Mon. Dec 6th, 2021

တိချစ်သူများအတွက် ခွေးလေးများမကြိုက်သော အမူအကျင့် (၁၂) ခု

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ခွေးများကို သတိမထားမိဘဲ စိတ်ရှုပ်စေမည့် လုပ်ရပ်များလုပ်မိတတ်ကြပါတယ် ။

ကျွန်တော်တို့ရဲ့ ချစ်လှစွာသော အိမ်မွေးတိရိစ္ဆာန်လေးတွေ လုံးဝမနှစ်သက်တဲ့ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ အလေ့အကျင့် ၁၂ ခုအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ပွေ့ဖက်ခြင်း

 

အိမ်မွေးတိရိစ္ဆာန်တွေကို လက်နှစ်ဖက်နဲ့ ဖက်ထားတာမျိုးက အမှားမရှိဘူးလို့ ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တမ်းတော့ ခွေးအများစုက အဲဒါကို မကြိုက်ကြပါဘူး။ ပွေ့ဖက်ခြင်းကို ခံနိုင်ရည်ရှိသော်လည်း အချို့က ၎င်းကို ကြီးစိုးမှုအဖြစ် မြင်ကြပါလိမ့်မယ်။

(၂) အမူအရာထက်စကားလုံးများကိုပိုသုံးခြင်း

ခွေးများသည် ကျွန်ုပ်တို့ပြောသည်ကို နားမလည်နိုင်သောကြောင့်၊ စကားစုအချို့မှလွဲ၍ ကျွန်ုပ်တို့၏အမူအရာများကိုသိရန် လိုအပ်ပါတယ်။ ထို့ကြောင့် နှုတ်နှင့် ရုပ်ပိုင်းဆိုင်ရာ ပညတ်များကို ရောနှောခြင်းဟာ ကျွန်ုပ်တို့၏ တိရိစ္ဆာန်များအတွက် အလွန်ရှုပ်ထွေးစေပါတယ်။

(၃) ခေါင်းကိုပုတ်ခြင်း

ခွေးတစ်ကောင်ကို လက်လှမ်းဆွဲပြီး နမ်းတာဟာ ကျွန်တော်တို့အတွက် လုံးဝပုံမှန်ပါပဲ။ သူတို့ရဲ့ ခေါင်းကို အသာအယာပုတ်နေပေမယ့်လည်း အများစုကတော့ အဲဒါကို တကယ်မနှစ်သက်ကြပါဘူး။

(၄) စိုက်ကြည့်ခြင်း

ကျွန်ုပ်တို့ အိမ်‌မွေးသူငယ်ချင်းများ၏ မျက်လုံးများကို စိုက်ကြည့်နိုင်သော်လည်း သင့်အား မသိသောခွေးနှင့် မျက်လုံးချင်းဆုံခြင်းဟာ ပြင်းထန်သော ရန်လိုတုံ့ပြန်မှုများကိုဖြစ်ပေါ်စေနိုင်သောကြောင့် သတိပြုရပါမယ်။

(၅) သွန်သင်မှုမရှိခြင်း

ခွေးများသည် စည်းစနစ်တကျလုပ်ရိုးလုပ်စဉ်ကို လိုလားကြပြီး ၎င်းတို့ အပေါ် ကန့်သတ်ချက် ရှိနေသည်ကို သိစေရန် လိုအပ်ပါတယ်။ စည်းမျဥ်းစည်းကမ်းများကို လိုက်နာခြင်းဖြင့် ၎င်းတို့ကို စိတ်ကျေနပ်စေပြီး သင့်အပေါ် ၎င်းတို့၏ ယုံကြည်မှုကို တည်ဆောက်ရန် ကူညီပေးပါလိမ့်မယ်။

(၆) တင်းကျပ်စွာချည်နှောင်ခြင်း

ခွေးများက ကျွန်ုပ်တို့၏ အတွေးအမြင်များနှင့် ခံစားချက်များကို ကြိုးမှတဆင့် အဓိပ္ပာယ်ပြန်ဆိုနိုင်ပါတယ် ။ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခြင်းဖြင့် သင်စိတ်ဖိစီးနေကြောင်း သူတို့ကို အချက်ပြစေပြီး ၎င်းတို့ကိုလည်း စိတ်မသက်မသာဖြစ်စေပါတယ်။ ကြိုးကို ဖြည်လိုက်ခြင်းက အရာရာ အဆင်ပြေကြောင်း သူတို့ကို ပြောပြပြီး သူတို့လည်း စိတ်အေးသွားနိုင်ပါတယ်။

(၇) အနံ့ခံစူးစမ်းခွင့်ပြုပါ

၎င်းတို့၏ပတ်ဝန်းကျင်ကို အနံ့ခံစူးစမ်းလေ့လာခြင်းသည် ခွေးတစ်ကောင်၏ ထုံးစံဖြစ်ပါတယ်။ လမ်းလျှောက်ရင်း အနံ့ခံဖို့ အချိန်မပေးဘူးဆိုရင် သင့်ခွေးက အိမ်တံခါးအပြင်ဘက်က ကမ္ဘာကြီးကို စူးစမ်းယူဖို့ အခွင့်အရေးကို လက်လွတ်သွားနိုင်ပါတယ်။

(၈) သူတို့မကြိုက်သော လူ သို့မဟုတ် ခွေးနှင့်ထိတွေ့ဆက်ဆံစေခြင်း

၎င်းတို့ကြောက်သော သို့မဟုတ် လုံးဝမဆက်ဆံလိုသော အခြားခွေးများ သို့မဟုတ် သူစိမ်းများနှင့် အဆက်အသွယ်လုပ်ခြင်းဟာ သူတိူ့၏ အကြိုက်နှင့် အလွန်ဆန့်ကျင်ဘက်ဖြစ်ပြီး အကိုက်ခံရသည့်တိုင် လက်တုံ့ပြန့်ပါလိမ့်မယ်။

(၉) တည်ငြိမ်စွာနေခြင်း

ကျွန်ုပ်တို့၏ ခန္ဓာကိုယ် အမူအရာဘာသာစကားကို ဖတ်ရှုရာတွင် ကျွမ်းကျင်သူဖြစ်သော ခွေးများသည် ကျွန်ုပ်တို့၏ခံစားချက်ကို အတိအကျ စာနာရန် လွယ်ကူပါတယိ။ သင်စိုးရိမ်မှုများလေလေ သင့်ခွေးက ပိုစိုးရိမ်လေလေပါပဲ။ သင့်အိမ်မွေးတိရိစ္ဆာန်လေးတွေကို စိတ်တည်ငြိမ်စေချင်ရင် သင်ကိုယ်တိုင် အရင်ဆုံး စိတ်အေးအေးထားရပါမယ်။

(၁၀) ပျင်းရိဖွယ်ဘဝ

 

 

အိမ်ဝေယျာဝစ္စများလုပ်ဆောင်ပြီး ကစားရန် စိတ်ဝင်စားမှုနည်းပါးသော ပိုင်ရှင်ဟာ အိမ်မွေးတိရစ္ဆာန်တိုင်း၏ အိမ်မက်ဆိုးဖြစ်ပါတယ် ။ ဒါကြောင့် သင်အိမ်ပြန်လာဆို ကစားဖို့ တနေကုန်စောင့်နေတဲ့ သစ္စာရှိသူငယ်ချင်းနဲ့ ပျော်ရွှင်စရာအချိန်တွေကို ဖြတ်သန်းနိုင်ပါ‌စေ။

(၁၁) အနံ့ပြင်းများ

ခွေးများသည် ကျွန်ုပ်တို့ထက် အဆ 10,000 မှ 100,000 အထိ အနံ့ခံနိုင်မှု ပိုများပါတယ်။ ထို့အတွက်ကြောင့် ၎င်းတို့သည် ပြင်းထန်သောရနံ့များနှင့် ထိတွေ့ခြင်းကို မကြိုက်ကြပေ။ ဒါကြောင့် သူတို့ရဲ့ အနံ့အာရုံကို အနှောင့်အယှက်ဖြစ်စေတဲ့ တစ်ခုခုကို သုံးဖို့ စီစဉ်တဲ့အခါ၊ သူတို့နဲ့ ဝေးဝေးမှာ ထားဖို့ သတိရပါ။

(၁၂) ရေချိုးပေးခြင်း

ရေချိုးကန်ကြမ်းပြင်က အဆင်မပြေတဲ့အတွက် တချို့ခွေးတွေက ရေချိုးတာကို မုန်းကြပါတယ်။ ဤပြဿနာကိုဖြေရှင်းရန် ရေစည်အောက်ခြေတွင် ချော်ဒဏ်ခံနိုင်သော ဖျာကို ထားကြည့်ပါ။ ခွေးများအတွက်သာ ဖော်စပ်ထားသည့် ခေါင်းလျှော်ရည်ကို သုံးပါလေ။

 

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ 

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။ 

 

 

Leave a Reply

Your email address will not be published. Required fields are marked *