Wed. Oct 27th, 2021

မိန်းကလေးတစ်ယောက် မျက်ရည်ကျတဲ့အခါ … မသုတ်ပေးချင်နေပါ ပျော့ညံ့လိုက်တာဆိုတဲ့ စကားမျိုးမပြောနဲ့ ။

မိန်းကလေးတွေက များသောအားဖြင့် သူ့ကို နားလည်ပေးမယ်လို့ထင်တဲ့ လူတွေ အရှေ့ရောက်မှပဲ ငိုတတ်ကြတယ် ။ ရင်ဖွင့်တတ်ကြတယ် ။

အဲ့လို ကိုယ့်ကို ယုံကြည်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ယုံကြည်မှုကို လွယ်လွယ်ကူကူလေး စကားလေးတစ်လုံးတည်းနဲ့ မဖျက်ဆီးလိုက်ပါနဲ့ ကျချင်နေတဲ့ မျက်ရည်တွေ ချက်ချင်းတိတ်သွားပြီး ယုံကြည်နေတဲ့စိတ်တွေ အလုံးစုံ ပျက်သုန်းသွားလိမ့်မယ် ။ သူတော့ ငါ့ကို နားလည်ပေးမှာပါဆိုတဲ့အစား သူတော့ ငါ့ကို နားမလည်နိုင်ပါဘူးဆိုတာမျိုး တွေးဖြစ်သွားလိမ့်မယ် ။

မျက်ရည်ဆိုတာ ကျချင်တိုင်း ကျလို့ရတဲ့အရာလဲ မဟုတ်ဘူးလေ ။ ပြီးတော့ ဦးနှောက်က ဖြတ်သန်းစီးဆင်းလာတာမဟုတ်ပဲ နှလုံးသား ယိုဖိမ့်လာတဲ့ အရာပါ ။ ဒီလို မျက်ရည်တွေ ကျနေလောက်တဲ့အထိ ဘာတွေများ နာကျင်နေရလဲလို့ ကြင်ကြင်နာနာလေး မေးကြည့်ပါ ။ အဲ့ဒီမိန်းကလေးမှာ ငိုစရာတွေ မျက်ရည်တွေ အများကြီး မရှိပေမယ့် ပြောစရာ စကားလုံးတွေ အများကြီး ရှိနေလိမ့်မယ် ။

အချိန်ရတဲ့အခါ … သူရိှုက်ရင်းပြောပြတဲ့ စကားလုံးတွေကို နားထောင်ကြည့်ပါ ။ ခဏပဲ ဖြစ်ဖြစ်ပေါ့ ။ သူမျက်လုံးက မျက်ရည်တွေ သုတ်ပြီး ပြုံးလာတဲ့အထိ ဘာမေးခွန်းမှ မမေးပဲ ဘာစောဒကမှ မတက်ပဲ နားထောင်ပေးရုံနဲ့ လုံလောက်ပါတယ် ။

တကယ်တော့ ကျွန်မတို့ မျက်ရည်တွေ ကျနေတဲ့အခါ … တိတ်ပါဆိုတဲ့လူတွေထက် ကျွန်မတို့မျက်ရည်တွေကို နားလည်ပေးမယ့်လူတွေကို လိုချင်တာပါ ။ တကယ်လို့ ခုချိန် ငိုနေတဲ့ မျက်လုံးတွေရှိရင် အဲ့ဒီ မျက်ရည်တွေအကြောင်းကို နားလည်ပေးစေချင်တယ် ။ ဒါမှမဟုတ် ကျွန်မ နားလည်ပေးချင်တယ် ။

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

မိန္းကေလးတစ္ေယာက္ မ်က္ရည္က်တဲ့အခါ … မသုတ္ေပးခ်င္ေနပါ ေပ်ာ့ညံ့လိုက္တာဆိုတဲ့ စကားမ်ိဳးမေျပာနဲ႔ ။ မိန္းကေလးေတြက မ်ားေသာအားျဖင့္ သူ႔ကို နားလည္ေပးမယ္လို႔ထင္တဲ့ လူေတြ အေရွ႕ေရာက္မွပဲ ငိုတတ္ၾကတယ္ ။ ရင္ဖြင့္တတ္ၾကတယ္ ။

အဲ့လို ကိုယ့္ကို ယုံၾကည္ေနတဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ ယုံၾကည္မႈကို လြယ္လြယ္ကူကူေလး စကားေလးတစ္လုံးတည္းနဲ႔ မဖ်က္ဆီးလိုက္ပါနဲ႔ က်ခ်င္ေနတဲ့ မ်က္ရည္ေတြ ခ်က္ခ်င္းတိတ္သြားၿပီး ယုံၾကည္ေနတဲ့စိတ္ေတြ အလုံးစုံ ပ်က္သုန္းသြားလိမ့္မယ္ ။ သူေတာ့ ငါ့ကို နားလည္ေပးမွာပါဆိုတဲ့အစား သူေတာ့ ငါ့ကို နားမလည္ႏိုင္ပါဘူးဆိုတာမ်ိဳး ေတြးျဖစ္သြားလိမ့္မယ္ ။

မ်က္ရည္ဆိုတာ က်ခ်င္တိုင္း က်လို႔ရတဲ့အရာလဲ မဟုတ္ဘူးေလ ။ ၿပီးေတာ့ ဦးေႏွာက္က ျဖတ္သန္းစီးဆင္းလာတာမဟုတ္ပဲ ႏွလုံးသား ယိုဖိမ့္လာတဲ့ အရာပါ ။ ဒီလို မ်က္ရည္ေတြ က်ေနေလာက္တဲ့အထိ ဘာေတြမ်ား နာက်င္ေနရလဲလို႔ ၾကင္ၾကင္နာနာေလး ေမးၾကည့္ပါ ။ အဲ့ဒီမိန္းကေလးမွာ ငိုစရာေတြ မ်က္ရည္ေတြ အမ်ားႀကီး မရွိေပမယ့္ ေျပာစရာ စကားလုံးေတြ အမ်ားႀကီး ရွိေနလိမ့္မယ္ ။

အခ်ိန္ရတဲ့အခါ … သူရိႈက္ရင္းေျပာျပတဲ့ စကားလုံးေတြကို နားေထာင္ၾကည့္ပါ ။ ခဏပဲ ျဖစ္ျဖစ္ေပါ့ ။ သူမ်က္လုံးက မ်က္ရည္ေတြ သုတ္ၿပီး ၿပဳံးလာတဲ့အထိ ဘာေမးခြန္းမွ မေမးပဲ ဘာေစာဒကမွ မတက္ပဲ နားေထာင္ေပး႐ုံနဲ႔ လုံေလာက္ပါတယ္ ။

တကယ္ေတာ့ ကြၽန္မတို႔ မ်က္ရည္ေတြ က်ေနတဲ့အခါ … တိတ္ပါဆိုတဲ့လူေတြထက္ ကြၽန္မတို႔မ်က္ရည္ေတြကို နားလည္ေပးမယ့္လူေတြကို လိုခ်င္တာပါ ။ တကယ္လို႔ ခုခ်ိန္ ငိုေနတဲ့ မ်က္လုံးေတြရွိရင္ အဲ့ဒီ မ်က္ရည္ေတြအေၾကာင္းကို နားလည္ေပးေစခ်င္တယ္ ။ ဒါမွမဟုတ္ ကြၽန္မ နားလည္ေပးခ်င္တယ္ ။

 

 

Leave a Reply

Your email address will not be published. Required fields are marked *