Daily News

နှစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ထောင်ကျော် သေဆုံး

နှစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ထောင်ကျော် သေဆုံး

မြန်မာနိုင်ငံနေရာအနှံ့တွင် နှစ်လအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပဋိပက္ခများတွင် စစ်ကောင်စီ ၁၂၀၀ ကျော်သေဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင်လတစ်လအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့်ပဋိပက္ခဖြစ်စဉ်များတွင် စစ်ကောင်စီ ၇၄၃ ဦးနှင့် ဇွန်လအတွင်း ၃၈၇ ဦးသေဆုံးခဲ့သဖြင့် စုစုပေါင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၃၀ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

ယင်းသေဆုံးမှုများမှာ တိုက်ပွဲအတွင်းသေဆုံးမှု၊ စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်သတ်ဖြတ်မှု၊ ချောင်းမြောင်းပစ်ခတ်ခံရမှု၊ ဗုံးပေါက်ကွဲမှုများကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူစုစုပေါင်း ၄၄၃ ဦး ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် နှစ်လအတွင်း လုပ်ကြံသတ်ဖြတ်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီအနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း တိုင်းရင်းသားဒေသများရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေသကဲ့သို့ မြို့နယ်အလိုက်ဖွဲ့စည်းထားသည့် PDFတပ်ဖွဲ့များနှင့်ပါ ရင်ဆိုင်နေရပြီး ထိခိုက်ကျဆုံးမှုများပြား လျက်ရှိကြောင်းသိရသည်။

ယင်းပဋိပက္ခနှင့် တိုက်ပွဲဖြစ်စဉ်များတွင် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအတွင်း အမ်ားဆုံး ဖြစ်ပွားခဲ့ပြီး တနသ်ာရီတိုင်းတွင် အနည်းဆုံး ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်စာရင်းဇယားများသည် ပြည်တွင်းမီဒီယာ ၃၀ ခန့်၏ သတင်းဖော်ပြမှု များပေါ်တွင် အခြေခံ၍ စာရင်းပြုစု တွက်ချက်ထားခြင်းဖြစ်ကြောင်း ရေးသားထားသည်။

Leave a Comment