Wed. Oct 27th, 2021

၂၁၀၀) ခုနှစ်ဟာ ကမ္ဘာသစ်တစ်ခုသဖွယ်ဖြစ်လာနိုင်သည့် အချက် (၇) ချက်

ကျွန်ုပ်တို့၏ နောက်လာမည့်မျိုးဆက်တို့ဟာ အိုမင်းခြင်းကို အသက်(၃၀) တွင်ရပ်တန့်နိုင်အောင် တီထွင်ကောင်းတီထွင်နိုင်ပါလိမ့်မယ်။ ကမ္ဘာမြေ၏လူ ဦး ရေဟာ စက္ကန့်နှင့်အမျှ တိုးပွားနေပြီး ၂၁၀၀ ခုနှစ်အကုန်တွင် ဤကမ္ဘာ မြေကြီး၌ ကျွန်ုပ်တို့သတိမပြုမိလိုက်သော ပြောင်းလဲမှုများစွာဖြစ်နေနိုင်ပါတယ်။ထိုအချိန်တွင် လူသားများသည် ယခုလက်ရှိနှင့် လုံးဝကွဲပြားခြားနားသော အသစ်ကမ္ဘာတစ်ခုတွင်နေထိုင်ရပုံမျိုးဖြစ်နေနိုင်ပါတယ်။

မဝေးတော့တဲ့အနာဂတ်မှာဘာတွေဖြစ်လာနိုင်လဲဆိုတာကိုရှာဖွေပြီး အံ့သြဖွယ်တွေ့ရှိချက်တွေကို ဝေမျှပေးချင်ခဲ့ပါတယ်။

(၁) ၃နာရီသာကြာမြင့်တော့မယ် ဘာလင်-နယူးယောက်ခရီးစဉ်

၂၁၀၀ တွင်ဥရောပနှင့်မြောက်အမေရိကကို အတ္တလန္တိတ်ဥမင်လိုဏ်ခေါင်းတစ်ခုဖြင့်ဆက်သွယ်ပြီး ဤလိုဏ်ခေါင်းမှတဆင့်ရထားများဟာ တစ်နာရီလျှင် ၄၃၄၉ မိုင်နှုန်းဖြင့်ဖြတ်သွားနိုင်ရန်လေဟာနယ်ပြွန်များတပ်ဆင်ထားပါလိမ့်မယ်။ သံလိုက်စက်ကွင်းများ၏စွမ်းအားနှင့်ရာသီဥတုအပေါ် မှီခိုမှု မရှိသောကြောင့်လေဟာနယ်လမ်း‌ကြောင်းဟာ ရထားကို ၃ နာရီအတွင်းဘာလင်မှနယူးယောက်သို့ ပို့ပေးပါလိမ့်မယ်။

(၂) မိုးသစ်တောများမရှိနိုင်တော့။

ကမ္ဘာပေါ်ရှိမိုးသစ်တောများဟာ ထက်ဝက်ခန့်ပျက်စီးနေပြီ ဖြစ်ပြီး ဆက်လက်ဖျက်ဆီး နေပါက (၂၁၀၀) ခုနှစ်တွင် ၎င်းတို့အားလုံးပျောက်ကွယ်သွားပါလိမ့်မယ်။ ကမ္ဘာပေါ်ရှိသက်ရှိများ၏ ၇၅ ရာခိုင်နှုန်းဟာ မိုးသစ်တောများတွင်‌ နေထိုင်ပြီး ၊ လူသားများကရှာဖွေတွေ့ရှိခြင်းမရှိသေးသော ၎င်းတို့ဟာလည်း သွားစရာနေရာမရှိသောကြောင့် ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။

(၃) အိုမင်းမှုကို ရပ်တန့်ခြင်း

လူတို့သည်သူတို့၏အသက်အရွယ်ကိုနုပျိုစေမည့်နည်းလမ်းများကို စဉ်ဆက်မပြတ် ရှာဖွေနေခဲ့ကြပါတယ်။ ဒါပေမယ့် ယခင်အချိန်များမှာ ဘာကြောင့်အိုမင်းရမှန်းမသိခဲ့ပါဘူး။

ဒါဟာဘယ်လိုရပ်တန့်ရမလဲဆိုတာကိုလည်း ရှာဖွေရာမှာ အရေးကြီးတဲ့အသေးစိတ် သော့ချက်တစ်ခုဖြစ်ပါတယ်။ယနေ့ခေတ်သုတေသီများ ကတော့ ကျွန်ုပ်တို့အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ အချိန်ကြာလာသည်နှင့်အမျှ မမှန်ကန်သောဆဲလ်များကြီးထွားလာ ကြောင်း သိရှိနေကြသော်လည်း ၂၁၀၀ မတိုင်မီတွင် ထိုဖြစ်ရပ်လုပ်ကိုပြန်ပြောင်းပြင်ဆင်ပေးမည့် ယန္တရားတစ်ခုရှိရန် ကြိုးစားနေကြပါတယ် ။

တကယ်တော့သိပ္ပံပညာရှင်တွေကအိုမင်းမှုကို ဖြစ်စေတဲ့မျိုးဗီဇ ၆၀ မျိုး လောက်ကိုသိထားပြီးပါပြီ ။ ထို့ကြောင့်ကျွန်ုပ်တို့၏မြေးများသည်အသက် ၃၀ ဖြစ်လာပြီးနောက်အိုမင်းခြင်းကိုရပ်တန့်ရန် အခွင့်အလမ်းရှိလာနိုင်ပါတယ်။

(၄) သဲကန္တရဖြစ်လာနိုင်သည့်နိုင်ငံ (၂၁) နိုင်ငံ

အပူချိန်ကို ၂ ဒီဂရီအောက်ထားဖို့နည်းလမ်းရှာမထားရင် မြေထဲပင်လယ်ချိုင့်ဝှမ်းဟာလွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀၀ မှာ ပြောင်းလဲခဲ့တာထက်တောင်ပိုဆိိုးလာပါလိမ့်မယ်။ ဆိုလိုသည်မှာသစ်တောများဟာ scrubland ဖြစ်ပြီးနောက် သဲကန္တာရဖြစ်လာပါလိမ့်မည်။ ၎င်းသည်စပိန်နိုင်ငံတောင်ပိုင်းကိုသာမကမြေထဲပင်လယ်ချိုင့်ဝှမ်းတွင် ပါ ၀ င်သောနောက်ထပ်နိုင်ငံ ၂၀ ကိုပါထိခိုက်စေမှာဖြစ်ပါတယ်။

(၅) ငတ်ပြတ်မှုများရှိလာနိုင်သည့် (၂၁၀၀)ခုနှစ်

ယနေ့‌ခေတ် ကျွန်ုပ်တို့ရဲ့အစာစားတဲ့အကျင့်ဓလေ့တွေကို ဆက်လုပ်နေမယ်ဆိုရင်ကမ္ဘာကြီးက ၂၁၀၀ မတိုင်ခင်မှာ အာဟာရချို့တဲ့နိုင်ပါတယ် ။ Harvard လူမှုဗေဒပညာရှင်တစ်ယောက်ရဲ့အဆိုအရ လူတိုင်းကသက်သတ်လွတ်စားရင်တောင် လက်ရှိလယ်ယာမြေက လူဦးရေ ၁၀ ဘီလီယံ ကိုထောက်ပံ့ပေးနိုင်မှာမဟုတ်ပါဘူး။

ထို့အပြင် ၂၀၃၀ တွင်ပင် စားနပ်ရိက္ခာများ ၀ ယ်ယူရန်ခက်ခဲနေပြီဖြစ်ပါတယ်။ အချို့အစားအစာများဟာလည်း ၁၃၀% မှ ၁၈၀% အထိ ပိုစျေးကြီးလာနိုင်ပါတယ်။

(၆) ၈.၂ ပေခန့်မြင့်တက်လာနိုင်သည့် ပင်လယ်ရေမျက်နှာပြင်

၁၉၉၃ ကတည်းက ဂြိုဟ်တုတစ်လုံးအား ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကိုမှတ်တမ်းတင်ရန်လွှတ်တင်ထားပါတယ်။ ထိုအချိန်မှ စ၍ ပင်လယ်ရေမျက်နှာပြင်သည် ၆-၈ လက်မအထိမြင့်တက်ခဲ့ပြီး

ဤနှုန်းဖြင့် ၂၁၀၀ တွင် ၈.၂ ပေသို့ရောက်လိမ့်မည်ဟုခန့်မှန်းကြပါတယ်။ဒါဟာ ကမ္ဘာတစ်ဝှမ်းရှိကမ်းရိုးတန်းများစွာကိုခြိမ်းခြောက်နိုင်ပြီး တံတားများ၊ လမ်းများ၊ ရေအထောက်အပံ့များကိုပါ အန္တရာယ်များစွာပေးပါလိမ့်မယ်။
၎င်းဟာ မုန်တိုင်းမြင့်တက်မှုအပြင်ရေလွှမ်းမိုးမှုကိုလည်းဖြစ်ပေါ်စေနိုင်ပြီး ရေချိုအရင်းအမြစ်များဟာ ဆားငန်ရေကြောင့်ညစ်ညမ်းရပါလိမ့်မယ်။

(၇) အလွန်ပူပြင်းလာသောကမ္ဘာကြီး

(၂၁၀၀) ခုနှစ်မှာ တိမ်တိုက်များပျောက်ကွယ်သွားနိုင်တာကြောင့် ကျွန်ုပ်တို့ရဲ့ သားစဉ်မြေးဆက်တွေဟာ တိမ်တိုက်ကောင်းကောင်းတွေခံစားနိုင်တော့မှာ မဟုတ်ပါဘူး ။ ၎င်းတို့ဟာ နေရောင်ခြည်ထင်ဟပ်မှုဖြင့် ကမ္ဘာကိုအေးမြစေတာဖြစ်ပြီး တိမ်များမရှိတော့သောအခါ ကမ္ဘာ့အပူချိန်ဟာ ၁၄ ဒီဂရီဖာရင်ဟိုက်အထိမြင့်တက်လာနိုင်ပါတယ် ။

သမုဒ္ဒရာများ ခြောက်သွေ့လာကာ မိုးခေါင်ခြင်း၊ လျှပ်တပြက်ရေကြီးခြင်းများတိုးလာပြီး လေထုတွင်း CO2 ပါဝင်မှာလဲ တိုးလာပါလိမ့်မယ်။ ရလဒ်အနေနှင့် လွန်ခဲ့သောနှစ်ပေါင်း ၅၇ သန်းခန့်ကကဲ့သို့ အလွန်ပူပြင်းပြီး နေလိုဖွယ်မကောင်းသော ကမ္ဘာမြေကြီးဖြစ်လာနိုင်ပါတယ်။

သင်ရော အသက်(၃၀) မှာ အိုမင်းမှုကို ရပ်တန့်လိုပါလား? ၂၁၀၀ ခုနှစ်အထိ သင်ရောအသက်ရှိနေဦးမယ် ထင်ပါသလား ?

 

 

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *