Tue. Oct 26th, 2021

လိမ္မော်ခွံများ၏ အသုံးဝင်ပုံ (၇) နည်း

ကမ္ဘာ့လိမ္မော်သီး ၈၀% ကျော်ကိုလိမ္မော်ရည်ပြုလုပ်ရန်အသုံးပြုပါတယ် ။ လိမ္မော်သီးတစ်လုံးစားတဲ့အချိန်မှာ အများစုကဖျော်ရည်များပြည့်နေတဲ့ အဖက်ဆီကိုသာ အာရုံရောက်ပြီးအခွံတွေကိုလွှင့်ပစ်တတ်ကြပါတယ်။ သို့သော်ထိုအခွံများဟာ များစွာအသုံး၀င်နိုင် သေးသောကြောင့်မလွှင့်ပစ်မှီ ပြန်လည်စဉ်းစားသင့်ပါပြီ။
လိမ္မော်ခွံများ၏ အသုံးဝင်ပုံ (၇) ချက်ကို ‌ဖော်ပြပေးလိုပါတယ်။

(၁) သွားများကိုဖြူဝင်းတောက်ပစေခြင်း

အပြုံးတစ်ပွင့်ရဲ့အဓိပ္ပါယ်ကို တွေးမိတဲ့အခါ အများအားဖြင့် ထမဆုံးအတွေးက“ အဖြူရောင်” ပါ။ လိမ္မော်ခွံတွင် citric acid ဟုခေါ်သောသဘာဝဒြပ်ပေါင်းတစ်ခုပါ ၀င်ပြီး သင်၏သွားများကို ဖြူဖွေးစေရန်ကူညီနိုင်ပါတယ်။

(၂)အိမ်သန့်ရှင်းရေးတွင်သုံးနိုင်ခြင်း

လိမ္မော်ခွံများကို အိမ်သန့်ရှင်းရေးလုပ်ရာတွင်အသုံးပြုခြင်းက အညစ်အကြေးများကို သန့်စင်စေပြီး ကုန်ကျစရိတ်ကို လျှော့ချစေပါတယ်။ ပြတင်းပေါက် ၊ မီးဖို ၊ အိုးခွက်ပန်းကန်များကို သန့်စင်ရာမှာ သုံးနိုင်ပါတယ်။ ပုံမှန်ရှာလကာရည်များတွင် acetic acid ပါဝင်ပြီး လိမ္မော်ခွံမှ limonene က ထိုညစ်ပတ်နေသောအစွန်းအထင်းများကို အရည်ပျော်စေပါတယ်။

ပြုလုပ်နည်း –
-ပုလင်းထဲသို့ရှာလကာရည်အနည်းငယ်လောင်းထည့်ပါ။
-လိမ္မော်ခွံများကိုထည့်ပါ။
-ရေခဲသေတ္တာထဲမှာရက်သတ္တပတ် အနည်းငယ်ထားပြီး မကြာမကြာလှုပ်ပေးပါ။
-ထို့နောက် ၎င်းကိုအခြား‌ ဆေးကြောလိုသော မျက်နှာပြင်များပေါ်တွင်လွယ်ကူစွာ ပက်ဖျန်းသုံးနိုင်ပါတယ်။

(၃) မီးထွန်းခွက်အဖြစ်သုံးနိုင်ခြင်း

အံ့သြဖို့ကောင်းစေတဲ့နည်းလမ်းတစ်ခုက အဲဒီ့ကျန်ခဲ့တဲ့လိမ္မော်ခွံတွေကိုသုံးပြီးချစ်စရာကောင်းတဲ့ဖယောင်းတိုင်လေးတစ်ချောင်းအဖြစ်ပြောင်းလဲနိုင်ပါတယ်။

ပြုလုပ်နည်း-
-လိမ္မော်သီးကိုတစ်ခြမ်း ဖြတ်၍ ပါဝင်သည်များကို စားပြီးနောက် ဒပင်စည်ကို အလယ်နေရာမှာထားပါ။
-လိမ္မော်ခွံအလွတ်ထဲသို့ သင်နှစ်သက်သောဟင်းချက်ဆီနှင့်ဖြည့်ပါ။
-ပင်စည်ကိုမီးစာအဖြစ်သုံးပါ။

(၄)ဇလုံထဲသို့ခြစ်ထည့်ပါ

ထူးခြားတဲ့လိမ္မော်ခွံအရသာအတွက် နည်းလမ်းကောင်းတစ်ခုက ဇလုံထဲကိုခြစ်ထည့်ခြင်းပါပဲ။ အရသာကောင်းကောင်းပေးတဲ့အပြင် အာဟာရဓာတ်များစွာနဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေများစွာပါဝင်ပါတယ်။

(၅) ပိုးသတ်ဆေးအဖြစ်သုံးခြင်း

အခွံများကိုသုံးရန်နောက်ထပ် အသုံးဝင်သောအချက်မှာ ပိုးသတ်ဆေးကိုပြုလုပ်ရန်ဖြစ်ပါတယ် ။ limonene ဒြပ်ပေါင်းကိုအင်းဆက်ပိုးမွှားများကိုနှိမ်နင်းရန် ထုတ်ကုန်များတွင်အများအားဖြင့်သုံးကြပါတယ်။

ပြုလုပ်နည်း–လိမ္မော်ခွံများကိုအခြောက်ခံပါ
-ဖြန်းဆေးဘူးအတွင်းသို့ရေဖြည့်ကာ အခြောက်ခံထားသော လိ‌မ္မော်ခွံများနှင့်ရောကာ အသုံးပြုနိုင်ပါပြီ။

(၆) scrub ပြုလုပ်ခြင်း

ကိုယ်ပိုင် scrub ပြုလုပ်ခြင်းက သင်လိုချင်သည့်အတိုင်း အတိအကျပြုလုပ်နိုင်စွမ်းကိုပေးသည့်အပြင် ငွေအချို့ကိုပင်သက်သာစေနိုင်ပါတယ်။ အရေပြားကို exfoliation လုပ်ခြင်းကအကျိုးကျေးဇူးများစွာရနိုင်သော်လည်း အလွန်အကျွံမလုပ်မိရန်သတိပြုပါ၊ တစ်ပတ်လျှင်အကြိမ်အနည်းငယ်လုပ်လျှင် လုံလောက်ပါတယ်။
ပြုလုပ်နည်း-
-ပန်းကန်လုံးတစ်လုံးထဲတွင်သကြားနှင့်လိမ္မော်ခွံများရောမွှေပါ။
-သင်အကြိုက်ဆုံးဆီ တစ်မျိုးမျိုး ကိုထည့်ပြီးသမအောင်မွှေပါ။
-ထိုအရောကိုသင့်အရေပြားပေါ်တွင်ညင်သာစွာ exfoliate လုပ်ပေးပါ။

(၇) ဖိနပ်အနံ့ပျောက်စေရန်သုံးခြင်း

အနံ့အသက်ရှိသောဖိနပ်အနံ့ကို မည်သူမျှမနှစ်သက်ပါဘူး။ သင့်ရဲ့အားလပ်ချိန်မှာလိမ္မော်ခွံတွေဖြင့် နောက်ထပ်အသုံး၀င်တာတစ်ခုက‌ တော့ ညအိပ်ချိန်ဖိနပ်တစ်ခုစီအတွင်း မှာထည့်အိပ်ပြီးမနက်ခင်းမှာလတ်ဆတ်တဲ့ citrus ရနံ့ဖြင့် တစ်နေ့တာကို စတင်နိုင်ပါပြီ။

လိမ္မော်ခွံများကို သင်အသုံးချနေတဲ့အခြားနည်းလမ်းများရှိရင်လည်း မျှဝေပေးခဲ့စေချင်တယ်။

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *