Mon. Dec 6th, 2021

ရင်သပ်ရှူမောဖွယ်ရှုခင်း ရောင်စုံပန်းထိုးများကို ဖန်တီးသည့် ပန်းချီပန်းထိုးဆရာမတစ်ဦး

Vera Shimunia ဟာ အနုပညာနှင့်ပတ်သက်လာလျှင် မည်သည့်ဥပဒေ သို့မဟုတ် ကန့်သတ်ချက်များနှင့်မျှ မနှစ်သက်သည့် ပန်းထိုးနတ်သမီးဖြစ်ပါတယ်။ လူတို့ဟာ စုတ်တံနှင့်ခဲတံများဖြင့်ဆေးခြယ်ကြ‌သော်လည်း ဤအမျိုးသမီးက ရင်သပ်ရှုမောဖွယ်ရှုခင်းများကို ပုံဖော်ရန် သူမ၏ အပ်နှင့် ရောင်စုံချည်မျှင်ကို အသုံးပြုကာ စိတ်ခံစားချက်အမျိုးမျိုးကို ပုံဖော်သူဖြစ်ပါတယ်။

ထိုကဲ့သို့ကိုယ်ပိုင်လက်မှုပညာများ တတ်ကျွမ်းသူများကို ဦးညွတ်အလေးပြုရပါမယ် ။ Vera ၏လက်ရာအချို့ကို ကြည့်ရှုပြီး သွက်လက်မြန်ဆန်သောလက်များ၏ တကယ့်အံ့ဖွယ်ကောင်းမှုများလုပ်ဆောင်နိုင်ပုံကို သက်သေပြလိုပါတယ်။

(၁) Vera ဟာ ကိုယ်တိုင်လေ့လာသင်ယူခဲ့‌သောအနုပညာရှင်တစ် ဦး ဖြစ်ပါတယ်

 

 

 

 

ထိုအမျိုးသမီးဟာ အရောင်းအ ၀ ယ်စီးပွားရေးပညာရှင်တစ် ဦး ဖြစ်ပြီး ပန်းထိုးအနုပညာဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများနှင့်သင်တန်းများမတက်ခဲ့ဖူးပါဘူး။ သူမကအပျော်တမ်းပုံဆွဲခြင်းအချို့ကိုပြုလုပ်ဖူးသော်လည်း စစ်မှန်သောအနုပညာရှင်တစ်ယောက်ဖြစ်လာရန်မှာသူမ၏ပန်းတိုင်မဟုတ်ခဲ့ပါဘူး။သူမ၏ခံစားချက်များကို ဝေမျှရန်စိတ်ဆန္ဒပြင်းပြလာသောအခါ ချည်ထည်နှင့်ချုပ်လုပ်ပုံဖော်မှုများစတင်လေ့ရှိပါတယ်။

 

 

 

(၂) သူမ၏ပန်းထိုးဒီဇိုင်းများအတွက် တရားဝင်နာမည်မရှိသေးပဲ အချို့လူများကပေးသောနာမည်ပြောင်သာရှိပါသေးတယ်

 

 

 

သူမ၏လက်ရာများကို နှစ်သက်သူအချို့က သူမ၏စတိုင်လ်ကို “hooligan stitch” ဟုခေါ်ဆိုကြပြီး အထည်လေးများပေါ်တွင် သဘာဝ၏ ရှုခင်းများ ကွဲပြားမှုကို သရုပ်ဖော်လိုသည့် ဆန္ဒ အနုပညာလှုပ်ရှားမှုတစ်ခုဖြစ်ပါတယ် ။ Vera သည် satin ချုပ်ရိုးများနှင့် French knots တို့ကိုပေါင်းစပ်ပြီး ဘက်စုံ၊ လက်တွေ့ကျသော မြင်ကွင်း များကိုရရှိရန်ပါးလွှာထူသောအမျှင်များနှင့်ချည်များကိုပေါင်းထည့်ပါတယ်။

 

 

 

(၃) ကောင်းကင်ပန်းချီအတွက် မမောပန်းနိုင်သောသူမ

 

 

 

Vera ပြောသည့်အတိုင်းသူမအကြိုက်ဆုံးလက်ရာများမှာကောင်းကင်ပုံများဖြစ်ပါတယ်။ မှုန်ဝါးဝါးဖြစ်စေ သို့မဟုတ် အေးအေးချမ်းချမ်း ကြည်လင်တဲ့အပြာရောင်ပဲဖြစ်စေ ဒါဟာလူတွေရဲ့စိတ်နေစိတ်ထားမှန်တစ်ခုဖြစ်လာနိုင်တယ်လို့သူမက ယုံကြည်ပါတယ်။ Instagram ရှိသူမ၏လက်ရာအချို့အတွက် မှတ်ချက်များတွင် တစ်ခါတစ်ရံအချို့ အပိုင်းများသည်သူမ၏ကိုယ်ပိုင်ခံစားချက်များကိုရောင်ပြန်ဟပ်ကြောင်းဖော်ပြနေပါတယ်။

 

 

 

(၄) Vera ဟာ အမွှေးနုများဖြင့်“ fluffy cloud” နည်းစနစ်ကိုတီထွင်သူဖြစ်ပါတယ်

 

 

 

Vera ၏ အမှတ်အသားဟာ တိမ်များ၏ အနုစိတ်ကို ပုံဖော်ခြင်း ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပင် ရှုခင်းများနှင့် ဆန့်ကျင်ဘက်ဖြစ်သော ထူထဲသော မိုးကုတ်စက်ဝိုင်းများဖြင့်လည်း သူ့လက်ရာများကို အသိအမှတ်ပြုရပါမယ်။ သို့သော် သူမက သူ့အလုပ် ၊ အနုပညာများကို လူသိများထင်ရှားရန် မလိုလားကြောင်း ၊ မိမိကိုယ်မိမိ ပိုမိုကျွမ်းကျင်လာ‌စေရန်သာ အမြဲကြိုးစားနေခြင်းဖြစ်ကြောင်း သူမက ဝန်ခံပါတယ်။

(၅) တစ်ကမ္ဘာလုံးကို အံ့အားသင့်စေတဲ့လက်ရာများ

 

 

Vera ၏ Etsy shop တွင် အားပေးသူ 22,000 ကျော်ရှိပါတယ်။ သူမထံမှ ဝယ်ယူသူတိုင်းက ကြယ် ၅ ပွင့်အဆင့်သတ်မှတ်ချက်များနှင့်ပင် ချီးမွမ်းကြ‌လေ့ရှိပါတယ်။ သူမက လူတွေရဲ့နေ့ရက် တွေကိုတောက်ပစေဖို့အတွက်နွေးထွေးတဲ့စာသားလေးများနဲ့သူမရဲ့ပန်းထိုးတွေကို ဖန်တီးလေ့ရှိပါတယ်။

သင်ရော ဘယ်လိုအနုပညာမျိုးကို ကိုယ်တိုင်ကြိုးစားဖူးလဲ ?? ။ သင့်လက်ရာတွေကို မျှဝေပြသပေးပါဦး

 

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *