Amazing

ဒေါ်လာ ၁ သိန်း ရတဲ့အထိ သုံးပြီးသား ခြေအိတ်နှင့်ဖိနပ်များကို ပရိသတ်များထံရောင်းချ မိန်းကလေး

London မြို့ရှိ အသက် ၃၃ နှစ် အရွယ် Model တစ်ဦးဖြစ်သလို social media star တစ်ဦးလည်းဖြစ်တဲ့ Roxy Sykes အမည်ရှိအမျိုးသမီးတစ်ဦိးဟာ Instagram ပေါ်က သူမရဲ့ပရိတ်သတ်များအား သူမရဲ့ခြေအိတ်နှင့်ဖိနပ်များကို ရောင်းချခြင်းဖြင့် ဝင်ငွေရှာနေပါတယ်။၎င်းပစ္စည်းတွေက အသစ်စက်စက်မဟုတ်တဲ့ အသုံးပြုပြီးသားပစ္စည်းတွေချည်းပါ။တစ်စုံတစ်ယောက်က သူမရဲ့ခြေထောက်တွေကို အရမ်းကိုလှပတယ်လို့ ချီးမွမ်းပြီးနောက် Roxy ဟာ ထူးထူးခြားခြား သူမရဲ့ခြေထောက်တွေကို စိတ်ဝင်စားကြသူများအတွက် Instagram Page တစ်ခုကို ဖွင့်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

တစ်လအတွင်းမှာဘဲ Roxy ရဲ့ ၎င်း Instagram page ဟာ followers ၁၀,၀၀၀ ကျော် သွားခဲ့ပါတယ်။ထို့နောက် Roxy ဟာ သူမအသုံးပြုပြီးသား လူကြိုက်များတဲ့ အားကစားဖိနပ်များနှင့်ခြေအိတ်များကို social media ပေါ်မှာ စတင်ရောင်းချခဲ့ပြီးနောက် အင်တာနက်ပေါ်ကနေ ကြီးမားတဲ့ဝင်ငွေရရှိနိုင်တဲ့ လျှို့ဝှက်ချက်ရှိတာကို ယုံကြည်သွားခဲ့ပါတယ်။Roxy ဟာ သူသုံးပြီးတဲ့ပစ္စည်းများကိုရောင်းချနေတဲ့အပြင် ဖောက်သည်များနဲ့လည်းတွေ့ဆုံပြီး ဖောက်သည်များက သူမရဲ့ခြေထောက်တွေကို ဓာတ်ပုံနဲ့ပါ ရိုက်ယူခဲ့ကြတယ်လို့ ဆိုပါတယ်။

Roxy ဟာ အလုပ်အများဆုံးလမှာ သူမ ငွေဘယ်လောက်ထိရှာနိုင်ခဲ့တယ်ဆိုတာကို သဘောပေါက်လာခဲ့ပြီး သူမအသက်ကြီးလာရင် သူမရဲ့ခြေထောက်တွေက သူမအတွက် ပိုက်ဆံရှာပေးလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါသေးတယ်။Roxy ဟာ ၎င်းလုပ်ငန်းကို လုပ်ကိုင်ခဲ့တာ ၄နှစ်ကြာပြီဖြစ်ပြီး တစ်နှစ်ကို ဒေါ်လာ ၁၀၀,၀၀၀ ကျော် ဝင်ငွေရရှိခဲ့ပါတယ်။ Roxy က မနက်ဖြန်များရဲ့Model တွေကိုလည်း သူမလို နည်းလမ်းအတိုင်း လမ်းညွှန်သင်ကြားပေးနေပြီလို့လည်း ဆိုခဲ့ပါသေးတယ်။မိန်းကလေးတွေက ယောင်္ကျားလေးတွေထပ် ပိုက်ဆံရှာရလွယ်တာ အမှန်ပါဘဲလား။

Mia (Mckzone Daily)

Source : elitereaders

zawgyi

ေဒၚလာ ၁ သိန္း ရတဲ့အထိ သုံးၿပီးသား ေျခအိတ္ႏွင့္ဖိနပ္မ်ားကို ပရိသတ္မ်ားထံေရာင္းခ် မိန္းကေလ

London ၿမိဳ႕ရွိ အသက္ ၃၃ ႏွစ္ အ႐ြယ္ Model တစ္ဦးျဖစ္သလို social media star တစ္ဦးလည္းျဖစ္တဲ့ Roxy Sykes အမည္ရွိအမ်ိဳးသမီးတစ္ဦိးဟာ Instagram ေပၚက သူမရဲ႕ပရိတ္သတ္မ်ားအား သူမရဲ႕ေျခအိတ္ႏွင့္ဖိနပ္မ်ားကို ေရာင္းခ်ျခင္းျဖင့္ ဝင္ေငြရွာေနပါတယ္။၎ပစၥည္းေတြက အသစ္စက္စက္မဟုတ္တဲ့ အသုံးျပဳၿပီးသားပစၥည္းေတြခ်ည္းပါ။တစ္စုံတစ္ေယာက္က သူမရဲ႕ေျခေထာက္ေတြကို အရမ္းကိုလွပတယ္လို႔ ခ်ီးမြမ္းၿပီးေနာက္ Roxy ဟာ ထူးထူးျခားျခား သူမရဲ႕ေျခေထာက္ေတြကို စိတ္၀င္စားၾကသူမ်ားအတြက္ Instagram Page တစ္ခုကို ဖြင့္ဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ ဆိုပါတယ္။

တစ္လအတြင္းမွာဘဲ Roxy ရဲ႕ ၎ Instagram page ဟာ followers ၁၀,၀၀၀ ေက်ာ္ သြားခဲ့ပါတယ္။ထို႔ေနာက္ Roxy ဟာ သူမအသုံးျပဳၿပီးသား လူႀကိဳက္မ်ားတဲ့ အားကစားဖိနပ္မ်ားႏွင့္ေျခအိတ္မ်ားကို social media ေပၚမွာ စတင္ေရာင္းခ်ခဲ့ၿပီးေနာက္ အင္တာနက္ေပၚကေန ႀကီးမားတဲ့၀င္ေငြရရွိႏိုင္တဲ့ လွ်ိဳ႕ဝွက္ခ်က္ရွိတာကို ယုံၾကည္သြားခဲ့ပါတယ္။Roxy ဟာ သူသုံးၿပီးတဲ့ပစၥည္းမ်ားကိုေရာင္းခ်ေနတဲ့အျပင္ ေဖာက္သည္မ်ားနဲ႔လည္းေတြ႕ဆုံၿပီး ေဖာက္သည္မ်ားက သူမရဲ႕ေျခေထာက္ေတြကို ဓာတ္ပုံနဲ႔ပါ ႐ိုက္ယူခဲ့ၾကတယ္လို႔ ဆိုပါတယ္။

Roxy ဟာ အလုပ္အမ်ားဆုံးလမွာ သူမ ေငြဘယ္ေလာက္ထိရွာႏိုင္ခဲ့တယ္ဆိုတာကို သေဘာေပါက္လာခဲ့ၿပီး သူမအသက္ႀကီးလာရင္ သူမရဲ႕ေျခေထာက္ေတြက သူမအတြက္ ပိုက္ဆံရွာေပးလိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း ေျပာခဲ့ပါေသးတယ္။Roxy ဟာ ၎လုပ္ငန္းကို လုပ္ကိုင္ခဲ့တာ ၄ႏွစ္ၾကာၿပီျဖစ္ၿပီး တစ္ႏွစ္ကို ေဒၚလာ ၁၀၀,၀၀၀ ေက်ာ္ ဝင္ေငြရရွိခဲ့ပါတယ္။ Roxy က မနက္ျဖန္မ်ားရဲ႕Model ေတြကိုလည္း သူမလို နည္းလမ္းအတိုင္း လမ္းၫႊန္သင္ၾကားေပးေနၿပီလို႔လည္း ဆိုခဲ့ပါေသးတယ္။မိန္းကေလးေတြက ေယာက်ၤားေလးေတြထပ္ ပိုက္ဆံရွာရလြယ္တာ အမွန္ပါဘဲလား။

Mia (Mckzone Daily)

Source : elitereaders

Leave a Comment