Mon. Dec 6th, 2021

မိဘကျေးဇူးကို သိတတ်ပြီး ဘွဲ့ယူသည့် ဓာတ်ပုံများကိုပင် မိဘများ၏လယ်ကွင်းမှာရိုက်ကူးခဲ့သော မိန်းကလေး

နေ့စဉ်နဲ့အမျှ မိဘတွေကသူတို့ကလေးတွေရဲ့အနာဂတ်အတွက်ငွေရှာကြပါတယ်။ အချို့မိဘများက ကလေးများကိုဘ ၀ အကြောင်းသင်ပေးရန် စကားလုံးများထက် အလုပ်ဖြင့်သင်ပေးကြပါတယ် ။ မက္ကဆီကို နိုင်ငံမှ ရွှေ့ပြောင်းမိသားစုတစ်စုဟာ သူတို့၏ကလေးများအားကြိုးစားမှု၏အရေးပါပုံကိုသင်ကြားရန် နည်းလမ်းတစ်ခုကိုတွေ့ရှိခဲ့ပါတယ် ။ ကောလိပ်မှဘွဲ့ရပြီးနောက်သမီးဖြစ်သူကလည်း မိဘများအား ချိုမြိန်သောလက်ဆောင်တစ်ခု ဖြင့် ကျေးဇူးသိတတ်မှုပြခဲ့ပါတယ်။

အလုပ်ကြိုးစားခြင်းက ဘဝ၏အခက်အခဲများကိုကျော်လွှားနိုင်စွမ်းရှိကြောင်းသက်သေပြနိုင်ခဲ့သော မိသားစုတစ်စုအကြောင်း ပြောပြချင်ပါတယ်။

Jennifer Rocha ၏မိဘများဟာ မက္ကဆီကိုမှအမေရိကန်သို့ရောက်လာပြီးကောလိပ်တက်ရန် လုံလောက်တဲ့ ငွေကြေးနဲ့ အခွင့်အလမ်းမရှိခဲ့ချေ။ ထို့ကြောင့် ရွှေ့ပြောင်းတောင်သူများအဖြစ်သာ အလုပ်လုပ်ရန်ကြိုးစားခဲ့ကြရပါတယ်။

ကျောင်းဆင်းတာနဲ့သူမဟာ လယ်ကွင်းများသို့ပြေးကာ အလုပ်ဝိုင်းကူရပါတယ် ။ သူမတို့ မိသားစုဟာ ညဉ့်နက်မှ အလုပ် ပြီးပြီး ၂-၃ နာရီလောက်အိပ်ပြီးတာနဲ့ ပြန်ထရပါတယ်။ ဒါပေမယ့် အိပ်ရေးမဝသော်လည်း အလုပ်ကြိုးစားတဲ့လူတွေက အောင်မြင်မှုနှင့် ဘယ်လောက်ထိုက်တန်ကြောင်းသတိပြုမိခဲ့ကြောင်းကို ဂျနီဖာကပြောပြခဲ့ပါတယ်။

လူတို့ဟာ ကုန်စုံစတိုးဆိုင်များသို့အစားအစာများ ရောက်ရှိရန် မည်သို့ကြိုးပမ်းအားထုတ်ရသည်ကို သတိမပြုမိကြပါဘူး။။ သစ်သီးဝလံနဲ့ဟင်းသီးဟင်းရွက်တွေလို ရိုးရှင်းတဲ့အရာများရဲ့နောက်ကွယ်မှာ ပိုးကောင်လိုအရာတွေကိုကြံ့ကြံ့ခံပြီး ကျန်းမာရေးနဲ့ရင်းနှီးကာ စွန့်လွှတ်အနစ်နာခံ စိုက်ပျိုးသူ တောင်သူဦးကြီးများ၏မျက်နှာ မြင်ယောင်ကြည့်ဖူးပါသလား

ဂျနီဖာ ကောလိပ်တက်‌နေစဉ်နှစ်များအတွင်းသူမ၏မိသားစုက နေစရာ အဆောင်ထားရန်မတတ်နိုင်ခဲ့သဖြင့် သူမဟာ ပညာရေးနှင့်အတူ အလုပ် ၂ ခု အပြင် အချိန်ကြာမြင့်စွာသွားရ‌ သော ၏မိဘများ၏ လယ်အလုပ် ကိုပါကူညီခဲ့ပါတယ် ။ “ ငါအကြိမ်ကြိမ်အရှုံးပေးပစ်ချင်ခဲ့တယ်၊ ဒါပေမယ့်ငါ့မိဘတွေနဲ့သူတို့ရဲ့အကြံဥာဏ်တွေ၊ ပံ့ပိုးမှုတွေကငါရှေ့ဆက်လျှောက်ရတဲ့အကြောင်းရင်းဖြစ်ခဲ့တယ် ” လို့ သူမကပြောပြပါတယ်။

ဤဓာတ်ပုံများဟာ ဂျနီဖာကသူမ၏မိဘများအားပေးသော ဂုဏ်ပြုလက်ဆောင်ဖြစ်ပါတယ်။ သူမဟာဘွဲ့ရပြီး ခိုင်မာတဲ့ ဘဝလမ်းကြောင်းကိုပါတည်ဆောက်နိုင်ခဲ့ပါတယ်။ ထို့ကြောင့် စာဖတ်သူ ပရိတ်သတ်များစွာဟာလည်း Jennifer နဲ့သူမရဲ့မိသားစုကဲ့သို့ပင် ဘဝအခက်အခဲအားလုံးကိုကျော်ဖြတ်နိုင်လိမ့်မယ်ဆိုတာသေချာပါတယ်။

သင့်ဘဝမှာရော အခက်အခဲတွေကိုကျော်ဖြတ်ခဲ့ဖူးလား။ သင့်မိဘ တွေ သင့်ကို ပေးဖူးတဲ့အကောင်းဆုံးအကြံဥာဏ်ကဘာလဲ ဆိုတာဝေမျှပေးကြပါဦး။

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

zawgyi

မိဘေက်းဇူးကို သိတတ္ၿပီး ဘြဲ႕ယူသည့္ ဓာတ္ပုံမ်ားကိုပင္ မိဘမ်ား၏လယ္ကြင္းမွာ႐ိုက္ကူးခဲ့ေသာ မိန္းကေလး

ေန႔စဥ္နဲ႔အမွ် မိဘေတြကသူတို႔ကေလးေတြရဲ႕အနာဂတ္အတြက္ေငြရွာၾကပါတယ္။ အခ်ိဳ႕မိဘမ်ားက ကေလးမ်ားကိုဘ ၀ အေၾကာင္းသင္ေပးရန္ စကားလုံးမ်ားထက္ အလုပ္ျဖင့္သင္ေပးၾကပါတယ္ ။ မကၠဆီကို ႏိုင္ငံမွ ေ႐ႊ႕ေျပာင္းမိသားစုတစ္စုဟာ သူတို႔၏ကေလးမ်ားအားႀကိဳးစားမႈ၏အေရးပါပုံကိုသင္ၾကားရန္ နည္းလမ္းတစ္ခုကိုေတြ႕ရွိခဲ့ပါတယ္ ။ ေကာလိပ္မွဘြဲ႕ရၿပီးေနာက္သမီးျဖစ္သူကလည္း မိဘမ်ားအား ခ်ိဳၿမိန္ေသာလက္ေဆာင္တစ္ခု ျဖင့္ ေက်းဇူးသိတတ္မႈျပခဲ့ပါတယ္။

အလုပ္ႀကိဳးစားျခင္းက ဘဝ၏အခက္အခဲမ်ားကိုေက်ာ္လႊားႏိုင္စြမ္းရွိေၾကာင္းသက္ေသျပႏိုင္ခဲ့ေသာ မိသားစုတစ္စုအေၾကာင္း ေျပာျပခ်င္ပါတယ္။

Jennifer Rocha ၏မိဘမ်ားဟာ မကၠဆီကိုမွအေမရိကန္သို႔ေရာက္လာၿပီးေကာလိပ္တက္ရန္ လုံေလာက္တဲ့ ေငြေၾကးနဲ႔ အခြင့္အလမ္းမရွိခဲ့ေခ်။ ထို႔ေၾကာင့္ ေ႐ႊ႕ေျပာင္းေတာင္သူမ်ားအျဖစ္သာ အလုပ္လုပ္ရန္ႀကိဳးစားခဲ့ၾကရပါတယ္။

ေက်ာင္းဆင္းတာနဲ႔သူမဟာ လယ္ကြင္းမ်ားသို႔ေျပးကာ အလုပ္ဝိုင္းကူရပါတယ္ ။ သူမတို႔ မိသားစုဟာ ညဥ့္နက္မွ အလုပ္ ၿပီးၿပီး ၂-၃ နာရီေလာက္အိပ္ၿပီးတာနဲ႔ ျပန္ထရပါတယ္။ ဒါေပမယ့္ အိပ္ေရးမဝေသာ္လည္း အလုပ္ႀကိဳးစားတဲ့လူေတြက ေအာင္ျမင္မႈႏွင့္ ဘယ္ေလာက္ထိုက္တန္ေၾကာင္းသတိျပဳမိခဲ့ေၾကာင္းကို ဂ်နီဖာကေျပာျပခဲ့ပါတယ္။

လူတို႔ဟာ ကုန္စုံစတိုးဆိုင္မ်ားသို႔အစားအစာမ်ား ေရာက္ရွိရန္ မည္သို႔ႀကိဳးပမ္းအားထုတ္ရသည္ကို သတိမျပဳမိၾကပါဘူး။။ သစ္သီးဝလံနဲ႔ဟင္းသီးဟင္း႐ြက္ေတြလို ႐ိုးရွင္းတဲ့အရာမ်ားရဲ႕ေနာက္ကြယ္မွာ ပိုးေကာင္လိုအရာေတြကိုႀကံ့ႀကံ့ခံၿပီး က်န္းမာေရးနဲ႔ရင္းႏွီးကာ စြန႔္လႊတ္အနစ္နာခံ စိုက္ပ်ိဳးသူ ေတာင္သူဦးႀကီးမ်ား၏မ်က္ႏွာ ျမင္ေယာင္ၾကည့္ဖူးပါသလား

ဂ်နီဖာ ေကာလိပ္တက္‌ေနစဥ္ႏွစ္မ်ားအတြင္းသူမ၏မိသားစုက ေနစရာ အေဆာင္ထားရန္မတတ္ႏိုင္ခဲ့သျဖင့္ သူမဟာ ပညာေရးႏွင့္အတူ အလုပ္ ၂ ခု အျပင္ အခ်ိန္ၾကာျမင့္စြာသြားရ‌ ေသာ ၏မိဘမ်ား၏ လယ္အလုပ္ ကိုပါကူညီခဲ့ပါတယ္ ။ “ ငါအႀကိမ္ႀကိမ္အရႈံးေပးပစ္ခ်င္ခဲ့တယ္၊ ဒါေပမယ့္ငါ့မိဘေတြနဲ႔သူတို႔ရဲ႕အႀကံဥာဏ္ေတြ၊ ပံ့ပိုးမႈေတြကငါေရွ႕ဆက္ေလွ်ာက္ရတဲ့အေၾကာင္းရင္းျဖစ္ခဲ့တယ္ ” လို႔ သူမကေျပာျပပါတယ္။

ဤဓာတ္ပုံမ်ားဟာ ဂ်နီဖာကသူမ၏မိဘမ်ားအားေပးေသာ ဂုဏ္ျပဳလက္ေဆာင္ျဖစ္ပါတယ္။ သူမဟာဘြဲ႕ရၿပီး ခိုင္မာတဲ့ ဘဝလမ္းေၾကာင္းကိုပါတည္ေဆာက္ႏိုင္ခဲ့ပါတယ္။ ထို႔ေၾကာင့္ စာဖတ္သူ ပရိတ္သတ္မ်ားစြာဟာလည္း Jennifer နဲ႔သူမရဲ႕မိသားစုကဲ့သို႔ပင္ ဘဝအခက္အခဲအားလုံးကိုေက်ာ္ျဖတ္ႏိုင္လိမ့္မယ္ဆိုတာေသခ်ာပါတယ္။

သင့္ဘဝမွာေရာ အခက္အခဲေတြကိုေက်ာ္ျဖတ္ခဲ့ဖူးလား။ သင့္မိဘ ေတြ သင့္ကို ေပးဖူးတဲ့အေကာင္းဆုံးအႀကံဥာဏ္ကဘာလဲ ဆိုတာေဝမွ်ေပးၾကပါဦး။

Source Brightside

Written One Daily Media

Believe In Yourself Pageႏွင့္Advice Channel Pageႏွင့္ One Daily Media Pageတို႔အတူတူပါပဲခင္ဗ်ာ
‌ဒါေၾကာင့္

One Daily Media Copyright © 2021
ကြၽန္ေတာ္တို႔ရဲ႕ ဝက္ဘ္ဆိုဒ္ေပၚႏွင့္ pageတြင္တင္ထားေသာ မည္သည့္သတင္းကိုမွ တျခား pageႏွင့္website ေပၚတြင္ ကူးယူခြင့္မျပဳပါဘူး။ ေက်းဇူးျပဳ၍ ကူးယူေဖာ္ျပျခင္း မျပဳလုပ္ရန္ ေမတၱာရပ္ခံအပ္ပါတယ္။

 

 

Leave a Reply

Your email address will not be published. Required fields are marked *