာပေမယ့် Charlotte ကိုမြင်ချင်တဲ့ဆန္ဒက ကျွန်တော့်ကို တွန်းပို့ခဲ့တယ်။ ကျွန်တော့်အနုပညာက ကျွန်တော့်ကို ကယ်တင်ခဲ့တယ။ အခကြေးငွေယူကာ ပုံတူများဆွဲပေးပြီး ရတဲ့ငွေနဲ့ ညအိပ်စရာနေရာနဲ့ အစားအသောက်အတွက် ဖြေရှင်းခဲ့ပါတယ်” လို့ဆိုပါတယ်။

ထိုကာလအတွင်း နိုင်ငံအများအပြားက ဝင်ခွင့်ဗီဇာကို မတောင်းဆိုကြသော်လည်း ဆွီဒင်သို့ရောက်ရှိသောအခါမှ လူဝင်မှုကြီးကြပ်ရေးက Pradyumna ကို နိုင်ငံတွင်းသို့ ဝင်ခွင့်မပြုခဲ့ပေ။ အာဏာပိုင်များက သူ့ဇာတ်လမ်းကို မယုံဘဲ ထူးကဲလွန်းသည်ဟု ထင်ကြပါတယ် ။ ဒါပေမယ့် Charlotte ကိုခေါ်ပြီး သူ့ဇာတ်လမ်းက အမှန်ဖြစ်ကြောင်းကို သူတို့နားလည်ပြီးချိန်မှာတော့ ခွင့်ပြုခဲ့ကြပါတယ်။

Pradyumna အားဆင်းရဲနွမ်းပါးသူများအနေဖြင့် ထိုကဲ့သို့သောခရီးစဉ်ဖြင့် ပြောင်းရွှေ့ ဖြစ်နိုင်ချေရှိမရှိ မေးမြန်းရာတွင် ၎င်းက “ဟုတ်ပါတယ်။ တကယ်လိုချင်ရင် အရာအားလုံးက ဖြစ်နိုင်ချေရှိပါတယ်။ ဒီလိုခရီးမျိုးက အခုဆို ပိုခက်ခဲပေမယ့်၊ ကြောက်ရွံ့မှုဟာ ကျွန်ုပ်တို့၏ အဓိကရန်သူဖြစ်ပါတယ်။ ၎င်းသည် ကျွန်ုပ်တို့၏ဘဝကို ပိုမိုရှုပ်ထွေးစေပါလိမ့်မယ့” လို့ဆိုပါတယ်။

ပြန်လည်စုံစည်းကြခြင်း

Pradyumna သည် 1977 ခုနှစ် မေလ 28 ရက်နေ့တွင် Boras သို့ရောက်ရှိခဲ့ပြီး နောက်ဆုံးတွင် သူမနှင့် 2 နှစ်ကြာခွဲခွာသွားပြီးနောက် Charlotte နှင့်တွေ့ဆုံခဲ့ပါတယ်။

“ငါတို့ စကားမပြောနိုင်ဘူး။ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး ငိုခဲ့ကြတယ်”

Charlotte ၏ပျော်ရွှင်မှုအတွက် သူမ၏မိဘများကပါ မတူညီသော အသားအရည်ရှိသူများကို လက်ထပ်ခွင့်မပြုသော စည်းမျဉ်းများကို မေ့လျော့သွားကြပါတယ် ။ ၎င်းတို့စုံတွဲသည် ဆွီဒင်ဥပဒေနှင့်အညီ 1979 ခုနှစ်တွင် လက်ထပ်ခဲ့ကြပါတယ်။

– နှစ်(၄၀) ကြာပြီးနောက်

ယခုဆို သူတို့ပြန်ဆုံချိန်ကစလို့ နှစ်ပေါင်း ၄၀ ကျော်ကြာခဲ့ပါပြီ။ အချိန်အတော်ကြာနေသော်လည်း Pradyumna က သူ၏ပျော်ရွှင်မှုကို မယုံကြည်နိုင်သေးကြောင်းပြောပါတယ် ။ ကမ္ဘာတစ်ဝှမ်းမှလူများ အင်တာနက်မှတစ်ဆင့် ဆက်နွှယ်နေနိုင်သည့် ယနေ့ခေတ် အချိန်အခါတွင် Charlotte ၏နှလုံးသားကို သိမ်းပိုက်နိုင်ပါ့မလားဟု သူသံသယဖြစ်မိခဲ့ဖူးပါတယ် ။ သို့သော် Pradyumna က “မင်းရဲ့ကံကြမ္မာက မင်းလုပ်တဲ့အရာတစ်ခုဘဲ” လို့ ပြောပါတယ်။

သူတို့နှစ်ယောက်ရဲ့ အချစ်ရေးလျှို့ဝှက်ချက်ကို မေးမြန်းတဲ့အခါ လျှို့ဝှက်ချက်မရှိဘူးလို့ သူတို့စုံတွဲက ပြောပါတယ်။ အဓိကကတော့ ရိုးသားဖို့၊ တစ်ယောက်နဲ့တစ်ယောက် နားလည်ဖို့နဲ့ တစ်ယောက်ကိုတစ်ယောက် လေးစားဖို့ပါပဲ လို့ပြောပြပါတယ်။

ချစ်ခြင်းမေတ္တာ စွမ်းအား၏ ဤဖြစ်ရပ်မှန်ဇာတ်လမ်းဟာ လူ ၂ ဦး ချစ်မိသောအခါ အရာအားလုံး ဖြစ်နိုင်သည်ဟူ‌သော လှပသော ဥပမာတစ်ခုဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ဟာ အချစ်ကို‌ရှာတွေ့ပြီး ပန်းတိုင်တစ်ခုရှိလာချိန်မှာ သူတို့ကို ဟန့်တားနိုင်သည့် အတားအဆီးမရှိပါဘူး။ ငွေမရှိခြင်း၊ အကွာအဝေး၊ မလိုမုန်းထားမှုများနှင့် ချစ်မြတ်နိုးရသူ ၂ ဦးကြားတွင် တည်ရှိနေသည့် အခြားအရာများကို သေးငယ်သော အတားအဆီးများအဖြစ်သာ မြင်ပါတော့တယ်။

ဤအိန္ဒိယအမျိုးသားနှင့် သူ၏ချစ်လှစွာသောဇာတ်လမ်းကိုကျွန်ုပ်တို့အလွန်နှစ်သက်ကြရပါတယ် ။ ဒီဇာတ်လမ်းရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းက ဘာလို့ထင်လဲ။ သင့်မှာ ဝေမျှ ပေးချင်တဲ့ သင့်ရဲ့ မယုံနိုင်စရာ အချစ်ဇာတ်လမ်း ရှိပါလား ?

 

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။ 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *