Sun. May 22nd, 2022

ကမ္ဘာပေါ်ရှိ အပြင်းထန်ဆုံးသားရဲများ၏‌‌ပေါက်စဘဝပုံရိပ်များ

ကလေးဘဝက ပျော်ရွှင်မှုတွေ ကျေနပ်စရာတွေနဲ့ ပြည့်နှက်နေတာပါ ။ ထိုအရာက မျက်နှာပေါ်မှာ အလွယ်တကူ ပေါ်နိုင်ပါတယ်။

ယခုအခါမှာတော့ ကျနော်တို့ပေ့ခ်ျကနေ ကမ္ဘာပေါ်ရှိ တောရိုင်းတိရစ္ဆာန်လေးတွေရဲ့ ချစ်စရာ ကလေးဘဝပုံရိပ်များကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၁) ကျားသစ်

ကျားသစ်တွေက သစ်ပင်တက်တော်ကြပါတယ်။ ထိုကောင်တွေက သစ်ကိုင်း‌သေးသေးလေးပေါ်မှာတောင် ရအောင်ထိုင်နိုင်ကြပါတယ်။ တစ်ခါတစ်လေမှာ မျောက်တွေကိုတောင် ဖမ်းစားနိုင်ပါတယ်။

ဒီကောင်တွေက မွေးကတည်းက 1kg အနည်းဆုံးရှိတဲ့အကောင်တွေပါ။ 6 လအရွယ်လောက်နဲ့တင် ပေါင် 20 အထိ ရောက်ရှိနိုင်ပါတယ်။

(၃) ဝံပုလွေ

 

သိပ္ပံပညာရှင်တွေက ဒီဝံပုလွေတွေအပေါ်မှာ ကြမ်းတမ်းမှု၊ ဒေါသ၊ နာခံမှု၊ နူးညံ့မှု၊ ပျော်ရွှင်မှု၊ နိုးကြားမှု၊ ခြိမ်းခြောက်မှု ၊ ငြိမ်သက်မှုနှင့် ကြောက်ရွံ့မှုဆိုပြီး အမျိုးအစားဆယ်မျိုး ခွဲခြားထားပါတယ်

(၄)မိကျောင်း

ထိုကောင်တွေကတော့ အလွန်အင်မတန်မှ စိတ်ရှည်ကြတဲ့ အမဲလိုက်မုဆိုးတွေပါ။ ထိုကောင်တွေက အမဲမလိုက်ခင် ရေထဲမှာ အကြာကြီးနေနိုင်ကြပါတယ်။

(၅) ဇီးကွက်

သင်က မျက်လုံးဖွင့်ပြီး အိပ်တက်ပြီဆိုရင်တော့ သင့်ကိုယ်သင် ဇီးကွက်လို့ခေါ်လို့ရပါပြီ။ ထိုကောင်တွေက အမြဲတမ်းတက်ကြွနေတဲ့အတွက် လှုပ်ရှားမှုအသံသေးသေးလေးကတောင် သူတို့ကိုနိုးကြားစေပါတယ်။

(၆)ခွေးအ

ခွေးအတွေက အမဲလိုက်ကျွမ်းကျင်တဲ့ ကျားတွေကိုတောင် လှည့်စားနိုင်စွမ်းရှိပါတယ်။ အမှန်တကယ်မှာတော့ သူတို့က သေးငယ်တဲ့အကောင်တွေကနေစပြီး နွားလောက်ကြီးတဲ့အကောင်တွေအထိ ဖမ်းစားနိုင်ပါတယ်။

(၇) ကျား

 

အများအားဖြင့် ကျားတွေက တခြားတိရစ္ဆာန်တွေကို ဟိန်းလေ့မရှိပေမယ့် သူတို့အချင်းချင်း ဆက်သွယ်ဖို့ကိုတော့ ဟိန်းသံတွေ ပြုလုပ်လေ့ရှိပါတယ်။ ကျားတွေက အမဲလိုက်တော့မယ်ဆိုရင် ဟိန်းသံအစား တိတ်ဆိတ်နေတတ်ကြပါတယ်။

(၈) မြေခွေး

မြေခွေးတွေက မိဘကောင်းတွေပါ ။ မြေခွေးအထီးတွေက သူတို့ရဲ့အဖွဲ့ကို အလွန်သစ္စာရှိကြပြီး အမတွေ မီးဖွားခါနီးမှာတော့ အလွန်ဂရုစိုက်တဲ့ကြပါတယ်

(၉)လင်းတ

လင်းတပေါက်လေးတွေက မပျံသန်းနိုင်ပေမယ့် ဟိုအဝေးကြီး‌ေရာက်‌ေအာင်အထိတော့ ခုန်နိုင်ကြပါတယ်။

(၁၀) Cheetah ခွေးအ

ဒီကောင်လေးတွေက 2 ရက်ပဲရှိသေးတဲ့ အကောင်ပေါက်လေးပါ။ ဒါပေမယ့် နှစ်နှစ်လောက်ကျရင်တော့ တစ်နာရီကို 120kmနှုန်းနဲ့ ပြေးနိုင်တော့မှာပါ

(၁၁) ပိုလာဝက်ဝံ

မွေးဖွားချိန်မှာ ထိုကောင်တွေက 500 ဂရမ်လောက်ထိပဲ ရှိနိုင်ကြပါတယ်။ ဒါပေမယ့် အရွယ်ရောက်လာတဲ့အချိန်မှာတော့ ထိုကောင်တွေက အကြီးဆုံးသတ္တဝါတွေ ဖြစ်နိုင်ပါတယ်။

(၁၂) ခြ‌င်္သေ့

ခြ‌င်္သေ့ငယ်လေးမှာ ချစ်စရာကောင်းတဲ့ အင်္ဂါရပ်တစ်ခုရှိပြီး သူတို့ရဲ့အမြီးမှာ အလွန်သေးငယ်တဲ့ စည်းတခုရှိပါတယ်။

အထက်မှာဖော်ပြပေးခဲ့တဲ့ အကြောင်းအရာတွေကနေ ဗဟုသုတရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောင်လည်း ထိုကဲ့သို့ ဗဟုသုတရဖွယ်ရာများကို ဖော်ပြပေးသွားမှာဖြစ်လို့ ကျနော်တို့ရဲ့ပေ့ချ်လေးကို Like & Followပြုလုပ်ထားဖို့ မမေ့ပါနဲ့နော်

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။ 

 

 

Leave a Reply

Your email address will not be published.