Fri. Jan 21st, 2022

မျိုးသုဉ်းသွားခဲ့ပြီဖြစ်သော Rio ဇာတ်ကားမှ အပြာရောင်ကြက်တူရွေးလေးများ

Blue Spix’s ကြက်တူရွေး ဟာ ၂၀၁၁ ခုနှစ်က ဖြန့်ချိခဲ့သောကာတွန်းရုပ်ရှင် Rio မှတဆင့်နိုင်ငံတကာကျော်ကြားမှုကိုရရှိခဲ့ပါတယ်။ Blu အမည်ရှိ ကြက်တူရွေးလေးဟာ သူ့မျိုးနွယ်၏နောက်ဆုံးအသက်ရှင်သော ကြက်တူရွေးမလေးကိုရှာဖွေရန် မိုင်ပေါင်းထောင်ချီခရီးနှင်လာခဲ့သော ချစ်စရာဇာတ်လမ်းလေးအကြောင်းဖြစ်ပါတယ်။သူတို့ ၂ ယောက်ဟာ နောက်ဆုံးမှာချစ်မိသွားကြပြီးသားသမီးတွေရလာခဲ့ပါတယ်။ ပျော်ရွှင်စရာ အဆုံးသတ်လေးဖြစ်ခဲ့သော်လည်း လက်တွေ့တွင်မူ Spix မျိုးစိတ် ကြက်တူရွေးလေးများဟာ ၂၀၀၀ ပြည့်နှစ် ကတည်းကမျိုးသုဉ်းသွားပြီဖြစ်ပါတယ်။

အပြာရောင် ကြက်တူရွေးများ မျိုးသုဉ်းပျောက်ကွယ်မှုဖြစ်စဉ်ကို စုံစမ်းပြီးဒီမျိုးစိတ်တွေကိုပြန်လည်အသက်ပြန်ရှင်လာအောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာကို ကြိုးစားရှာဖွေလျက်ရှိကြပါတယ်။

(၁) Spix ကြက်တူရွေးလေးများ ၏ကြေကွဲဖွယ်ဇာတ်လမ်း

သေးငယ်သော အပြာရောင်ကြက်တူရွေး ဟုလည်းသိကြသော Spix macaw သည် ၁၈၁၉ တွင်ဂျာမန်သဘာဝပညာရှင် Johann Baptist Ritter von Spix မှတွေ့ရှိခဲ့ပါတယ်။ ဤငှက်များကို ရှားပါးဟုယူဆထားပြီးလူအနည်းငယ်သာ ကံကောင်းပြီးတွေ့နိုင်ကြပါတယ်။

ဒီငှက်တွေရဲ့ဘဝအ‌ကြောင်းကို ကျွန်ုပ်တို့ အများကြီးမသိပါဘူး၊ တောထဲမှာရိုက်ထားတဲ့သူတို့ပုံတွေ၊ သကုဏဗေဒဆိုင်ရာစာပေတွေမှာဖော်ပြထားတဲ့အချက်အလက်ကနည်းနည်းပဲရှိပါတယ်။ ၂၀ ရာစုအလယ်၌မျိုးစိတ်များအားမျိုးသုဉ်းပျောက်ကွယ်ခဲ့သည်ဟုယူဆကြ‌ သော်လည်း ၁၉၈၆ တွင် ၃ ကောင်ထပ်မံတွေ့ရှိခဲ့ပါတယ်။ကျွမ်းကျင်သူများအဆိုအရ တောတွင်း၌နောက်ဆုံးတစ်ကောင်ကို ၂၀၀၀ ခုနှစ်အောက်တိုဘာလတွင်တွေ့ခဲ့သည်ဟု ဆိုပါတယ်။

ပြီးခဲ့သော ရာစုနှစ်များအတွင်း ငှက်မျိုးသုဉ်းမှုအများစုဟာ သီးခြားကျွန်းစုများပေါ်တွင်သာ ဖြစ်ပွားခဲ့သော်လည်း ယနေ့အခါ ကျွန်ုပ်တို့ နေထိုင်ရာကမ္ဘာ့တိုက်ကြီးများတွင်ပင် ပြင်းထန်စွာမျိုးသုဉ်းပျောက်ကွယ်နေသည်ကိုသတိပြုမိပါတယ်။ လူသားတို့၏ ယဉ်ကျေးမှုဓလေ့စရိုက်များ၏ တောရိုင်းသဘာဝများအပေါ် ကြေကွဲဖွယ်သက်ရောက်မှုကြောင့်လည်းဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲခြင်း၊ သစ်တောပြုန်းတီးမှုကြီးမားခြင်း၊ မြို့ပြဧရိယာများထိန်းချုပ်မှုမရှိခြင်းနှင့် တရားမ ၀င်ရောင်းဝယ်ဖောက်ကားမှုများက ငှက်များနှင့်တိရိစ္ဆာန်များရှင်သန်ရန်ပိုမိုခက်ခဲစေပါတယ်။

(၂) Spix ကြက်တူရွေးများပြန်လည်တွေ့ရှိနိုင်ရန် ကျွန်ုပ်တို့ဘာလုပ်နိုင်မလဲ ???

ဘရာဇီးအစိုးရ၏ရေရှည်ထိန်းသိမ်းရေးအစီအစဉ်များနှင့်အတူ Spix macaw များကို ၂၀၂၁ တွင်ပြန်လည်မြင်တွေ့နိုင်ရန် ရည်ရွယ်ထားကြပါတယ် ။ အဓိကလုပ်ဆောင်ရမည့်အချက်များမှာ –

-တောတွင်းသဘာဝသို့ပြန်လည်ပို့ဆောင်နိုင်သည်အထိ လုံလောက်သော ကြက်တူရွေး အရေအတွက်တိုးပွားလာရေး

-ဘရာဇီးနိုင်ငံတွင်သင့်တော်သော ကျက်စားရာဒေသတစ်ခုကိုအမြန်ပြန်လည်ဖန်တီးပေးရေး

-ဒေသခံများအနေနှင့် ၎င်းတို့၏ဒေသအတွက်သာမက ကမ္ဘာကြီးအတွက်ပါ အပြာရောင် ကြက်တူရွေးလေးများ၏အရေးပါပုံကို လူအများ သိရှိလာရန်ပညာပေးခြင်း ၊ ငှက်များနှင့်ပိုမိုအတူတကွ ယှဉ်တွဲနေထိုင်တတ်ရန်ကြိုတင်ပြင်ဆင်ကြရေး
တို့ဖြစ်ပါတယ်။

Al Wabra Wildlife Preservation (AWWP) ကလည်း Spix macaws များကိုမွေးမြူရန်ကြိုးစားနေကြပါတယ် ။ AWWP မှအထူးကုများသည် ၂၀၀၄ တွင် ၂ ကောင် အောင်မြင်စွာစတင်မွေးမြူနိုင်ခဲ့ပါတယ်။

 

 

၎င်းတို့သည်ဘရာဇီးအစိုးရ၏ညှိနှိုင်းမှုဖြင့် Spix Macaw ပြန်လည်ထူထောင်ရေးလုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုအဖြစ်အခြားအဖွဲ့အစည်းများနှင့်လည်း အနီးကပ် တွဲအလုပ်လုပ်ကြပါတယ်။ ကျွမ်းကျင်မှုနှင့်သူတို့၏ကြင်နာမှုတို့ကြောင့် ကျွန်ုပ်တို့ဟာ တစ်နေ့တွင်ဤအံ့သြဖွယ်ကောင်းသော အပြာရောင်ကြက်တူရွေးလေးများကိုနောက်တစ်ကြိမ်ပြန်တွေ့ရန်အခွင့်အလမ်းကောင်းများရှိနေပါပြီ။

အပြာရောင် macaw တွေကိုတောထဲမှာပြန်နေနိုင်အောင် စီစဥ်နိုင်မယ်လို့ သင်ရောထင်လား။ ငှက်နှင့်တိရစ္ဆာန်မျိုးသုဉ်းမှုရပ်တန့်ရန်လူတို့အနေနှင့်အခြား ဘယ်အရာများပြုလုပ်နိုင်တာ ရှိဦးမလဲ ။ သင့်အကြံဉာဏ်များကို comment တွင်ဝေမျှရေးသားပေးပါဦး။

 

&nbsp

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ
‌ဒါကြောင့်

One Daily Media Copyright © 2021
ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *