Wed. Oct 27th, 2021

Pistachio စားသုံးခြင်းရဲ့အကျိုးကျေးဇူးများ

စူပါမားကတ်တွေမှာတွေ့ရ‌ေလ့ရှိတဲ့ Pistachioအခွံမာသီးများဟာ အရွယ်အစားအားဖြင့် သေးငယ်သလောက် များစွာသော ပရိုတင်းဓာတ်များ ပါဝင်ပါတယ်။ ဒါကြောင့် နေ့စဉ်သရေစာတစ်ခုအဖြစ် စားသုံးပေးလျှင် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိနိုင်ပါတယ်။ ကျ‌ေနာ်တို့စာဖတ်ပရိတ်သတ်များ ဗဟုသုတရရှိစေနိုင်ရန် အာဟာရလည်းရှိပြီး အရသာပါ ကောင်းမွန်တဲ့ Pistachioကိုစားသုံးခြင်းရဲ့ အကျိုးကျေးဇူးများကိုရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။

(၁) အာဟာရများစွာပါဝင်ခြင်း

Pistachioစေ့လေးတွေမှာ ကျန်းမာရေးအတွက် အရေးကြီးသော အမျှင်ဓာတ်၊ပရိုတိန်း၊အဆီဓာတ်၊ ပိုတက်ဆီယမ်၊ ဖော့ဖရပ်၊ ဗီတာမင် A၊ ဗီတာမင် B6 ၊ Copperနှင့် manganese ဓာတ်များပါဝင်ပါတယ်။

အခြားသော အခွံမာသီးများထပ်လည်း Caloriesပါဝင်မှု နည်းပါတာကြောင့် တနေ့ကို လက်တဆုပ်သာခန့်စားသုံးပေးဖို့ ဆရာဝန်များက recommen‌d ပေးကြပါတယ်။

(၂) ကိုလက်စ‌ထရောဓာတ်ကို လျှော့ချပေးခြင်း။


Pistachioဟာ antioxidant မြင့်မာစွားပါဝင်တာကြောင့် သင့်ခန္တာကိုယ်ရဲ့ ကိုယ်လက်စရောဓာတ်ကို လျှော့ချပေးနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်ဟာ ကိုလက်စရောဓာတ်မြင့်တက်နေတယ်ဆိုလျှင်။ Pistachioကို နေ့စဉ် (၂)စေ့ခန့် လေးပတ်ဆက်တိုက်စားသုံးပေးဖို့ အကြုံပြပါရစေ။

(၃) အမြင်အာရုံကိုတိုးမြင့်ပေးခြင်း။

Pistachioတွင် အခြားအခွံမာသီးအများစုတွင် မပါဝင်သော Luteinနှင့် Zeaxanthin (ဇီဇန်သင်း)ပါဝင်တာကြောင့် သင့်ရဲ့အမြင်အာရုံကို ကောင်းမွန်စေနိုင်ပါတယ်

(၄)အစာခြေစနစ်ကို ကောင်းမွန်စေခြင်း

ရှေ့မှာ ဖော်ပြထားခဲ့တဲ့အတိုင်း Pistachioတွင်အမျှင်ဓာတ်များစွာပါဝင်တာကြောင့် အစာခြေစနစ်ကို မြင့်တင်ပေးနိုင်ပြီး အူလမ်းကြောင်းကို သန့်စင်ပေးနိုင်ပါတယ်။

(၅)ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း

အခွံမာသီးအများစုဟာ သင့်ခန္တာကိုယ်အလေးချိန်ကို လျှော့ချပေးရာတွင် များစွာအထောက်အကူပြုပါတယ်။သရေစာအဖြစ် Pistachioကိုစားသုံးသူနှင့် မုန့်ကြိုးလိမ်ကဲ့သိုသော မုန့်မျိုးစားသုံးသူကိုနှိုင်းယှဉ်လေ့လာကြည့်သောအခါ Pistachioစားသုံးသူက ကိုယ်အလေးချိန်ပို၍ လျော့ကျကြောင်း တွေ့ရပါတယ်။

(၆)သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ခြင်း

လေ့လာတွေ့ရှိချက်တစ်ခုအရ Carbohydrateမြင့်မားတဲ့ ပေါင်မုန့်ကို Pistachioစေ့နှင့် တွဲဖက်စားသောက်သောအခါ သွေးတွင်းသကြားဓာတ်များစွာ မြင့်တက်လာမှုမရှိတာကိာ တွေ့ရပါတယ်။ဒါကြောင့်သင်ဟာ ထမင်း၊အာလူးအစရှိတဲ့ ကာဘွန်ဟိုက်ဒရိုတ်မြင့်မာတဲ့အစားအစာများကို စားသုံးလိုတဲ့ ဆီးချို‌ေသွချိုရှိဆိုင်လျှင် Pistachioကိုပါ တွဲဖက်စားသုံးပေးသင့်ပါတယ်။

(၇) သင့်ကိုအလွယ်တကူ အိပ်ပျော်နိုင်စေရန် ကူညီပေးနိုင်ခြင်း။

အခွံမာသီးများတွင် “Melatonin” ဟုခေါ်သော အိပ်ပျော်စေတဲ့ ဟော်မုန်းများစွာပါဝင်ပါတယ်။”Melatonin”ဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ကို အပန်းဖြေပေးပြီး လျင်မြန်စွာအိပ်မောကျစေပါတယ်။နေဝင်တာနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ Melatoninဓာတ်များကိုပိုထုတ်ပေး၍ Melatoninဓာတ်လုံလုံလောက်လောက်မရရှိတဲ့သူတွေမှာ ညဘက်အိပ်မပျော်တဲ့ ပြဿနာကို ကြုံတွေ့ရတတ်ပါတယ်။ဒါကြောင့် သင်ဟာ ညဘက်အိပ်မပျော်တတ်တဲ့သူဆိုလျှင် အိပ်ယာဝင်ခါနီး Pistachioအနည်းငယ်ကို စားသုံးပေးသင့်ပါတယ်။

(၈)ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို မြင့်တင်ပေးနိုင်ခြင်း။

အခွံမာသီးများတွင် အာဟာရဓာတ်များစွာ ပါဝင်တာကြောင့် ဦးနှောက်ရဲ့လုပ်ဆောင်ချက်များကို များစွယအထောက်အကူပြုပေးပါတယ်။အခွံမာသီးများထဲတွင်မှ Pistachioဟာ ဦးနှောက်အတွက် ‌အထောက်အကူအပြုပေးနိုင်ဆုံးတွေထဲက တစ်ခုဖြစ်ပါတယ်။ Pistachioကိုမကြာခဏ စားသုံးပေးခြင်းဖြင့် သင့်၍ သင်ယူနိုင်စွမ်း၊ မှတ်သားနိုင်စွမ်းနှင့် ဖြတ်ထိုးညာဏ်ကိုများစွာ တိုးမြင့်ပေးနိုင်ပါတယ်။ဒါကြောင့်။ ကလေးငယ်များကို Pistachioကဲ့သို့ အခွံမာသီးများကို မကြာခဏကျွေးသင့်ပါတယ်။

ယခုဖော်ပြပေးတဲ့ အကြောင်းအရာမှ သင့်အတွက် ဗဟုသုတရစေနိုင်မယ်လို့ မျှော်လင့်ပါတယ်။နောက်ထပ်လည်း ဒီလိုဗဟုသုတဆောင်းပါးများကို တင်ဆက်ပေးအုန်းမှာဖြစ်လို့ Like and Followပြုလုပ်ထားဖို့ မမေ့ပါနဲ့နော်။

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ

‌ဒါကြောင့်

One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *