Fri. May 27th, 2022

Gym မသွားနိုင်သူများအတွက် အိမ်မှာတင်ပြုလုပ်နိုင်မည့် ထိရောက်လေ့ကျင့်ခန်း (၆) မျိုး

ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းကသင့်ကျန်းမာရေးအတွက် အကောင်းဆုံးအရာပဲဖြစ်ပါတယ် ၊ သို့သော်လည်း အဆင်မပြေစေနေတဲ့အရာ တချို့ကအမြဲရှိနေပါတယ်။ ဥပမာအားဖြင့် gyms အသင်း၀င်စာရင်းမှနုတ်ထွက်ရခြင်း၏အဓိကအကြောင်းအရင်းများအနက်တစ်ခုမှာကုန်ကျစရိတ်မြင့်မားခြင်းဖြစ်ပါတယ်။

ထို့ကြောင့် တစ်ပြားမှမကုန်ဘဲ အိမ်မှာနေရင်း လေ့ကျင့်ခန်းပြုလုပ်နိုင်မယ့် နည်းလမ်းကောင်းများကိုရှာဖွေရပါတော့တယ်။

1. Chairs for dips

လူတိုင်းမှာအိမ်မှာ dip stand ပါတဲ့ mini gym မရှိပါဘူး၊ ဒါပေမယ့်ကုလားထိုင် ၂ လုံးက အသုံးပြုနိုင်မယ့် အရာတစ်ခုဖြစ်လာနိုင်ပါတယ်။ စနစ်တကျဖြစ်နိုင်ရန် မှန်ကန်သောနေရာ၊ ကိုယ်အလေးချိန်နှင့်ဖိအားကိုသုံးတတ်ရန်လိုပါတယ်။

2.အလေးမရန် ကျောပိုးအိတ်ကိုအသုံးပြုခြင်း

ရင်အုပ်တွန်းတင်ရ‌သော လေ့ကျင့်ခန်းများအတွက် အားကစားရုံသို့ သွား၍ အထူးကိရိယာများကိုအသုံးပြုခြင်းသည်သာ တစ်ခုတည်းသာ ရွေးချယ်စရာမဟုတ်ပါဘူး။ကျောပိုးအိတ်ကိုမတင်ပြီး ဤလေ့ကျင့်နည်းများလုပ်ကြည့်နိုင်ပါတယ်။ ကျွမ်းကျင်သူ အလေးမသမားများကတော့ ပို၍လေးလံသောအရာများကိုင်ဆောင်ကာ လေ့ကျင့်ခန်းများပြုလုပ်ကြပါတယ်။

3. အောက်ပိုင်းလေ့ကျင့်ခန်းအတွက်နံရံများကိုအသုံးပြုနည်း

ခြေထောက်တွေနဲ့ကြွက်သားတွေ အားကောင်းချင်ရင် အိမ်ရှိဘယ်နံရံကိုမဆိုလေ့ကျင့်ခန်းကိရိယာတစ်ခုအနေနဲ့သုံးနိုင်ပါတယ်။ တွန်းကန်ခြင်း ၊ လက်တွန်းခြင်း၊ ဆန့်တန်းခြင်းနှင့်ယောဂပြောင်းပြန်လှန်ခြင်းတို့ကို ဤနည်းဖြင့်လွယ်ကူစွာပြုလုပ်နိုင်ပါတယ်။

4.ဆိုဖာကို ခုံတန်းလျားအဖြစ်သုံးခြင်း

သင့်အိမ်ရှိဆိုဖာကိုတီဗီကြည့်ရုံထက်ပိုသုံးနိုင်ပါ‌ သေးတယ် ။ ထိုင်ထလုပ်ခြင်း၊ ရင်ဘတ်ကြွက်သားခွဲခြင်းနှင့်အခြားအရာများကို ခုံတန်းလျားတစ်ခုအဖြစ် သုံး၍ လေ့ကျင့်ခန်းလုပ်နိုင်ပါတယ် ။

5. Cardio လေ့ကျင့်ခန်းများအတွက် လှေကားထစ်များ

လေ့ကျင့်ခန်းများတွင်အသုံးအ ၀ င်ဆုံးအသုံးအဆောင်များမှာ cardio လေ့ကျင့်ခန်းများအတွက် ပြေးစက်များဖြစ်ပါတယ် ၊ ၎င်းဟာ မည်သည့်လေ့ကျင့်ခန်းအတွက်မဆိုအရေးကြီးသောအခြေခံအုတ်မြစ်ဖြစ်‌ သော်လည်း သင့်အိမ်မှာမရှိဘူး ဒါမှမဟုတ် အားကစားရုံကိုမသွားနိုင်ရင်စိတ်မပူပါနဲ့ ။ သင့်အိမ်၊ ရုံးခန်း ဒါမှမဟုတ်အများသုံးနေရာတွေမှာ လှေကားကိုသုံးခြင်းအားဖြင့်တူညီတဲ့ လေ့ကျင့်ခန်း ရလဒ်ကိုရနိုင်ပါတယ်။

6. Dumbbell press အစားထိုး pike push-up

Dumbbell press ဟာ ခန္ဓာကိုယ်အပေါ်ပိုင်းအတွက်အကောင်းဆုံး လေ့ကျင့်ခန်း တစ်ခုဟုလူသိများပါတယ် ။ သို့သော် pike push-ups ဟာ အိမ်မှာတငမခေ့ကျင့်လိုသူများအတွက် အကောင်းဆုံးအစားထိုးစရာတစ်ခုဖြစ်ပြီး မည်သည့် ကိရိယာမှမလိုအပ်ပါဘူး။

သင်ပြုလုပ်နေတဲ့ အိမ်တွင်းကိုယ်ကာယလေ့ကျင့်ခန်းများကိုလည်း မျှဝေပေးပါဦး

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published.