One Daily News

အသက်ရာ‌ကျော်ထိ ကျန်းမာစွာ နေထိုင်နည်း (၈) နည်း

အသက်ရာ‌ကျော်ထိ ကျန်းမာစွာ နေထိုင်နည်း (၈) နည်း

လောကကြီးမှာ ကျွန်ုပ်တို့ကို အသက်ပိုရှည်စေမည့် မည်သည့်အာမခံချက်မျိုးမှမရှိပါဘူး။ အချို့သောသူများအသက်ရာကျော်ရှည်နေကြခြင်းမှာလည်း ထူးခြားသောအစီအမံများကြောင့်မဟုတ်ပါပဲ ကျန်းမာရေးလိုက်စားမှု ၊ တက်ကြွမှုလန်းဆန်းမှု ၊ ပျော်ရွှင်သောလူနေမှုဘ၀ နှင့်အတူ မျိုးရိုးဗီဇ၏အကူအညီအနည်းငယ်တို့ ပေါင်းစပ်ထားခြင်းကြောင့်ဖြစ်ပါတယ်။

ထို့ကြောင့် သက်တော်ရှည်အဖိုးအဖွားတို့ရဲ့ ဘဝနေထိုင်မှုအကျင့်စရိုက်အချို့ကို ရှာဖွေလေ့လာပြီး အားလုံးလည်း ဗဟုသုတရစေရန် ပြန်လည် မျှဝေပေးချင်ပါတယ်။

(၁) ကျန်းမာသော မျိုးရိုးဗီဇ ၊ ပျော်ရွှင်သောဘဝနေထိုင်မှု နှင့် သင်္ချာလေ့လာခြင်း

သိပ္ပံပညာရှင်များအဆိုအရ သက်‌တော်ရှည်အဖိုးအဖွားများစွာအကြား တူညီသောအရာတစ်ခုက‌ တော့ သူတို့၏ဘဝမှာ ခိုင်မြဲသော သူငယ်ချင်းများ၊ မိသားစုနှောင်ကြိုးများ၊ လေ့ကျင့်ခန်းလုပ်ခြင်းနှင့်စိတ်ဖိစီးမှုကိုကောင်းစွာရင်ဆိုင်ခြင်းတို့ပဲဖြစ်ပါတယ် ။

အသက်အကြီးဆုံး သက်တော်ရာကျော်ရှည်သူမှာ အသက် ၁၁၈ နှစ်အရွယ် Kane Tanaka ဖြစ်ပြီး သူမ၏အသက်ရှည်မှုကို သူမ၏ယုံကြည်ချက်၊ မိသားစု၊ အိပ်စက်ခြင်း၊ မျှော်လင့်ခြင်း၊ ကောင်းမွန်သောအစားအစာများစားခြင်းနှင့် သင်္ချာလေ့ကျင့်ခြင်းတို့နဲ့ ပေါင်းစပ်ထားပါတယ် ။ အဆိုပါ အသက်ရှည်သူများ၏မောင်နှမများနှင့်ကလေးများဟာလည်း မျိုးရိုးအရ ပိုမိုကျန်းမာပြီးအသက်ရှည်ရန်အခွင့်အလမ်းပိုရှိကြပါတယ်။

(၂) ငယ်ရွယ်သောမိခင်

အသက်ငယ်သောမိခင်ရှိခြင်းဟာ အခြားသူများထက်သင့်ကို အသက်ရှည်ရန်အခွင့်အလမ်းကိုတိုးစေနိုင်ပါတယ် ။ လေ့လာမှုအရအသက် ၂၅ နှစ် သို့မဟုတ် ငယ်ရွယ်သူအမျိုးသမီးများသည်ကလေးများ၏အသက်ရှည်မှုကိုတိုးစေပါတယ်။ ထိုအကြောင်းအရင်းကိုအတိအကျမသိရသေးသော်လည်း သုတေသနပြုချက်အရ အမေ၏မျိုးဥဟာ အရေးပါသော အခန်းကဏ္ဍတစ်ခုမှ ပါဝင်နေပါတယ်။

(၃) သူငယ်ချင်းကောင်းများရှိခြင်း

ဤလေ့လာမှုအရ သီးခြားခွဲနေတတ်ခြင်း နှင့်အထီးကျန်ခြင်းဟာ အ၀လွန်ခြင်းကဲ့သို့ပင် ကျွန်ုပ်တို့၏အသက်အန္တရာယ်ကိုခြိမ်းခြောက်နိုင်သည်ဟုဆိုထားပါတယ်။ ယနေ့ခေတ်လူငယ်များကြား ဆက်သွယ်‌ရေး ကွန်ယက်များ ပိုမိုလွယ်ကူလာသော်လည်း ဤဒဏ်ကိုအခံရဆုံးမှာလည်း လူငယ်များပင်ဖြစ်ပါတယ်။

လေ့လာမှုပူးတွဲပါဝင်သူ ဒေါက်တာ Timothy Smith ၏ အဆိုအရအထီးကျန်ခြင်းဟာ ဆေးလိပ်သောက်ခြင်းနှင့်အရက်သောက်ခြင်းကဲ့သို့ပင် ကျွန်ုပ်တို့အတွက်အန္တရာယ်ရှိပါတယ်။

(၄) လက်ဖက်ရည်သောက်ခြင်း

National Geographic ၏ Blue Zone ဟုအမည်ရသော လေ့လာမှု/ပရောဂျက်တစ်ခုက ကမ္ဘာပေါ်ရှိရာနှင့်ချီသောလူများစုရဲ့ နေထိုင်မှုပုံစံများကိုစူးစမ်းလေ့လာခဲ့ရာ အထင်ရှားဆုံးအရာကတော့ လက်ဖက်ရည်သောက်ခြင်းပါပဲ။ အထူးသဖြင့် လက်ဖက်စိမ်းကိုအကောင်းဆုံးကျန်းမာရေးနှင့် ညီညွတ်သောအမျိုးအစားဟု ယူဆကြပြီး ၎င်းသည်ကျွန်ုပ်တို့၏ကျန်းမာရေးအတွက် ကောင်းကျိုးသက်ရောက်မှုများရှိနေပါတယ်။

(၅) ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ခြင်း

ဆွီဒင်နိုင်ငံတွင်ပြုလုပ်သော လေ့လာမှုတစ်ခုအရရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု မရှိသောသူများက ကျန်းမာရေးနှင့်စိတ်ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ချေပိုများပါတယ်။ ကြွက်သားကြံ့ခိုင်မှုပျမ်းမျှခြင်း၏ အထက်ရှိသူများဟာ အသက်ရှည်ရန်အခွင့်အလမ်း ၂၀% -၃၅% ပိုများပါတယ် ။ ထို့အပြင် သူတို့က စိတ်ပိုင်းဆိုင်ရာရောဂါများခံစားရနိုင်ခြေလည်းနည်းပါတယ်။

(၆) အခွံမာသီးများစားခြင်း

အခွံမာသီးတွေမှာပရိုတင်း ၊ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ၊ ဗီတာမင်နဲ့သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ တစ်ပတ်လျှင်အခွံမာသီးအနည်းဆုံး ၃ လုံးစားသောသူများသည်အရွယ်မတိုင်မီသေဆုံးနိုင်ခြေကို ၃၉% လျော့နည်းစေပါတယ်။

(၇) ပျော်ရွှင်သောလူနေမှုဘဝ

လေ့လာမှုတစ်ခုအရ ဘဝကျေနပ်မှု၊ အကောင်းမြင်စိတ်နှင့်အပြုသဘောဆောင်သောခံစားချက်များဟာ ကျန်းမာရေးကိုကောင်းမွန်စေရုံသာမကအသက်ရှည်မှုကိုပါ တိုးတက်စေနိုင်ပါတယ်။ပျော်ရွှင်စရာကောင်းတဲ့လူတွေဟာ စိတ်ညစ်‌ နေရသူတွေထက် ၁၈% ပိုအသက်ရှည်နိုင်တယ်လို့သုတေသနတစ်ခုကထောက်ပြထားပါတယ်။ Kane Tanaka က ကောင်းမွန်ပျော်ရွှင်သောဘ၀ဟာ အသက်ရှည်မှုကို အကျိုးသက်ရောက်မှုရှိစေသော စံနမူနာတစ်ခုလည်း ဖြစ်ပါတယ်။

(၈) စနစ်တကျမှု၊ စည်းကမ်းလိုက်နာမှု

 

စုစည်းမှု၊ စည်းကမ်းရှိမှု နှင့်ပန်းတိုင်သို့ ဦး တည်ခြင်းတို့ဟာ ကျွန်ုပ်တို့၏ပရော်ဖက်ရှင်နယ်နှင့်ကိုယ်ပိုင်ဘ ၀ ကိုအကျိုးပြုရုံသာမကကျွန်ုပ်တို့၏သက်တမ်းကိုလည်းအကျိုးရှိစေနိုင်ပါတယ် ။ အသက်အရွယ်ကြီးရင့်သူ အမျိုးသား၊အမျိုးသမီးများကို လေ့လာမှုအရ စနစ်တကျနှင့်စည်းကမ်းရှိသူများဟာ ဤသိုမဟုတ်ပဲစည်းမဲ့ကမ်းမဲ့ ပေါ့ပျက်ပျက်နေသောသူများထက် ၁၁% ပိုအသက်ရှည်ပါတယ်။

သင့်ပတ်ဝန်းကျင်က သက်ကြီးရွယ်အို အဖိုးအဖွားများကိုရော အသက်ရှည်ကျန်းမာနည်းများ မေးမြန်းစပ်စုဖူးပါသလား? မမေးဖူးသေးရင် မေးကြည့်လိုက်ပီး သင်သိလာသည်များကို comment ‌တွင်ဝေမျှပေးပါဦး

Leave a Comment