One Daily News

ဝိတ်တက်မှာကို စိုးရိမ်စရာမလိုဘဲ ညစာအဖြစ် စားသုံးနိုင်တဲ့ ဟင်းပွဲ(၅)မျိုး

ဝိတ်တက်မှာကို စိုးရိမ်စရာမလိုဘဲ ညစာအဖြစ် စားသုံးနိုင်တဲ့ ဟင်းပွဲ(၅)မျိုး

ဝိတ်ချတဲ့ သူတော်တော်များများဟာ ညစာကိုရှောင်ကြပါတယ်။ဒါဟာကောင်းမွန်မှန်ကန်တဲ့ နည်းလမ်းတစ်ခုတော့ မဟုတ်ပါဘူး။သိပ္ပံပညာရှင်များနှင့် ဆရာဝနများပြောကြားချက်အရ ညစာစားခြင်းဟာ ကောင်းကျိုးများစွာရှိပြီး လူတစ်ယောက်ဟာညစာစားဖို့ လိုကိုလိုအပ်ပါတယ်။ဒါပေမယ့် အစာများပြီး ညဘက်အိပ်မပျော်တာမျိုးတွေ၊

ဝိတ်တက်လာတာမျိုးတွေ မရှိအောင်တော့ မှန်မှန်ကန်ကန်ရွေးချယ်ရပါမယ်။ဒါကြောင့် ကျွန်တော်တို့ Pageမှ စာဖတ်ပရိသတ်များ အဆင်ပြေတဲ့ညစာကို လွယ်ကူစွာရွေးချယ်နိုင်စေရန်အတွက် ကျန်းမာရေးနှင့် ညီညွတ်တဲ့ ဟင်းပွဲ(၅)မျိုးကို ဖော်ပြပေးသွားပါမယ်။

(၁) ဥအမျိုးမျိုး

ဥအမျိုးမျိုးဟာamino acidကြွယ်ဝစွာပါဝင်တဲ့ proteinဓာတ် ရရှိနိုင်တဲ့ဟင်းပွဲတစ်မျိုးဖြစ်ပြီး သင့်ကိုလျင်မြန်စွာ ဗိုက်ပြည့်စေပါတယ်။အကောင်းဆုံးရွေးချယ်မှုကတော့ သေချာကျက်အောင်ပြုတ်ထားတဲ့ ကြက်ဥပဲဖြစ်ပါတယ်။

(၂)ချိစ်နှင့် စပျစ်သီး

သာမန်အရွယ်အစားရှိတဲ့ ချိစ်တစ်စိတ်ဟာ ကယ်လိုရီ (၁၀၀) ပတ်ချာလည်သာ ပါဝင်ပြီး proteinနှင့် casein ဓာတ်များစွာရရှိနိုင်ပြီး သင့်ကြိအလွယ်တကူတင်းတိမ်နိုင်စေပါတယ်။caseinဓာတ်ဟာဆိုရင်ဖြင့် သင့်ရဲ့ကြွက်သားကျန်းမာရေးကို များစွာကောင်းကျိုးပြုပါတယ်။စပျစ်သီးတွင် သင့်ရဲ့အိပ်စက်ခြင်းကို အထောက်အကူပြုပေးနိုင်တဲ့ Melatonin ပါဝင်တာကြောင့် သင့်ကိုအလွယ်တကူအိပ်မောကျစေနိုင်ပါတယ်။

(၃)ကြက်ဆင်

အသားစားချင်တဲ့သူများအတွက်တော့ proteinပါဝင်မှုမြင့်မားတဲ့ ကြက်ဆင်သားကို ညွှန်းပေးပါရစေ။ကြက်သားထက် ကြက်ဆင်သားက အစာချေဖျက်ဖို့ ပိုလွယ်ကူတာကြောင့် ကြက်ဆင်သားဟာ ပို၍သင့်တော်ပါတယ်။

(၄)ပြောင်းဖူးပြုတ်

အကယ်၍သင်ဟာ ညအချိန်ညဉ့်နက်မှ ဗိုက်ဆာလာလျှင် ပြောင်းဖူးပေါက်ပေါက်ထက် ပြောင်းဖူးပြုတ်ကိုသာ ရွေးချယ်သင့်ပါတယ်။ပြောင်းဖူးပြုတ်ဟာ ကိုလတ်စ‌ထရောကို လျော့ချပေးရာတွင် အထောက်အကူပြုပေးပါတယ်။

(၅)ငါး

Omega-3နှင့် Fatty acidများပါဝင်တဲ့ ငါးဟာဆိုရင်လည်း သင့်အတွက်သင့်‌လျောတဲ့ ညစာဟင်းတစ်မျိုးပဲဖြစ်ပါတယ်။ဒါအပြင်ငါးတွင်ပါရှိသော ပရိုတိန်းဓာတ်ဟာ ဇီဝဖြစ်စဉ်တစ်ခုဖြစ်တဲ့ Metabolismအတွက် ကောင်းမွန်ပါတယ်။

ဒါတွေကတော့ သင့်အတွက်သင့်တော်တဲ့ ညစာဟင်းပွဲ (၅)မျိုးပဲဖြစ်ပါတယ်။သင်ရော ပုံမှန်ဆိုလျှင် ဘယ်လိုညစာမျိုးကို စားသုံးလေ့ရှိပါသလဲ။

ယခုဖတ်ရှုလိုက်ရတဲ့ဆောင်းပါးမှ သင့်အတွက် ဗဟုသုတတစ်စုံတစ်ရာရရှိတယ်ဆိုပါက Like and Shareပြုလုပ်၍ ကျွန်တော်တို့ကို Supportပေးပါအုန်းနော်။ဒီလို ဗဟုသုတအကြောင်းအရာများကို ထပ်မံတင်ဆက်ပေးသွားအုန်းမှာဖြစ်လို့ Pageလေးကို Followပြုလုပ်ပေးထားကြပါအုန်းနော်။

Leave a Comment