Love

နာကျင်နေတဲ့ နှလုံးသားကို ကျေးဇူးပြုပြီးတော့ မုသားတွေနဲ့ မနှစ်သိမ့်ပါနဲ့

နာကျင်နေတဲ့ နှလုံးသားကို ကျေးဇူးပြုပြီးတော့ မုသားတွေနဲ့ မနှစ်သိမ့်ပါနဲ့

 

 

ကျွန်မ ဘာကြောင့်ပဲ နာကျင်ရနာကျင်ရပါ .. မုသားတွေနဲ့တော့ စာနာချင်ယောင်မဆောင်ပါနဲ့ မသိသလို စိတ်ထဲမှာမရှိသလို တိတ်တိတ်လေးနေပြီး မသိချင်ယောင်ဆောင်သွားတာမှ ပိုပြီး အဆင်ပြေပါသေးတယ် … ကိုယ်တကယ်ကြီး နာကျင်နေရတာကို စိတ်ထဲမပါပဲ နှစ်သိမ့်ပေးခံရတဲ့အခါကျ ပိုပြီးတော့ နာကျင်ရတယ်

အရင်ကတော့ ကိုယ်ဘာဖြစ်နေလဲ သိချင်ချင် မသိချင်ချင် ဒဏ်ရာကိုတွေကို လိုက်ပြနေခဲ့မိသလို ကိုယ်နာကျင်နေပါတယ်လို့ပြောခဲ့မိတယ် ဒါပေမယ့် ဘယ်သူကများကို အနာကို ဂရုစိုက်နေမှာမို့လို့လဲ သူတို့ကိုယ်တိုင် နာတာမှမဟုတ်ရင် ဘယ်ဒဏ်ရာကိုမှ ကြီးတယ်လို့မထင်တတ်ကြဘူးလေ

ပြီးရင် … လူတချို့က သူ့တို့နာကျင်ခဲ့ဖူးရင် တခြားသူတွေကို သူ့လိုနာကျင်နေမှာပဲဆိုတဲ့ စာနာနားလည်ပေးနိုင်ကြတာမဟုတ်ဘူး … သူတို့အမြင်မှာကိုယ်နာကျင်ရတယ်ဆိုတာ ဟာသသက်သက်ပါ အတည်ပေါက်ကြီးပြောနေတဲ့ကိုယ်က အရူးဖြစ်ရုံသက်သက်ပေါ့

တကယ်မစာနာနိုင်ရင် မမြင်ချင်ယောင်ဆောင်ပြီးနေလိုက်တာက ပိုကောာင်းပါတယ် မလှောင်ပါနဲ့ မုသားတွေနဲ့ မနှစ်သိမ့်ပါနဲ့ မုသားသက်သက်မှန်းပြန်သိရတဲ့အခါ အနာပေါ် အနာဆင့်ရတာကလွဲလို့ ဘာမှ ထပ်ပြီး မထူးဘူးလေ ..

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

 






 

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

 

Leave a Comment