Mon. Dec 6th, 2021

စိတ်ဖိစီးမှုတွေ လျှော့ချနိုင်မယ့် အကောင်းဆုံးနည်းလမ်းများ

စိတ်ဖိစီးမှုကို လျှော့ချရာမှာ အဓိက ကတော့စိတ်ဖိစီးမှုဆိုတာ ကျနော်တို့အသုံးချနိုင်တဲ့ အချက်အလက်တခုဆိုတာ နားလည်ထားရမယ်လို့ Kathleen Hallက ဆိုခဲ့ပါတယ်။

ကျနော်တို့ ယခုအောက်မှာဖော်ပြပေးမဲ့အကြောင်းအရာပါတော့ စိတ်ဖိစီးမှုကိုလျှော့ချနိုင်မယ့် အကောင်းဆုံးနည်းလမ်းတွေဖြစ်ပါတယ်

(၁) အကယ်၍ စိတ်ဖိစီးနေတဲ့အ‌ေခြအနေတွေကို မဖြတ်ကျော်နိုင်လျင် ပြောင်းလဲပြစ်ဖို့ကြိုးစားလိုက်ပါ

တစ်ခါတစ်လေမှာ သင့်ရင်နေ့စဉ်ဘဝကို ပြောင်းလဲပြီး ထိန်းချုပ်လိုက်ခြင်းက ပိုကောင်းပါတယ်။ သင်အရာတစ်ခုခုလုပ်တိုင်း ခံစားနေမယ့်အစား ဒီအတိုင်းကျော်ပစ်လိုက်ပါ

(၂) စိတ်ဖိစီးမှုကိုမပြောင်းလဲနိုင်ရင် သင့်ကိုယ်သင်ပြောင်းလဲပါ

စိတ်ဖိစီးနေရတဲ့အခြေအနေတွေကို အကောင်းဘက်ကနေတွေးပေးပါ။ ဘယ်အရာပေါ်ကိုမဆို အကောင်းဘက်ကိုတွေးပေးလိုက်ပါ။ ထိုရိုးရှင်းတဲ့အရာတစ်ခုက သင့်ကိုသင်ပြောင်းလဲပစ်ဖို့ အကူအညီပေးနိုင်ပါတယ်။

(၃) အနားယူလိုက်ပါ

အလုပ်ကနေ ဒါမှမဟုတ် ငိုနေတဲ့ကလေးဆီကနေ၊ တစ်စတစ်စကြီးထွားလာတဲ့အကြွေးဝယ်ကတ်တွေဆီကနေ ရှောင်ပြေးဖို့က ခက်ခဲတဲ့အရာတခုပါ။ ဒါပေမယ့် သင့်ကိုယ်သင် ခဏလောက်ပဲဖြစ်ဖြစ် လွတ်လပ်ခွင့်ပေးလိုက်ပြီဆိုတာနဲ့ ထိုစိုးရိမ်မှုတွေက လျော့ကျသွားမှာပါ

(၄) ဖြည်းဖြည်းနဲ့မှန်မှန်အသက်ရှူပါ

ဖြည်းဖြည်းနဲ့မှန်မှန်အသက်ရှုခြင်းက ကျနော်တို့ခန္တာကိုယ်နှင့် ဦးနှောက်လုပ်ဆောင်မှုတွေကို ကောင်းစေပါတယ်။ ထိုအရာကို အကြိမ်များများလေးကျင့်ခြင်းအားဖြင့် သင့်ခန္ဓာကိုယ်နှင့်စိတ်ကို ကြည်လင်သန့်ရှင်းစေမှာပါ။

(၅) စိတ်နဲ့ခန္ဓာကိုယ်ကို ကျန်းမာစေတဲ့လေ့ကျင့်ခန်းက အကျိုးကျေးဇူးအများကြီးရရှိ‌ေစပါတယ်

တိတ်ဆိတ်တဲ့နေရာတစ်ခုရှာပါ။ သက်တောင့်သက်သာနေပါ။ စကားလုံး 1 ကနေ 5 အထိကိုပဲ အာရုံစိုက်ပြီး ထပ်ခါထပ်ခါရွတ်နေပါ ။ 10မိနစ်လောက် အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။ ထိုအရာက သင့်ခန္ဓာကိုယ်ထဲကဟော်မုန်းတွေကို ညီမျှစေပြီး ကျန်းမာရေးအတွက်ကောင်းပါတယ်။

(၆) စိတ်ဖိစီးမှုတွေကို ဖြေရှင်းရာမှာ ကျန်းမာရေးရှိခိုက်‌ေစမယ့်အရာတွေကို ရှောင်ကြဉ်ပါ

အစာတွေအလွန်အကျွံစားခြင်း ဒါမှမဟုတ် အရက်သောက်ခြင်းက စိတ်ဖြေလျှော့ဖို့အတွက် အကောင်းဆုံးနည်းလမ်းမဟုတ်ပါဘူး။ ထိုအရာတွေက ကျန်းမာရေးထိခိုက်စေတဲ့အတွက်ကြောင့် ထို့ထက်ကောင်းတဲ့နည်းလမ်းတွေကိုရှာဖွေပါ

(၇) ဂျာနယ်ဖတ်ခြင်းက သင့်ကျန်းမာရေးအတွက် သင့်လျော်ပါတယ်

ဂျာနယ်ဖတ်ခြင်းက စိုးရိမ်စိတ်များခြင်းနှင့် အတွေးလွန်ခြင်းတွေကို သက်သာစေပါတယ်။ သင့်ရဲ့အလိုမကျမှုတွေကို စာရွက်ထဲမှာ ချန်ထားခဲ့လိုက်ပါ။

(၈) ကတိပြုတာတွေက သင့်ကျန်းမာရေးကို ထိခိုက်စေပါတယ်

သုတေသနပြုချက်တွေအရ အတွေးနှင့်စိတ်ခံစားမှုတိုင်းသည် ကျနော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ထို့ကြောင့် ကိုယ်တတ်နိုင်တာကိုပဲ ကတိပေးကြပါ။

(၉) သူငယ်ချင်းက ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်အခြေအနေအတွက် အကောင်းဆုံးပါပဲ

သူငယ်ချင်းဆက်ဆံရေးက ဘဝအ‌ေခြအနေညီမျှဖို့နှင့် ကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။ လေ့လာမှုတွေအရ အထီးကျန်ခြင်းက ကိုယ်ခံအားလျော့ကျစေပြီး သေဆုံးနိုင်ခြေပိုများပါတယ်။

(၁၀) လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ၊ အိပ်ပါ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာတွေကိုစားပါ

ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားခြင်းက စိတ်ဖိစီးတာကို လျှော့ချပေးပါတယ်။ သင့်ရဲ့တစ်နေ့တာကို မနက်စာနှင့်အတူ စတင်ဖြစ်အောင်စတင်လိုက်ပါ။ လုံလုံလောက်လောက်အိပ်ပါ။ အိပ်စက်ခြင်းက ခန္ဓာအတွက်လည်းကောင်းမွန်ပြီး စိတ်ဖိစီးတာကိုပါ လျှော့ချနိုင်ပါတယ်။

(၁၁) အရာဝတ္ထုတွေပေါ်ကို အာရုံစိုက်ခြင်းဖြင့် သတိပြုမိအောင်နေပါ

ခဲတံတစ်ချောင်းနဲ့ ပုံစံ၊ အရောင်နဲ့ အလေးချိန်တွေကို သတိထားပြီးကြည့်ပါ။ ဒါမှမဟုတ်လည်း ချောကလက်အခဲကနေ အရည်ပျော်သွားသည်အထိ စောင်ကြည့်ပါ။ စိတ်လွှတ်ထားခြင်းက အနားယူခြင်းပါပဲ။ လူတိုင်းကတော့ မတူညီနိုင်ပါဘူး။

အကယ်၍ သင်က စိတ်ဖိစီးစရာ အခြေအနေနဲ့ ကြုံတွေ့နေရတယ်ဆိုရင် အထက်ပါနည်းလမ်းတွေကို သုံးကြည်ဖို့ အကြံပေးပါရစေ။ နောငိလည်း ယခုလိုဗဟုသုတများကို ဖော်ပြပေးသွားမှာဖြစ်လို့ ဖော်ပြပေးသွားမှာဖြစ်လို့ ကျနော်တို့ရဲ့ပေ့ချ်လေးကို Like & Followပြုလုပ်ထားဖို့ မမေ့ပါနဲ့နော်။

 

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။ 

 

 

Leave a Reply

Your email address will not be published. Required fields are marked *