Tue. Nov 30th, 2021

သေချာပေါက်သွားရောက် လည်ပတ်သင့်သော ဥရောပမြို့ပြ (၁၅) မြို့

နွေရာသီရောက်လာပြီဖြစ်၍ နောက်လာမည့်အားလပ်ရက်အတွက် သင်စဉ်းစားနေပြီဖြစ်မှာပါ။ အကယ်၍ အစီအစဉ်တစ်စုံတစ်ရာ မပြုလုပ်ရသေးပါက၊ ဤဆောင်းပါးသည် သင့်အား ကူညီပေးနိုင်ပါလိမ့်မယ်။ လူအများစုသည် ၎င်းတို့၏ အားလပ်ရက်အတွက် ထိပ်တန်း ခရီးသွားနေရာများကိုသာ ရွေးချယ်ကြပါတယ်။ ဒါပေမယ့် ဒီနွေရာသီမှာ အသစ်အဆန်းတွေကို စမ်းကြည့်သင့်ပါတယ်။

Bruges, Belgium

ဂျင်းပေါင်မုန့်ကဲ့သို့သော အိမ်များ၊ ခုံးတံတားများဖြင့် ချိတ်ဆက်ထားသော ပြီးပြည့်စုံသော ချစ်စဖွယ်လမ်းကြားများ နှင့် ကျယ်ပြန့်သောတူးမြောင်းများကွန်ရက်များက Bruges ကို ‘မြောက်ဘက်ဗင်းနစ်မြို့’ ဖြစ်စေပါတယ်။ လူအတော်များများက ၎င်းကို ဥရောပရှိ အလှဆုံးမြို့များထဲမှ တစ်ခုဟု ယူဆကြပါတယ်။

Sintra, Portugal

အံ့သြစရာကောင်းလောက်အောင် တောက်ပပြီး ပုံမှန်မဟုတ်သော Sintra သည် သင်ဒဏ္ဍာရီပုံပြင်ထဲသို့ ဝင်ရောက်လာသည်ဟု ခံစားရစေမည်ဖြစ်ပါတယ်။ ၎င်း၏ကြီးကျယ်ခမ်းနားသော ရောင်စုံရဲတိုက်များနှင့် ထူးခြားဆန်းပြားသော ဥယျာဉ်များဖြင့် ဤမြို့ကို လည်ပတ်ရန် လက်လွတ်မခံသင့်ပါ။

Brasov, Romania

လူတွေက Brasov ကို ‘The Pearl of Transylvania’ လို့ အကြောင်းမရှိပဲ မခေါ်ကြပါဘူး။ နှင်းဖုံးတောင်တန်းများကြားရှိ ချိုင့်ဝှမ်းတစ်နေရာတွင် ဝှက်ထား သော ရှေးဟောင်းမြို့များ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်လိုသူများအတွက် ပြီးပြည့်စုံသောနေရာတစ်ခုဖြစ်ပါတယ်။ Brasov သည် အလယ်ခေတ်ကာလတွင် အေးခဲနေသောမြို့နှင့်တူခဲ့ပါတယ်။ ရာစုနှစ်များစွာ သက်တမ်းရှိ ခံတပ်များ၊ ကြွေပြားအမိုးများပါသော အိမ်ဟောင်းများနှင့် နာရီနှင့်အမျှ မြည်နေသည့် နာရီစင်များက ငြိမ်သက်အေးချမ်းသော ခံစားမှုကို ဖန်တီးပေးပါတယ်။

Gdansk, Poland

ဘောလ်တစ်ပင်လယ်၏ ကမ်းရိုးတန်းတွင် တည်ရှိသော ဤမြို့ဟောင်းသည် ထူးခြားသောဝန်းကျင်‌ရှိပါတယ် ။ ဇိမ်ခံကော်ဖီဆိုင် ဒါဇင်ပေါင်းများစွာမှသည် ပြတိုက်များ၊ ပြပွဲများမှာပါ လူတိုင်းအတွက် ထူးဆန်းသောအရာများကို တွေ့ကြပါလိမ့်မယ်။

Mostar, Bosnia and Herzegovina

တံတားဟောင်းက မြို့ကို ဘော့စနီးယားနှင့် ခရိုအေးရှားဟူ၍ နှစ်ပိုင်းခွဲထားပါတယ် ။ ယခုအခါ Mostar သည် အရှေ့နှင့် အနောက် ယဉ်ကျေးမှုများ ဆုံဆည်းရာ ထူးခြားသော နေရာတစ်ခု ဖြစ်ပါတယ် ။ ဒါကို ဗိသုကာလက်ရာများတွင်သာမက အစားအစာနှင့် ဒေသဆိုင်ရာ ရိုးရာဓလေ့များတွင်လည်း ခံစားရပါတယ်။

Bled, Slovenia

Bled သည် Julian Alps တောင်ခြေရင်းတွင် တည်ရှိပါတယ် ။ နံနက်စောစော ရေကန်၏ ချောမွေ့သောမျက်နှာပြင်ကို မြင်နေရသည့်အချိန်ဟာ ငြိမ်သက်နေသော တောင်တန်းရှုခင်းများနှင့်အတူ တရားထိုင်နေရသကဲ့သို့တည်ငြိမ်လှပါတယ်။

Novi Sad, Serbia

မြောက်မြားစွာသောပြတိုက်များ၊ ပြခန်းများနှင့်အထိမ်းအမှတ်အဆောက်အအုံများအတွက်လူသိများသော Novi Sad ကိုဆားဗီးယားနိုင်ငံ၏ယဉ်ကျေးမှုမြို့တော်အဖြစ်သတ်မှတ်ခံရသည်မှာအံ့သြစရာမဟုတ်ပါဘူး။Novi Sad ၏သင်္ကေတမှာ Petrovaradin ခံတပ်ဖြစ်ပြီး ၎င်းသည် မြို့နှင့် Danube ၏ ရင်သပ်ရှုမောဖွယ်ရှုခင်းများကို ပေးဆောင်ပါတယ် ။ ရောင်စုံအိမ်တွေနဲ့ ဒီချစ်စရာကောင်းတဲ့မြို့လေးမှာ ကုန်ဆုံးခဲ့ရတဲ့အချိန်တွေကို သင်နောင်တရမှာမဟုတ်ပါဘူး။

Koman, Albania

ဤထူးခြားသောမြို့ဟာ Komani ရေကန်၏သဘာဝအလှကိုကြည့်ရှုသင့်တော်လှပါတယ်။ စိမ်းလန်းစိုပြေသောရေ၊ စိမ်းလန်းစိုပြေသော လှပသောကမ်းခြေများ ထက်ပိုမိုအံ့သြဖွယ်ကောင်းသောနေရာကို ရှာမတွေ့နိုင်တော့ပါဘူး။

Ronda, Spain

ရာစုနှစ်များစွာ သက်တမ်းရှိ ထိုမြို့သည် ချောက်ကမ်းပါးပေါ်တွင် ပျံဝဲနေပုံရပါတယ်။ မြို့၏ထူးခြားသော ဝန်းကျင်ကိုခံစားရင်း မြို့၏လမ်းဟောင်းများတွင် လမ်းပျောက်ရခြင်းသည် အံ့သြစရာကောင်းလှပါတယ်။

Český Krumlov, Czech Republic

ခင်းထားသော လမ်းများနှင့် တံတားများ၊ ချစ်စရာကောင်းသော အိမ်များနှင့် ဧည့်ဝတ်ကျေပွန်သည့် လူများနှင့်အတူ ချစ်စရာကောင်းသော ဤမြို့ငယ်လေးက ဧည့်သည်အများစု၏ နှလုံးသားကို စွဲဆောင်စေသည်မှာ အံ့သြစရာလေးပါ။

Annecy, France

ရေကန်ကမ်းစပ်တွင်ရှိသော ဤမြို့ငယ်လေးတွင် အချိန်မျညးဟာ ရပ်တန့်နေပုံရပါတယ်။ မြို့အနှံ့ လမ်းလျှောက်ခရီးထွက်ပြီး ရဲတိုက်ဟောင်းကို သွားလည်ဖို့ မမေ့ပါနဲ့။

Porto, Portugal

ပေါ်တူဂီနိုင်ငံ မြို့တော်ဟောင်း၏ ပျော်ရွှင်ဖွယ်ပတ်ဝန်းကျင်ကသင့်အား စွမ်းအင်နှင့် စိတ်လှုပ်ရှားမှုများကို ဖြည့်ဆည်းပေးမည်ဖြစ်ပါတယ် ။ မြို့ကြီးပြကြီးတွေရဲ့ ရှုပ်ယှက်ခတ်မှုကို နှစ်သက်တယ်ဆိုရင် ဒီနေရာက သင့်အတွက်ပါပဲ။

Bergamo, Italy

Bergamo ရဲ့ထူးခြားချက်က ကျဉ်းမြောင်းတဲ့ ရှေးဟောင်းလမ်းတွေကို နာရီနဲ့ချီပြီး စူးစမ်းလေ့လာလို့ရပါတယ်။ လမ်းလျှောက်ခရီးသွားပြီးနောက်၊ ဒေသခံစားသောက်ဆိုင်များထဲမှ တစ်ခုသို့သွားရောက်ကြည့်ရှုပါ။၎င်းတို့တွင် ရွေးချယ်ရန် ပီဇာအမျိုးအစား 250 ကျော် ရှိပါတယ်။

Bordeaux, France

ဤခမ်းနားထည်ဝါသောမြို့သည် သင့်အား ၎င်း၏အေးချမ်းသောလေထုဝန်းကျင်ကို ခံစားစေမည်ဖြစ်ပါတယ်။ဤမြို့မှာ ဝိုင်ကောင်းကောင်း တစ်ခွက်သောက်လိုက်မှ သင့်ဘဝရဲ့ အခိုက်အတန့်တိုင်းကို ဘယ်လိုပျော်ရွင်ရမလဲဆိုတာ သိလာမှာပါ။

Albarracin, Spain

ကျောက်ဆောင်အထစ်များပေါ်တွင် ရပ်တည်နေသော ဤပန်းရောင်မြို့တော်သည် ဒဏ္ဍာရီပုံပြင်နိုင်ငံတစ်ခုနှင့်တူပါတယ်။ Albarracin သို့သွားရောက်လည်ပတ်ပြီး ၎င်း၏ကျဉ်းမြောင်းသောလမ်းများတွင် လမ်းပျောက်လိုက်ပါ။ ဒါဟာ အံ့သြစရာကောင်းတဲ့ အတွေ့အကြုံတစ်ခုပါပဲ

 

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။ 

 

 

Leave a Reply

Your email address will not be published. Required fields are marked *