Mon. Nov 29th, 2021

အရှားပါးဆုံးကြောင်မျိုးစိတ် 16 မျိုး

ယခုအခါမှာတော့ ကမ္ဘာတစ်ဝှမ်းတွေတွေ့ရှိနိုင်သော အရှားပါးဆုံးကြောင်လေးများ၏ အကြောင်းကိုလေ့လာနိုင်ရန် ကျနော်တို့ပေ့ခ်ျကနေ ဖိတ်ခေါ်လိုက်ရပါတယ်။ ကဲသင်အရင်ကမသိသေးတဲ့အကြောင်းအရာတွေကို သွားကြည့်လိုက်ကြရအောင်။

(၁) အနက်ကွက်ကျား‌ကြောင်

သည်ကောင်လေးတွေက ကြောင်‌‌သေးအမျိုးအစားတွေထဲက တစ်‌‌ကောင်ဖြစ်ပြီး အာဖရိကတောင်ပိုင်းတွင်သာ တွေ့ရှိနိုင်ပါတယ်။သူတို့ရဲ့အလေးအချိန်က 5‌ပေါင်ကျော်သာရှိပြီး 17 လက်မပဲကြီးထွားနိုင်ပါတယ်။ ထိုကောင်တွေရဲ့နေထိုင်မှုပုံစံကိုတော့ သုတေသနပြုလုပ်နေဆဲဖြစ်ပါတယ်။

(၂) ငါးဖမ်းကြောင်

ကြောင်တွေက ရေကြောက်ကြတယ်လို့ ကျနော်တို့ထင်ခဲ့ကြပါတယ်။ဒါပေမယ့် ဒီကြောင်တွေကတော့ ထိုအထဲမှာသူတို့မပါဘူးဆိုတာကို သက်သေပြခဲ့ကြပါတယ်။ သူတို့ရဲ့အထူးခြားချက်ကတော့ ရေကူးကျွမ်းကျင်ကြတာပါပဲ။ ထိုကောင်တွေက သာမန်ကြောင်တွေထက် နှစ်ဆလောက်ပိုကြီးပြီး ပိုသန်မာပါတယ်

(၃) Iberia lynx

Iberia lynx ကြောင်တွေက ဒီကမ္ဘာပေါ်မှာ အရိုင်းစိုင်းဆုံးနဲ့ အန္တရာယ်ရှိဆုံးအကောင်တွေထဲက တစ်ကောင်ဖြစ်ပါတယ်။ အရင်တုန်းကတော့ သူတို့ကို စပိန်နှင့် ပေါ်တူဂီတို့မှာ တွေ့ရှိနိုင်ပါတယ်။ ဒါပေမဲ့ ယနေ့အခါမှာတော့ Donana အမျိုးသားဥယျာဉ်မှာပဲ တွေ့ရှိနိုင်ပါတယ်။

(၄) Jaguarundi

သူ့ရဲ့နာမည်ကတော့ တမျိုးပါပဲ။သူတို့ကို maxico နဲ့တောင်အမေရိကတွေမှာ တွေ့ရှိနိုင်ပါတယ်။ သူတို့ရဲ့အကြောင်းတွေကို‌တော့ သိပ္ပံပညာရှင်တွေက ပုံပန်းသွင်ပြင်နှင့် အလေ့အကျင့်လောက်ကိုပဲ ရှာဖွေတွေ့ရှိနိုင်ပါသေးတယ်။ ထိုအကောင်တွေက 1နှစ်ကျော်တော့ထိ နေထိုင်နိုင်ကြပါတယ်။

(၅) Kodkod

ဒီခေါင်းသေးကောင်လေးတွေကတော့ ချိုလီနှင့် အာဂျင်တီးနားနယ်မြေတွေမှာ တွေ့ရလေ့ရှိပါတယ်။ သူတို့က သူတို့ရဲ့ဘဝကို အမဲလိုက်ခြင်းဖြင့် အနားယူလေ့ရှိပါတယ်။ဒေသခံတွေကတော့ သူတို့ကိုvampire cat လို့ခေါ်လေ့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ သူတို့ရဲ့သားကောင်ကို နှစ်ခါလောက် ကိုက်ရုံမျှဖြင့် သေစေနိုင်လိုပဲဖြစ်ပါတယ်။

(၆) Margay

Kodkod ကောင်တွေရဲ့ အိမ်နီးချင်းကောင်လေးတွေပါ။ တောင်အမေရိကမှာ တွေ့ရလေ့ရှိပြီး သစ်ပင်တွေထဲမှာပဲ အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ သူတို့ရဲ့ super power ကတော့ သစ်ကိုင်းတစ်ခုကနေ နောက်သစ်ကိုင်းတစ်ခုကို အလွယ်တကူ ကူးပြောင်းနိုင်တာဖြစ်ပါတယ်။ သူတို့ရဲ့ သန်မာတဲ့ခြေထောက်တွေက အစွမ်းကုန် အကူအညီပေးပါတယ်။

(၇)သံချေးကဲ့သို အစက်အပြောက်နှင့်ကြောင်

ဒီကောင်လေးတွေရဲ့အလေးချိန်ကတော့ 3 ပေါင်ကျော်ထက်ပိုမများပါဘူး။ သူတို့ကတော့ အသေးဆုံးကောင်တွေပါ။ ထိုကောင်တွေက အိန္ဒိယနဲ့ သီရိလင်္ကာတို့မှာပဲ နေထိုင်လေ့ရှိပါတယ်။ သူတို့က ခြောက်သွေ့တောတွေနဲ့ အုံ့မှိုင်းတဲ့သစ်တောတွေမှာ နေထိုင်ကျက်စားကြပါတယ်။ သူတို့ကို ယဉ်ပါးလာအောင် အလွယ်တကူလုပ်လို့ရပါတယ်။

(၈) ကျားသစ်ကြောင်

ဘယ်လောက်တောင်လှလိုက်လဲ ကြည့်ပါဦး။ ထိုအကောင်တွေက နည်းနည်းသေးတာကလွဲပြီး ကျားသစ်နဲ့ အတော်လေးတူပါတယ်။ ထိုကောင်တွေဟာ 32 လက်မအထိရှည်နိုင်ပြီး ကျားသစ်တွေထက် 22 လက်မလောက် တိုပါတယ်။ သူတို့က သစ်ပင်ပေါ်မှာနေထိုင်ရတာကို နှစ်သက်ကြပြီး အမတွေကတော့ သစ်ခေါင်းထဲမှာအောင်နေရတာကို ပိုနှစ်သက်ကြပါတယ်။

(၉) Oncilla

ဒီကောင်တွေက ဘရာဇီးနဲ့ အာဂျင်တီးနားတွေမှာ နေထိုင်ကျက်စားကြပါတယ်။ သူတို့ရဲ့အကွက်အပြောက်တွေက သစ်ပင်တွေကြားထဲမှာ ပုန်းအောင်နေနိုင်ဖို့ အကောင်းဆုံးပါပဲလို့ သိပ္ပံပညာရှင်တွေက ဆိုခဲ့ကြပါတယ်။

(၁၀)သဲကြောင်

ထိုကြောင်တွေကတော့ သဲကြောင်လိုမပြောရလောက်အောင် တောင်အာဖရိကနှင့် အလယ်ပိုင်းဒေသက သဲသောင်ပြင်တွေမှာ နေထိုင်ကြပါတယ်။ သူတို့က သဲတွေကျောက်တုံးတွေထဲမှာ လုံခြုံမှုရှိတယ်လို့ ပိုခံစားရပါတယ်။ သူတို့ကတော့ 14 လက်မကျော်လောက်ထိ ရှည်နိုင်ကြပြီး တစ်ဝက်လောက်က သူတို့အမြီးတွေဖြစ်ပါတယ် ။

(၁၁) ကြောင်ရိုင်း

ဒီကြောင်ရိုင်းတွေက သဲကြောင်တွေနဲ့ အနည်းငယ်နီးစပ်ပါတယ်။ ထိုကောင်းတွေက သာမန်ကောင်တွေနဲ့လည်း အတော်လေးတူပါတယ်။ ဒီကြောင်ရိုင်းတွေကတော့ လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်က တွေ့ရှိခဲ့တဲ့ အစောကြောင်တွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နဲ့ဝေးဝေးနေတာ ပိုကောင်းပါတယ်။

(၁၂) Geoffreyကြောင်

ထိုကြောင်တွေက သာမန်ကြောင်တွေနဲ့ အရွယ်အစားက အတူတူလောက်ပါပဲ။ ဒါပေမဲ့ ကွဲပြားတဲ့ဘအချက်ကတော့ ထိုကြောင်တွေက အမဲလိုက်နိုင်ပြီး ရေကူးနိုင်စွမ်း ရှိပါတယ်။ သူတို့က သူတို့နေရာကို ကာကွယ်တက်ကြပြီး အစာတွေကို သိုလှောင်တတ်ကြတဲ့ အလေ့အကျင့်ရှိပါတယ်။

(၁၃) ခေါင်းပြားကြောင်

သူတို့ကတော့ ဟိုးအရင် နှစ်ပေါင်းများစွာထဲက တည်ရှိနေခဲ့ကြတာပါ။ ထိုကောင်တွေက ထိုင်း- မလေး နယ်စပ်နဲ့ ဆူမားတြားတွေမှာ နေထိုင်လေ့ရှိပါတယ်။ သိပ္ပံပညာရှင်တွေကတော့ သူတို့အကြောင်းကို သုတေသနပြုလုပ်နေဆဲ ဖြစ်ပါတယ်။ ထိုကောင်တွေက ရေကြိုက်ကြပြီး မြစ်ထဲမှာ အမဲလိုက်ရတာကို သဘောကျကြပါတယ်။ သူတို့က သူတို့ရဲ့ အစာကိုလည်း မစားခင်မှာ ဆေးကြောတတ်ကြပါသေးတယ်။

(၁၄) အာရှရွှေကြောင်

သူ့ကို တွေ့ရှိရဖို့က အတော်လေး ခက်ခဲတဲ့ အလုပ်တစ်ခုပါ။ ထိုကောင်တွေက တက်တက်ကြွကြွရှိပြီး 12မိုင်လောက်အထိ မနားဘဲ သွားနိုင်ကြပါတယ်။ သစ်ပင်တက် ကျွမ်းကျင်ကြပြီး မြေပြင်မှာပဲ အမဲလိုက်ကြပါတယ်။

(၁၅) Cololo

တောင်အမေရိက Cololo တွေက သာမန်ကြောင်တွေနဲ့ အရွယ်အစားတူပါတယ်။ သူတို့ အန္တရာယ်နဲ့ ကြုံတွေ့ရတဲ့အခါမှာ အမွေးတွေပွလာပြီး အကောင်ပိုကြီးလာကြပါတယ်။ သူတို့ရဲ့ အရောင်က ကြက်သွေးရောင် မဟုတ်သလို မီးခိုးနက်ရောင်လည်း မဟုတ်ပြန်ပါဘူး ။ ထို့အပြင် ခန္ဓာကိုယ် ပေါ်မှာလည်း အစက်အပြောက်တွေ ရှိပါသေးတယ်။

(၁၆) ပင်လယ်အော်ကြောင်

Borean catလို့လည်း သိကြတဲ့ ပင်လယ်အော်ကြောင်တွေကတော့ သူတို့နေထိုင်ရာ Boreoကျွန်းကို အစွဲပြုပြီးတော့ ထိုနာမည်ကို ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့က သမိုင်းဝင်ကြောင်တွေ ဖြစ်ကြပြီး အန္တရယ်မပြုနိုင်ကြပါဘူး။ ထိုပုံကတော့ 2020ခုနှစ်က ရိုက်ထားတဲ့ ပုံဖြစ်ပါတယ်။ သာမန်ကြောင်တွေနဲ့ တူသယောင်ရှိပေမဲ့ သူတို့က အရှိန်အဝါနဲ့ တက်ကြွမှု ပိုရှိကြပါတယ်။

ကဲ ထိုကြောင်လေးတွေအကြောင်းကို သိရှိလိုက်ရတဲ့ အတွက် ဗဟုသုတတွေ ရရှိခဲ့ကြမယ်လို့ မျှော်လင့်မိပါတယ်။ ‌နောင်လည်း ယခုလို ဗဟုသုတရစရာများကို ဖော်ပြပေးသွားမှာ ဖြစ်လို့ ကျွန်တော်တို့ရဲ့ ပေ့ခ်ျလေးကို Like & Follow ပြုလုပ်ထားဖို့ မမေ့ပါနဲ့နော်

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ

‌ဒါကြောင့်

One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *