Wed. Oct 27th, 2021

(၂)နှစ်ကြာ‌စောင့်ဆိုင်းရိုက်ကူးထားခဲ့ရသော မျိုးသုဉ်းလုနီးပါး ရှားပါးတိရိစ္ဆာန် (၁၀) ကောင်

Tim Flach ဟာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးအန္တရာယ်ရှိသောတိရိစ္ဆာန်များကို ၂ နှစ်ကြာမှတ်တမ်းတင်ခြင်းဖြင့် လူသိများခဲ့သောဗြိတိန်ဓာတ်ပုံဆရာဖြစ်ပါတယ် ။ သူ၏ရိုက်ချက်များတွင် polar bear ၊ snow leopard ၊ Saig antelope ကဲ့သို့ ကျွန်ုပ်တို့သိသော ထူးခြားမျိုးစိတ်များအားလုံးပါဝင်ပါတယ်။ သူ၏အံ့သြဖွယ်ကောင်းသောလက်ရာများကိုသူ့ရဲ့ Endangered အမည်ရှိစာအုပ်တွင်တွေ့နိုင်ပါတယ်။

မျိုးသုဉ်းအန္တရာယ်ကြုံနေရပြီးအမြဲတမ်းတွေ့နိုင်ဖို့မလွယ်ကူတဲ့ ဒီတိရိစ္ဆာန်လေးတွေအား ယခုချိန်ထိမြင်နေရသေးတာကို တန်ဖိုးထားစေချင်တာကြောင့် သူတို့ပုံရိပ်အချို့ကိုဖော်ပြပေးလိုက်ပါတယ်။

(၁) နှင်းကျားသစ်

အာရှအလယ်ပိုင်းနှင့်တောင်ပိုင်း၏တောင်တန်းများမှဖြစ်ပြီး လက်ရှိနေထိုင်ရာဒေသမှာအရှေ့ဟိမဝန္တာနှင့်ယန်စီဖြစ်ပါတယ်။ သူတို့၏ခုခံနိုင်စွမ်းကို The International Union for Conservation of Nature (IUCN) တွင် အနီရောင် အဖြစ် စာရင်းသွင်းထားပါတယ်။

(၂) အီဂျစ်လင်းတငှက်

ဤလှပသော အီဂျစ်လင်းတကို အနောက်တောင်ဥရောပ ၊ မြောက်အာဖရိကနှင့်အိန္ဒိယတို့တွင်တွေ့ရသောအဖြူရောင်အသားစားလင်းတ (သို့) ရှေးခေတ်အီဂျစ်ဘုရင်၏ကြက်ဟုလူသိများပါတယ်။

(၃) Ploughshare Tortoise

Ploughshare Tortoise ဟာ ကမ္ဘာပေါ်တွင်အရှားပါးဆုံးကုန်းလိပ်များထဲမှတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်သူတို့ဟာ မျိုးသုဉ်းလုအန္တရာယ်များ နေတဲ့ သတ္တဝါတွေဖြစ်တာကြောင့်သူတို့ကို ကြာကြာမြင်နိုင်ဖို့ မလွယ်ကူပါဘူး။

(၄) Yellow-eyes tree frog

၎င်းတို့ဟာ လှပသောရွှေဝါရောင်မျက်ဝန်းနှင့် အပြာရောင်အမှတ်အသား လက်မောင်းများကိုပိုင်ဆိုင်ပါတယ်။ ဤဖားမျိုးစိတ်ကို Costa Rica အလယ်ပိုင်းကုန်းမြင့်တစ်ဝိုက်ရှိနေရာအနည်းငယ်တွင်သာကန့်သတ်ထားပါသည်။ ၎င်၏ထိန်းသိမ်းစောင့်ရှောက်မှုအခြေအနေဟာ မျိုးသုဉ်းခြင်းအတွက်ပြင်းထန်စွာအန္တရာယ်ရှိနေပါတယ်။

(၅) Hyacinth Macaw

တောင်အမေရိကအလယ်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင်ပေါက်ရောက်သောကြက်တူရွေးဖြစ်ပါတယ်။၎င်းသည် ၁၀၀ စင်တီမီတာခန့်ရှည်လျားပြီးအခြားကြက်တူရွေးမျိုးစိတ်များထက်ပိုရှည်ပါတယ်။ ဤအံ့သြဖွယ်မျိုးစိတ်များဟာ လှောင်အိမ်ရောင်းဝယ်မှုနှင့် ကျက်စားရာဒေသများဆုံးရှုံးခြင်းတို့ကြောင့် မျိုးသုဉ်းရန်အန္တရာယ်ရှိနေပါတယ်။

(၆) Black Snub-Nosed Monkey

တရုတ်မျောက်မျိုးစိတ် ၃ မျိုးအနက်မှ အန္တရာယ်အရှိဆုံးမျိုးစိတ်ဖြစ်ပါတယ်။အနောက်တောင်ဘက် တရုတ်ပြည် ၊ အနောက်တောင်ပိုင်း Yun Ling တောင်တန်းတွေကနေ Yunnan အနောက်မြောက်ပိုင်းနဲ့တိဘက်အရှေ့တောင်ပိုင်း တို့ထိ အမျိုးမျိုးကွဲပြားစွာ တွေ့ရပါတယ်။၎င်းတို့ဟာအဓိကအားဖြင့် ကျက်စားရာဒေသဆုံးရှုံးခြင်းနှင့်အမဲလိုက်ခံရခြင်းတို့‌ကြောင့် မျိုးသုဉ်းအန္တရာယ် ကြုံနေရပါတယ် ။ တရုတ်အစိုးရက ၁၉၇၅ တွင် အဆိုပါမျောက်များကိုလိုက်လံရှာဖွေခြင်းကိုတားမြစ်ခဲ့သော်လည်း လိုက်နာရန်အားနည်းနေဆဲဖြစ်ပါတယ်။

(၇) Indian Gharial

Indian Gharial ကို gavial (သို့) ငါးစားသောမိကျောင်းဟုလည်းခေါ်ပါတယ် ။ အိန္ဒိယတိုက်ငယ်မြောက်ပိုင်းတွင်မွေးဖွားပြီး ကမ္ဘာပေါ်တွင်အနည်းငယ်သာကျန်ရှိတော့ပါ‌ တော့တယ်။အများစုက လူသားများကြောင့်နေရပ်ဆုံးရှုံးခြင်းနှင့် သားကောင်များအဖြစ်အမဲလိုက်ခံရမှုများ‌ကြောင့်ဟုယူဆကြပါတယ်။

(၈) Marine Iguana

ပင်လယ် Iguana မျိုးစိတ်များဟာ ကြမ်းတမ်းသောပင်လယ်ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေကောင်းမွန်သောကမ္ဘာပေါ်မှတစ်ခုတည်းသောအဏ္ဏဝါအိမ်မြှောင်များဖြစ်ပါတယ်။ ၎င်းတို့ဟာ အိမ်မြှောင်ကြီးများနှင့်ဆင်တူပြီး Galápagosကျွန်းစုများတွင်သာတွေ့နိုင်ပါတယ်။

(၉) အာရေဗျဆိတ်သမင်

အာရေဗျ သို့မဟုတ် အဖြူရောင်ဆိတ်သမင်များဟာ အလတ်စားအရွယ် antelope နှင့် Oryx မျိုးစုတွင်အသေးငယ်ဆုံးအဖွဲ့ဝင်ပါတယ်။ သူတို့ဟာ ကြမ်းတမ်းသောသဲကန္တာရပတ်ဝန်းကျင်တွင်နေထိုင်ရန်ဖန်ဆင်းထားသော သဲကန္တာရမှဇာတိဖြစ်ပါတယ် ။ လောလောဆယ်တော့ oryx ကိုအာရေဗျကျွန်းဆွယ်ဒေသတွေမှာတွေ့နိုင်ပါတယ် ။ ၎င်း၏လက်ရှိအခြေအနေမှာ တရားမဝင်အမဲလိုက်ခြင်း၊ မိုးခေါင်ခြင်းတို့ကြောင့် မျိုးသုဉ်းအန္တရာယ်ရှိနေပါတယ်။

(၁၀) ထိုင်းမိကျောင်း

ထိုင်းမိကျောင်းများဟာ သေးငယ်သောရေချိုမိကျောင်းဖြစ်ပြီး ကမ္ဘောဒီးယား မှလွဲ၍ နိုင်ငံအများစုတွင်မျိုးသုဉ်းလုနီးပါးဖြစ်ပါတယ်။၎င်းတို့သည်လူသားများ၏အနှောင့်အယှက်များနှင့်စားကျက်နေရာများ ခြိမ်းခြောက်မှုများက ကျန်ရှိနေသေးသော ဦးရေကိုမျိုးသုဉ်းရန် တွန်းအားပေးနေပါတယ်။

ဒီတိရိစ္ဆာန်တွေဟာအမဲလိုက်မှု ခံနေရပြီး နေထိုင်ရာဒေသများ ပျက်စီးမှုကြောင့်သူတို့ရဲ့အရေအတွက်ကကျဆင်းလာနေပါတယ်။ ထို့အတွက် သင်၏ထင်မြင်ချက်များကို မှတ်ချက်ပြုမျှဝေခဲ့နိုင်ပါတယ်။

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *