Mon. Nov 29th, 2021

ကြောင်ရဲ့လျှာ အကြောင်း

သင့်အိမ်မှာ ကြောင်တကောင်ရှိတယ်ဆိုရင် သင့်ကိုယ်သင် ကျေးဇူးတင်လိုက်ပါ။ ဒါပေမယ့် အိမ်တစ်အိမ်မှာ ကြောင်ရှိဖို့ကရှားပါတယ်။ ပုံမှန်အားဖြင့် ခွေးလေးတွေက ချစ်စရာကောင်းတဲ့အပြုအမူကို ပြုမူကြပြီး သူတို့ရဲ့ နူးညံ့ချိုမြိန်မှုတွေကို ပေးလေ့ရှိပါတယ်။ ဒါပေမယ့် ကြောင်လေးတွေရဲ့အနမ်းကတော့ စက္ကူကြမ်း တစ်ရွက်လို ကြမ်းတမ်းလှပါတယ်။ ယခုအခါမှာတော့ ထို‌ေကြာင်လေးတွေရဲ့ ထူးခြားချက်ကို ဖော်ပြပေးသွားပါမယ်။ ကဲ ကျွန်တော်တို့နဲ့အတူတူ ကြောင်လေးတွေရဲ့ လျှာထူးခြားချက်ကို သွားကြည့်လိုက်ကြရအောင်ဗျာ

(၁) ကြောင်ရဲ့လျှာက keratin တွေနဲ့ တည်ဆောက်ထားလို့ ကြမ်းတမ်းတာဖြစ်ပါတယ်

ကြောင်ရဲ့ လျှာကို အနီးကပ်ကြည့်ကြည့်မယ်ဆိုရင် အမွေးအမျှင်တချို့ရှိနေတာကို မြင်တွေ့ကြရမှာပါ။ ထိုအမွေးတွေကို fipiforက အရသာဘူးဟုခေါ်ပြီး ကျနော်တို့နှင့်မတူဘဲ သူတို့ကို keratin တွေနဲ့ ပြုလုပ်ထားတာပါ။ keratin က ခန္နာကိုယ်ကို သဘာဝအတိုင်း ကြီးထွားစေတဲ့ပစ္စည်းပါ။ တကယ်တော့ အဲဒါက ကျနော်တို့ရဲ့လက်သည်းကနေ ဖြစ်ပေါ်လာတာပါ။ ထို့ကြောင့် လက်သည်းတွေလိုပဲ ကြောင်တွေရဲ့အရသာခံဖုကြီးတွေက ပြောင်းလွယ်ပြင်လွဲနှင့် ခိုင်မာပါတယ်။ သူတို့ရဲ့လျှာများသည် ချိတ်ကောက် ဒါမှမဟုတ် သံတိုင်များကဲ့သို့ ပုံသဏ္ဍာန်ရှိပါတယ်။ ဒါကြောင့် ကြောင်တစ်ကောင်က သင့်ကိုလာထိတဲ့အခါမှာ ကြမ်းတမ်းတယ်လို့ခံစားရတာပါ။

(၂) သန့်ရှင်းရေးပြုလုပ်နိုင်ရန်အတွက်လည်းအဆင်ပြေခြင်း

မကြာသေးမီကပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာ feline filiform အရသာဖုများသည် ချိတ်ကဲ့သို့ပုံသဏ္ဌာန်ရှိသည့်အပြင် အပေါက်များလည်းပါ ပါတယ်။ ထိုအပေါက်တွေက ခံတွင်းထဲမှာရှိတဲ့ တံထွေးတွေကို စုပ်ယူနိုင်ဖို့အတွက် အကူအညီပေးပါတယ် ။ နားလည်နိုင်အောင်ပြောရမယ်ဆိုရင် ကြောင်ရဲ့လျှာကို ခေါင်းဖြီး ဒါမှမဟုတ် စုတ်တံတစ်မျိုးကဲ့သို့ စဉ်းစားကြည့်လိုက်ပါ။ တံတွေးများနှင့် ပြည့်နက်နေတဲ့အရသာခံဖုများသည် တိရစ္တာန်တွေရဲ့ အမွှေးလွှာများ ၊ ကပ်ပါးကောင်များနှင့် ဆံပင်များကို ဖယ်ရှားပေးနိုင်ပါတယ်။ ကြောင်တွေရဲ့အမွေးက အမြဲတမ်းသန့်ရှင်းနေပြီး ဘာကြောင့်အနံ့မရှိရသလဲဆိုတာ မထူးဆန်းတော့ပါဘူး။

(၃) ကြောင်တစ်ကောင်က သူ့ကိုယ်သူလျှက်လိုက်တဲ့အခါတိုင်း စိတ်အေး‌စေပါတယ်

ပျမ်းမျှအားဖြင့် ကြောင်တစ်‌ေကာင်သည် သူ့ရဲ့အမွေးများကို ဖြီးရင်းအားဖြင့် 24 ရာခိုင်နှုန်းအထိ ဖြုန်းနိုင်သည်ဟုယူဆရပါတယ်။ ထိုကြောင့် ဤအမူအကျင့်သည် သန့်ရှင်းရေးအပြင် တခြားအကြောင်းအတွက် တုန့်ပြန်မှုလားဆိုတာကို ရှာဖွေခဲ့ကြပါတယ်။ တွေ့ရှိချက်များအရ ကြောင်တစ်ကောင်ကို အပူဓာတ်ပုံရိုက်ကြည့်သောအခါ ထိုတံတွေးများသည် အမွေးများပေါ်သို့ ပျံ့နှံ့သွားပြီး ခန္ဓာကိုယ်ရဲ့ အပူအအေးကို ထိန်းညှိပေးပါတယ်။

(၄) သိပ္ပံပညာရှင်များသည် ကြောင်၏လျှာပုံစံကို အတုယူ၍ စမတ်ကျတဲ့ စုတ်တံတစ်ခုထုတ်လုပ်ရန် ကြိုးပမ်းနေကြပါတယ်

သုတေသနပညာရှင်များက မတူညီတဲ့ feline မျိုးစိတ်၆မျိုး၏ လျှာပုံစံတွေကို လေ့လာခဲ့ပြီး အဖြစ်နိုင်ဆုံးပုံစံကို ရှာဖွေခဲ့ကြပါတယ် ခြင်္သေ့၏လျှာကလဲ ကြောင်ကဲ့သို့ပင် အလုပ်လုပ်ပါတယ်။ ဤတွေ့ရှိချက်များမှ ထွက်ပေါ်လာသော စုတ်တံကို TIGR ( လျှာမှုတ်သွင်းရန်အတိုကောက်) ဟုခေါ်ပါသည်။ ထိုအရာသည် အပေါ်မှာဖော်ပြခဲ့တဲ့ ကြောင်ရဲ့အရသာဖုများကို အတုပြုလုပ်ရန် ရည်ရွယ်ထားပါတယ်။ ထိုဒီဇိုင်းထုတ်လုပ်သူတွေက ဆံပင်ကို မြတ်နိုးတဲ့လူတွေအတွက် နှင့် ဆိုဖာနှင့်အခြားဝတ်တွေကို ဖယ်ရှားနိုင်ရန်အတွက် ထုတ်လုပ်ခဲ့ကြပါတယ်။

ယခုလို ဗဟုသုတရစရာများကို ဖတ်ရှုလိုက်ရတဲ့အတွက် ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ နောင်လည်း ယခုအကြောင်းအရာများကို ဖော်ပြပေးသွားမှာဖြစ်လို့ ကျနော်တို့ရဲ့ပေ့ခ်ျလေးကို Like & followပြုလုပ်ထားဖို့ မမေ့ပါနဲ့နော်။

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။ 

 

Leave a Reply

Your email address will not be published. Required fields are marked *