Daily News

အခက်အခဲဖြစ်နေကြတဲ့ လူရွှင်တော်ကြီး ဦးစံမိုး၊ဦးနေကျော်၊ဦးရာကျော်နဲ့ သရုပ်ဆောင် မလုံးတင်တို့ကို သွားရောက်လှူဒါန်းရင်း ဂါဝရပြုကန်တော့ခဲ့ကြတဲ့ ဇွဲအဖွဲ့သားများ

အခက်အခဲဖြစ်နေကြတဲ့ လူရွှင်တော်ကြီး ဦးစံမိုး၊ဦးနေကျော်၊ဦးရာကျော်နဲ့ သရုပ်ဆောင် မလုံးတင်တို့ကို သွားရောက်လှူဒါန်းရင်း ဂါဝရပြုကန်တော့ခဲ့ကြတဲ့ ဇွဲအဖွဲ့သားများ

ဒီအချိန်ကာလတွေမှာ ပြည်သူအများစုကတော့ အကြပ်အတည်းတွေကြားကနေ စားဝတ်နေရေးအတွက် ခက်ခဲစွာ ရုန်းကန်လာခဲ့ရပါတယ်။ ဒီလိုကြပ်တည်းနေကြရတဲ့ သူတွေထဲ အနုပညာအလုပ်တွေကိုမှီခိုပြီး နေထိုင်စားသောက်နေရတဲ့ အနုပညာသမားတချို့လည်း အခက်အခဲတွေ ရှိလာခဲ့ပါတယ်။ တချို့အနုပညာသမားတွေဆိုရင် ကျန်းမာရေးမကောင်းနေတဲ့အပြင် စားဝတ်နေရေးအတွက်ပါ အခက်အခဲဖြစ်လာလို့ အကူအညီတောင်းခံလာတာ တွေ့ရပါတယ်။

ယခုလိုအခက်အခဲဖြစ်လာကြတဲ့ အနုပညာသမားတွေကိုလည်း ချစ်တဲ့ပရိသတ်တွေနဲ့ စေတနာရှင်များက ငွေကြေးနဲ့ စားသောက်စရာတွေကို ကူညီလှူဒါန်းပေးလာခဲ့ကြပါတယ်။ ယခုမှာလည်း တက်သစ်စလူငယ်များနဲ့ ဖွဲ့စည်းထားပြီး ပရိသတ်တွေကို ပျော်ရွှင်လုပ်ပေးတဲ့ “ဇြဲ “အငြိမ့်အဖွဲ့ကို သိကြမယ်ထင်ပါတယ်။ ၎င်းတို့အဖွဲ့ဟာ ယမန်နေ့က မွန်မြတ်တဲ့ အလှူလေးတစ်ခု ပြုလုပ်ခဲ့တာကို လူမှုကွန်ယက်မှာ ဖော်ပြလာတာတွေ့ရပါတယ်။

ဒီအလှူလေးကတော့ ဝါရင့်ဟာသ လူရွှင်တော်ကြီးများဖြစ်တဲ့ ဦးစံမိုး၊ဦးနေကျော်၊ဦးရာကျော်တို့အပြင် သရုပ်ဆောင် အန်တီမလုံးတင်တို့ကို အလှူငွေ(၅သောင်း)နဲ့ ကော်ဖီခြင်း၊ ခြံထွက်သီးနှံများအား အလှူရှင်များရဲ့ ကိုယ္စား သွားရောက်လှူဒါန်းပေးရင်း ဂါဝရပြုကန်တော့ခဲ့တယ်လို့ သိရပါတယ်။ ယခုလို အနုပညာအလုပ်တွေ အသီးသီးရပ္နားထားရတဲ့ အချိန်လေးမှာ အခက်အခဲဖြစ်နေတဲ့ အနုပညာသမားတွေအတွက် တတ်နိုင်သလောက် ကူညီလှူဒါန်းပေးတာဟာ တကယ့်ကို မွန်မြတ်လှပါတယ်။ပရိသတ်တွေလည်း ဝါရင့်ဆရာသမားတွေအတွက် လှူဒါန်းပေးခဲ့တဲ့ “ဇြဲ”အငြိမ့် အဖွဲ့သားတွေကို ဒီထက်မက ကူညီလှူဒါန်းနိုင်အောင် ဆုတောင်းမေတ္တာတွေ ပို့သပေးလိုက်ပါဦးနော် ။

Leave a Comment