Mon. Nov 29th, 2021

ဈေးကြီးတဲ့ အာဝု(၁၉ )မျိုး

အကြောင်းအရင်းများစွာက တချို့ခွေးတွေကို စျေးကြီးတဲ့ခွေးတွေဖြစ်စေပါတယ်။ ထိုအကြောင်းအရင်းတွေထဲမှာ မျိုးဆက်ရှားပါးမှု၊ ရရှိထားတဲ့ဆုအရေအတွက်နဲ့ ဘွဲ့တံဆိပ်များ၊ ကျန်းမာရေးအခြေအနေနဲ့ အသွင်အပြင်တွင် ပါဝင်ပါတယ်။

ကျနော်တို့ One Daily ပေ့ခ်ျကနေ စျေးအကြီးဆုံးခွေးတွေရဲ့ ကုန်ကျစရိတ်အစစ်အမှန်ကို ပရိတ်သတ်တွေထံ ချပြချင်ပါတယ်။

(၁) Bichon Frise

ဒီခွေးလေးတွေကတော့ ပြင်သစ်ကနေ ဆင်းသက်လာခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက်က စတင်ထွက်ရှိလာတာဖြစ်ပါတယ်။ ဒီခွေးလေးတွေက ဖော်ရွေတတ်ကြပြီး ဥာဏ်ကောင်းကြပါတယ်။ သူတို့ရဲ့တန်ဖိုးကတော့ ဒေါ်လာ 500 ကနေ 1500အထိ ကျသင့်ပါတယ်။

(၂) Siberian Husky

1930ခုနှစ်မှာ မှတ်ပုံတင်ခဲ့တဲ့ ထို Husky ခွေးလေးတွေက ရုရှားအရှေ့ပိုင်းကနေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ထိုကောင်တွေက ဖော်ရွေစိတ်ရှည်တတ်ကြပြီး အသက်ရှည်ကြပါတယ်။ သူတို့ကတော့ ဒေါ်လာ 500 ကနေ 1600အထိ ကုန်ကျပါတယ်။

(၃) Beared Collie

ဒီကောင်တွေက အသက်ရှည်တဲ့ခွေးမျိုးတွေထဲက တစ်မျိုးဖြစ်ပါတယ်။ သူတို့က ချစ်စရာကောင်းပြီး အမွေးပွကြီးတွေရှိပါတယ်။ ထိုခွေးလေးတွေကတော့ ဒေါ်လာ 800 ကနေ 1500အထိ ကျသင့်တာဖြစ်ပါတယ်။

(၄) Chow Chow

ကမ္ဘာ့အသက်အရှည်ဆုံးခွေးတွေထဲမှာ Chow Chow လည်း အပါအဝင်ဖြစ်ပါတယ်။ သူတို့ကတော့ အစောင့်အရှောက်လုပ်ခိုင်းဖို့အတွက် အမဲလိုက်ဖို့နဲ့ အကြမ်းစားခွေးတွေအဖြစ် အသုံးပြုပါတယ်။ ဒါပေမယ့်လည်း ထိုကောင်လေးတွေက နူးညံ့ပြီး ကြင်နာတတ်ကြပါတယ်။ သူတို့ရဲ့စျေးကတော့ ဒေါ်လာ 600 ကနေ 1700အထိ ကျသင့်မှာဖြစ်ပါတယ်။

(၅) Samoyed

ဒီအမဲလိုက်ခွေးတွေကတော့ ထိုင်းနိုင်ငံရဲ့ ကိုယ်စားပြုခွေးတွေပါ။ ထိုကောင်တွေက အားအင်အပြည့်ရှိကြပြီး သန်မာကြပါတယ်။ ခန့်မှန်းခြေတန်ဖိုးကတော့ ဒေါ်လာ 800 ကနေ 4000 ကြား ဖြစ်ပါတယ်။

(၆) Komondor

ထိုသိုးခွေးတွေကတော့ လွန်ခဲ့တဲ့ ၁၀ရာစုနှစ်လောက်ကတည်းက အစောင့်အရှောက်ခွေးတွေအဖြစ် အသုံးပြုခဲ့တာဖြစ်ပါတယ်။ Komondor တွေက နားလည်လွယ်ပြီး စိတ်ရှည်တဲ့အကောင်တွေဖြစ်ပါတယ်။ သူတို့ကတော့ ဒေါ်လာ 1200 ကနေ 2000လောက် ကျသင့်ပါတယ်။

(၇) Irish Wolfhound

ကမ္ဘာပေါ်မှာရှိတဲ့ ခွေးအမျိုးအစားတွေထဲမှာ ဒီကောင်တွေက အမဲလိုက်အတော်ဆုံးဖြစ်ပါတယ်။ ကြင်နာစိတ်ရှည်တတ်ကြပြီး သတ္တိကောင်းကြပါတယ်။ ခန့်မှန်းခြေတန်ဖိုးကတော့ ဒေါ်လာ 1300ကနေ 2300 အထိ ကျသင့်မှာ ဖြစ်ပါတယ်။

(၈) British Bulldog

19 ရာစု အလယ်ပိုင်းလောက်မှာ အမေရိကန်နိုင်ငံက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူတို့ပုံစံတွေကြည့်ရတာကိုက လူရှိန်စရာပါပဲ။ အဆောင်‌ေခွးအဖြစ် အသုံးပြုကြသလို အလှလည်းမွေးကြပါတယ် ။ တန်ဖိုးကတော့ ဒေါ်လာ 600 ကနေ 2500အထိ ကျသင့်ပါတယ်။

(၉) Biewer Terrier

ထိုကောင်တွေရဲ့ မျိုးရိုးအစစ်မှန်ကတော့ ဂျာမဏီကနေ ဆင်းသက်လာတာဖြစ်ပါတယ်။‌ေဖာ်‌ေရွတတ်ကြပြီး နူးညံ့ကြပါတယ်။ တခြားခွေးတွေနဲ့လည်း ငြိမ်းချမ်းရေးယူနိုင်ပါတယ်။ ဒေါ်လာ 700 ကနေ 2500အထိ ကျသင့်ပါတယ်။

(၁၀) King Charles Spaniel

ဒီအကောင်သေးသေးလေးတွေနဲ့ ခွေးတွေကတော့ 16 ရာစုလောက်ကတည်းက အင်္ဂလန်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူတို့ကတော့ သူတို့ရဲ့လှပတဲ့အမွေးတွေနဲ့ ဖော်ရွေတဲ့အသွင်အပြင်တို့ကြောင့် ဈေးကြီးပါတယ်။ခန့်မှန်း‌ေခြအားဖြင့် ဒေါ်လာ 800 ကနေ 2500အထိ ကုန်ကျပါတယ်။

(၁၁) Saluki

သူတို့က အလွန်စိတ်ရှည်တတ်ကြပြီး မိသားစုဝင် တယောက်ချင်းစီတိုင်းကို စောင့်ရှောက်နိုင်ပါတယ်။ ထိုကောင်တွေကတော့ ဒေါ်လာ 800ကနေ 1800အထိ ကျသင့်ပါတယ်။

(၁၂) Chinese Chongqing Dog

ဒီခွေးတွေက ခွေးတစ်ကောင်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ အကုန်ရှိပါတယ်။ ဒါပေမယ့် ယခုအခါမှာတော့ မျိုးသုဉ်းလုနီးပါး ရှိနေပါပြီ။ ကလေးငယ်တွေနဲ့ အလွယ်တကူ ရင်းနှီးနိုင်ပါတယ်။ ထိုကောင်တွေကတော့ ခန့်မှန်းခြေအားဖြင့် ဒေါ်လာ 3500လောက် ကျသင့်ပါတယ်။

(၁၃) Akita

ဒီခွေးတွေကတော့ ဂျပန်နိုင်ငံမြောက်ပိုင်း Akita မြို့မှာ စပြီးတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ လေးကျင့်‌ေပးရတာ လွယ်ကူကြပြီး အစောင့်အရှောက်အဖြစ် အသုံးပြုနိုင်ပါတယ်။ ထို‌ေကာင်တွေက ဒေါ်လာ 1000 က‌ေန 3500 အထိ ကျသင့်ပါတယ်။

(၁၄) Pomeranian

ထိုကောင်တွေကလည်း germany မျိုးနွယ်တွေပါ။ လှပကြပြီး ဉာဏ်ကောင်းကြပါတယ်။ ခန့်မှန်းခြေအားဖြင့် ဒေါ်လာ 700 ကနေ 4000 အထိ ကုန်ကျနိုင်ပါတယ်။

(၁၅) Thai Ridgeback

ထိုကောင်တွေက ဝန်ဆောင်မှုကောင်းတဲ့ခွေးတွေဖြစ်ပြီး တခြားခွေးတွေနဲ့ အရောတဝင်နေလေ့မရှိပါဘူး။ထိုအချက်ကပဲ သူတို့ရဲ့မူလမျိုးစိတ်ကို ရေရှည်တည်တံ့စေပါတယ်။ ထိုကောင်တွေက ဒေါ်လာ 600 ကနေ 1800 အထိ ကျသင့်ပါတယ်။

(၁၆) Afferpinnsher

ထိုကောင်တွေက 17 ရာစုလောက်ကတည်းက ဂျာမနီမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ထိုကောင်တွေကိုတော့ ကြွက်ဖမ်းတဲ့နေရာမှာ အသုံးပြုလေ့ရှိပါတယ်။ အဆောင်‌ေခွးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ ဒေါ်လာ1500ကနေ 4000အထိ ကျသင့်ပါတယ်

(၁၇) Pharaoh Hound

ထိုအမဲလိုက်ခွေးတွေကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း 5000လောက်ကတည်းက ရာဇဝင်ရှိခဲ့တာပါ။ ပုံစံကြည့်ရုံနဲ့တင် အမဲလိုက်ခွေးမှန်း သိသာစေပါတယ်။ ထိုကောင်တွေကတော့ ဒေါ်လာ 1000ကနေ 7000အထိ ကျသင့်ပါတယ်။

(၁၈) Lowchen

ဒီကောင်တွေကတော့ ပြင်သစ်မျိုးရိုးပါ။ ကမ္ဘာပေါ်မှာ အရှားဆုံးမျိုးစိတ်အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ ဒေါ်လာ2000 ကနေ 7000 အထိ ကျသင့်မှာဖြစ်ပါတယ်။

(၁၉) Tibetan mastiff

\

ထိုကောင်တွေကတော့ ရှေးကျတဲ့ဝန်ဆောင်မှုပေးတတ်တဲ့ မျိုးစိတ်တွေဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း 5000ထဲက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အမဲလိုက်ခွေးတဲ့အဖြစ်ရော သူငယ်ချင်းအဖြစ်ပါ အသုံးပြုနိုင်ပါတယ်။ ထိုကောင်တွေကတော့ ဒေါ်လာ 2000ကနေ 8000 အထိ ကျသင့်နိုင်ပါတယ်။

အထက်မှာဖော်ပြပေးခဲ့တဲ့ အကြောင်းအရာတွေကနေ ဗဟုသုတရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောင်လည်း ထိုကဲ့သို့ ဗဟုသုတရဖွယ်ရာများကို ဖော်ပြပေးသွားမှာဖြစ်လို့ ကျနော်တို့ရဲ့ပေ့ချ်လေးကို Like & Followပြုလုပ်ထားဖို့ မမေ့ပါနဲ့နော်။

 

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။ 

 

 

Leave a Reply

Your email address will not be published. Required fields are marked *