Mon. Dec 6th, 2021

“ Star Wars” ဇာတ်ကား အပြင်အဆင်များဖြင့် အသေးစိတ်ပြင်ဆင်ထားသော Airbnb ဟိုတယ်

ဟိုတယ်တွေကိုအုပ်စု ၂ စုခွဲနိုင်ပါတယ်။ ခရီးဆောင်သေတ္တာများကိုပါ ထားခဲ့ပြီးထွက်ပြေး ချင်မိတဲ့ဟိုတယ်မျိုး ဒါမှမဟုတ် အမြဲနေချင်ပြီး မပြန်ချင်တော့တဲ့ စိတ်ချမ်းမြေ့ဖွယ်ဟိုတယ်မျိူးဟူ၍ဖြစ်ပါတယ်။ အကယ်၍ သင်သာ ဒုတိယတစ်မျိုးကို မကြုံဖူးပါက ဖလော်ရီဒါရှိ Airbnb ဟိုတယ်ကို တစ်ချက်လေ့လာကြည့်ရအောင်ပါ။ ၎င်း၏ပိုင်ရှင်သည် ဧည့်သည်များအား မမေ့နိုင်ဖွယ် အတွေ့အကြုံများပေးနိုင်ရန်ဖန်တီးထားပါတယ်။ ဒီနေရာက Star Wars အမာခံ ပရိတ်သတ်တွေအားလုံးကိုအထင်ကြီးစေပါလိမ့်မယ်။

သင့်ကို အခန်းတွေအများကြီးပြပါမယ်။ ထို့နောက် သင်မည်မျှ ကြာကြာ နေလိုသည်ကို ရွေးချယ်ရုံပါပဲ။

– Star Wars ပုံရိပ်များဖြင့်ဖန်တီးထားသော အခန်းပေါင်းများစွာရှိပါတယ်။

– Millennium Falcon ၏ လေယာဉ်မှူးအခန်းအတွင်းမှာလဲ သင်အိပ်နိုင်ပါတယ်။

– အကယ်၍ အခြားအခန်းများက ပူတယ်ခံစားရပါက Hoth-themed boudoir ကိုလည်းရွေးချယ်နိုင်ပါတယ်။

– ဘေးချင်းကပ်ပြီး ဘယ်သူအရင်အိပ်ပျော်မလဲ ပြိုင်လို့လဲ ရပါတယ်။

– တိမ်မြို့တော်ထက်မှ လေလွင့်အိပ်ယာက သင့်ကို နှစ်ခြိုက်စွာအိပ်ပျော်စေပါလိမ့်မယ်

– Mustafar ၏ချော်ရည်ရှုခင်းများအကြား။သင့်အာရုံကြောများကို စစ်ကြည့်ပါ

– လေ‌ပေါ်မှာအိပ်ရန် ကြောက်တတ်သူများအတွက် ရွှံ့ညွန်အခန်း

– တဲမွေ့ယာလေးကိုလည်း ရွေးချယ်အိပ်စက်နိုင်ပါတယ်

– Naboo ရဲတိုက်ကြီးသိူ့ ရောက်သွားသည့်အလား

– ကြယ်တာရာကောင်းကင်ကိုခံစားချင်သူတွေအတွက် အာကာသယာဉ်မှ မြင်ကွင်းကျယ်

 

– ရေချိုးခန်းတစ်ခုစီတိုင်းမှ ကွဲပြားခြားနားသော ဇာတ်ကောင်အပြင်အဆင်များ

– အခြားအခန်းများမှ ထူးခြားသော အထူးအသေးစိတ်ပြင်ဆင်မှုများ

သင်သာဆို ဘယ်အခန်းကို ရွေးမလဲ ??

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *