Funny

Sugar daddy ခြောက်ယောက်ဆီကနေ တစ်လကို သိန်း ၂၈၀ နီးပါးရရှိတဲ့ 18 နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ

Chloe Hyams က အသက် 18 နှစ်ရှိပြီဖြစ်ပြီး စိတ်ပညာနဲ့ အာရုံကြောသိပ္ပံပညာကို သင်ကြားနေပါတယ်။ သူမက အရည်အချင်းပြည့်ဝတဲ့ စိတ်ပညာရှင်တစ်ယောက် ဖြစ်ချင်တာပါ။ အဲဒီလို ဖြစ်ဖို့ဆိုရင် မဟာဘွဲ့နဲ့ ပါရဂူဘွဲ့ ရဖို့လိုအပ်ပါတယ်။ Chloe က sugar baby လေးတစ်ယောက် ဖြစ်ပါတယ်။

သူမဟာ sugar daddy ခြောက်ယောက်ဆီကနေ တစ်လကို စုစုပေါင်း ပေါင် 18000 (၂၇၅ သိန်းကျော်) တောင် ရရှိပါတယ်။ အဲဒီအတွက် သူမရဲ့ တက္ကသိုလ်ကျောင်းသူဘဝက ငွေရေးကြေးရေးနဲ့ပတ်သက်လာရင် စိတ်ပူစရာ မလိုတော့ပါဘူး။ Chloeက London မြို့က ဖြစ်ပါတယ်။ Sugar daddy တစ်ယောက်စီက Chloe ကို လစဉ် ပေါင် 1500 ကနေ 3000 အထိ ပေးပါတယ်။ အဲဒီအတွက် Chloe က အားလပ်ရက်တွေမှာ နိုင်ငံခြားအထိ ခရီးတွေ ထွက်နိုင်ပါတယ်။

” ကျွန်မက ငွေနဲ့ပတ်သက်ပြီး အလွန်ပူပန်တတ်တာကြောင့် တက္ကသိုလ် မတက်ခင်နွေရာသီမှာ sugar baby တစ်ယောက် ဖြစ်လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တက္ကသိုလ်ရဲ့ အချိန်ဇယားတွေပေါ် မူတည်ပြီး တစ်လအတွက် sugar daddy အရေအတွက်ကို ရှာပါတယ်။ တစ်လအတွင်းမှာ sugar daddy 2 ယောက်လောက်လည်း တွေ့ပါတယ်။ တက္ကသိုလ်ပိတ်ထားတဲ့ အချိန်ဆိုရင် တစ်လကို sugar daddy 4 ယောက်ကနေ 6 ယောက်အထိ ရှိသွားပါတယ်” လို့ Chloe က ပြောပြပါတယ်။

” တက္ကသိုလ်ရဲ့ အချိန်ဇယားတွေပေါ် မူတည်ပြီး sugar daddy တွေကို တစ်လ နှစ်ကြိမ်ကနေ 4 ကြိမ်အထိ တွေ့ပါတယ်။ Sugar daddy တွေ အားလုံးကို 528 မေတ္တာနဲ့ပဲ ခင်မင်တာပါ။ အနာဂတ်မှာ လက်တွဲဖော် တစ်ယောက်တော့ ရှာမှာပါ။ Sugar daddy တော့ မဟုတ်ဘူး” လို့ Chloe က ပြောပြပါတယ်။

Chloeက sugar daddy ဖြစ်ဖို့ အလားအလာရှိတဲ့သူတွေကို Seeking Arrangement website မှာ ရှာဖွေပါတယ်။ Chloe တစ်ယောက် sugar baby ဖြစ်နေတာကို မိသားစုကလည်း မသိပါဘူး။ ဒါပေမယ့် သူမရဲ့ သူငယ်ချင်းတွေကတော့ အားပေးပါတယ်။ Chloe ကူညီလို့ သူငယ်ချင်းတွေလည်း sugar baby ဖြစ်ကုန်ကြပါပြီ။

Sugar daddy တွေက Chloe ကို ဒီဇိုင်နာအိတ်တွေ၊ ဖိနပ်တွေ၊ နာရီတွေ၊ အဝတ်အစားတွေ၊ လက်ဝတ်ရတနာတွေ ဝယ်ပေးပါတယ်။ Tiffany and Swarovski က လက်ဝတ်ရတနာတွေ၊ ပေါင် 800 လောက်တန်ဖိုးရှိတဲ့ ဖိနပ်တွေ၊ Airpod၊ Christian la croix က လက်ကိုင်အိတ်တွေ၊ ပေါင် 200 လောက် တန်ဖိုးရှိတဲ့ တက္ကသိုလ်က ဖတ်စာအုပ်တွေကို စုမိဆောင်းမိ ရှိနေပါပြီ။

တခြားကျောင်းသူ ကျောင်းသားတွေက စာလုပ်ပြီး အချိန်ပိုင်းအလုပ်တွေ လုပ်နေချိန်မှာ Chloe က sugar baby တစ်ယောက်ဖြစ်နေလို့ သိပ်ပြီး ပူပင်စရာမလိုပါဘူး။ Chloe က အလုပ်လုပ်စရာလည်း မလိုတာကြောင့် စာကြည့်ချိန်ပိုရတယ် လို့ ပြောပါတယ်။

Sugar baby တစ်ယောက်ဖြစ်လာဖို့ ဆိုရင် အသက်ငယ်ရမယ်၊ ရည်မှန်းချက်ကြီးရမယ်၊ ဆွဲဆောင်မှုရှိရမယ်၊ ပန်းတိုင်ကို ရောက်အောင် ကြိုးစားတဲ့သူဖြစ်ရမယ်၊ အသက်ကြီးကြီး အမျိုးသားတွေနဲ့ လိုက်လျောညီထွေ နေတတ်ရမယ်လို့ Chloe က ရှင်းပြပါတယ်။

Chloe က sugar daddy တွေနဲ့ စတွေ့ပြီဆိုရင် သူတို့အကြောင်းတွေကို အရင်ပြောခိုင်းကြောင်း၊ သူတို့အကြောင်းတွေ သိထားတဲ့အခါ နောက်ထပ် အဆင့်တက်ရတာ လွယ်ကူကြောင်း၊ ဒုတိယအကြိမ်တွေ့တဲ့အခါ သူတို့ရဲ့ဝါသနာ၊ စိတ်ဝင်စားတဲ့အရာတွေ၊ သွားချင်တဲ့နေရာတွေကို မေးကြောင်း၊ အဲဒီလိုနဲ့ sugar daddy တွေ သဘောကျတဲ့ sugar baby လေး ဖြစ်လာကြောင်း ပြောပြခဲ့ပါတယ်။

Zombie (Lovemedia)

For Zawgyi

Sugar daddy ေျခာက္ေယာက္ဆီကေန တစ္လကို သိန္း ၂၈၀ နီးပါးရရွိတဲ့ 18 ႏွစ္အ႐ြယ္ တကၠသိုလ္ေက်ာင္းသူ

Chloe Hyams က အသက္ 18 ႏွစ္ရွိၿပီျဖစ္ၿပီး စိတ္ပညာနဲ႔ အာ႐ုံေၾကာသိပၸံပညာကို သင္ၾကားေနပါတယ္။ သူမက အရည္အခ်င္းျပည့္ဝတဲ့ စိတ္ပညာရွင္တစ္ေယာက္ ျဖစ္ခ်င္တာပါ။ အဲဒီလို ျဖစ္ဖို႔ဆိုရင္ မဟာဘြဲ႕နဲ႔ ပါရဂူဘြဲ႕ ရဖို႔လိုအပ္ပါတယ္။ Chloe က sugar baby ေလးတစ္ေယာက္ျဖစ္ပါတယ္။

သူမဟာ sugar daddy ေျခာက္ေယာက္ဆီကေန တစ္လကို စုစုေပါင္း ေပါင္ 18000 (၂၇၅ သိန္းေက်ာ္) ေတာင္ ရရွိပါတယ္။ အဲဒီအတြက္ သူမရဲ႕ တကၠသိုလ္ေက်ာင္းသူဘဝက ေငြေရးေၾကးေရးနဲ႔ပတ္သက္လာရင္ စိတ္ပူစရာ မလိုေတာ့ပါဘူး။ Chloeက London ၿမိဳ႕က ျဖစ္ပါတယ္။ Sugar daddy တစ္ေယာက္စီက Chloe ကို လစဥ္ ေပါင္ 1500 ကေန 3000 အထိ ေပးပါတယ္။ အဲဒီအတြက္ Chloe က အားလပ္ရက္ေတြမွာ ႏိုင္ငံျခားအထိ ခရီးေတြ ထြက္ႏိုင္ပါတယ္။

” ကြၽန္မက ေငြနဲ႔ပတ္သက္ၿပီး အလြန္ပူပန္တတ္တာေၾကာင့္ တကၠသိုလ္ မတက္ခင္ေႏြရာသီမွာ sugar baby တစ္ေယာက္ ျဖစ္လာဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ တကၠသိုလ္ရဲ႕အခ်ိန္ဇယားေတြေပၚ မူတည္ၿပီး တစ္လအတြက္ sugar daddy အေရအတြက္ကို ရွာပါတယ္။ တစ္လအတြင္းမွာ sugar daddy 2 ေယာက္ေလာက္လည္း ေတြ႕ပါတယ္။ တကၠသိုလ္ပိတ္ထားတဲ့ အခ်ိန္ဆိုရင္ တစ္လကို sugar daddy 4 ေယာက္ကေန 6 ေယာက္အထိ ရွိသြားပါတယ္” လို႔ Chloe က ေျပာျပပါတယ္။

” တကၠသိုလ္ရဲ႕ အခ်ိန္ဇယားေတြေပၚ မူတည္ၿပီး sugar daddy ေတြကို တစ္လ ႏွစ္ႀကိမ္ကေန 4 ႀကိမ္အထိ ေတြ႕ပါတယ္။ Sugar daddy ေတြ အားလုံးကို 528 ေမတၱာနဲ႔ပဲ ခင္မင္တာပါ။ အနာဂတ္မွာ လက္တြဲေဖာ္ တစ္ေယာက္ေတာ့ ရွာမွာပါ။ Sugar daddy ေတာ့ မဟုတ္ဘူး” လို႔ Chloe က ေျပာျပပါတယ္။

Chloeက sugar daddy ျဖစ္ဖို႔ အလားအလာရွိတဲ့သူေတြကို Seeking Arrangement website မွာ ရွာေဖြပါတယ္။ Chloe တစ္ေယာက္ sugar baby ျဖစ္ေနတာကို မိသားစုကလည္း မသိပါဘူး။ ဒါေပမယ့္ သူမရဲ႕ သူငယ္ခ်င္းေတြကေတာ့ အားေပးပါတယ္။ Chloe ကူညီလို႔ သူငယ္ခ်င္းေတြလည္း sugar baby ျဖစ္ကုန္ၾကပါၿပီ။

Sugar daddy ေတြက Chloe ကို ဒီဇိုင္နာအိတ္ေတြ၊ ဖိနပ္ေတြ၊ နာရီေတြ၊ အဝတ္အစားေတြ၊ လက္ဝတ္ရတနာေတြ ဝယ္ေပးပါတယ္။ Tiffany and Swarovski က လက္ဝတ္ရတနာေတြ၊ ေပါင္ 800 ေလာက္တန္ဖိုးရွိတဲ့ ဖိနပ္ေတြ၊ Airpod၊ Christian la croix က လက္ကိုင္အိတ္ေတြ၊ ေပါင္ 200 ေလာက္ တန္ဖိုးရွိတဲ့ တကၠသိုလ္က ဖတ္စာအုပ္ေတြကို စုမိေဆာင္းမိ ရွိေနပါၿပီ။

တျခားေက်ာင္းသူ ေက်ာင္းသားေတြက စာလုပ္ၿပီး အခ်ိန္ပိုင္းအလုပ္ေတြ လုပ္ေနခ်ိန္မွာ Chloe က sugar baby တစ္ေယာက္ျဖစ္ေနလို႔ သိပ္ၿပီး ပူပင္စရာမလိုပါဘူး။ Chloe က အလုပ္လုပ္စရာလည္း မလိုတာေၾကာင့္ စာၾကည့္ခ်ိန္ပိုရတယ္ လို႔ ေျပာပါတယ္။ Sugar baby တစ္ေယာက္ျဖစ္လာဖို႔ ဆိုရင္ အသက္ငယ္ရမယ္၊ ရည္မွန္းခ်က္ႀကီးရမယ္၊ ဆြဲေဆာင္မႈရွိရမယ္၊ ပန္းတိုင္ကို ေရာက္ေအာင္ ႀကိဳးစားတဲ့သူျဖစ္ရမယ္၊ အသက္ႀကီးႀကီး အမ်ိဳးသားေတြနဲ႔ လိုက္ေလ်ာညီေထြ ေနတတ္ရမယ္လို႔ Chloe က ရွင္းျပပါတယ္။

Chloe က sugar daddy ေတြနဲ႔ စေတြ႕ၿပီဆိုရင္ သူတို႔အေၾကာင္းေတြကို အရင္ေျပာခိုင္းေၾကာင္း၊ သူတို႔အေၾကာင္းေတြ သိထားတဲ့အခါ ေနာက္ထပ္ အဆင့္တက္ရတာ လြယ္ကူေၾကာင္း၊ ဒုတိယအႀကိမ္ေတြ႕တဲ့အခါ သူတို႔ရဲ႕ဝါသနာ၊ စိတ္ဝင္စားတဲ့အရာေတြ၊ သြားခ်င္တဲ့ေနရာေတြကို ေမးေၾကာင္း၊ အဲဒီလိုနဲ႔ sugar daddy ေတြ သေဘာက်တဲ့ sugar baby ေလး ျဖစ္လာေၾကာင္း ေျပာျပခဲ့ပါတယ္။

Zombie (Lovemedia)

Leave a Comment