လူတချို့ တိရစ္ဆာန်များနှင့် လက်ထပ်ကြရသည့် အကြောင်းအရင်း
အရင်ခေတ်တွေတုန်းကတော့ လူနဲ့တိရစ္ဆာန်အကြား အိမ်မွေးတိရစ္ဆာန်၊မွေးမြူရေးတိရစ္ဆာန်သာသာ သာဆက်သွယ်ရင်းနှီးမှု ရှိခဲ့ကြတာဆိုပေမယ့် အခုခေတ်မှာတော့ ပိုနီးကပ်တဲ့ အနေအထားတစ်ခုသို့ ရောက်ရှိလာပါပြီ။အချို့ဆိုလျှင် ခွေး၊ကြောင်၊နွား၊လင်းပိုင်၊နောက်ဆုံးဖားနှင့်အထိပါ လက်ထပ်သည်အထိရှိလာကြပါတယ်။ဒါကြောင့်လည်း သုသေသီများက လေ့လာချက်များ ပြုလုပ်ခဲ့ပါတယ်။ဒီတွေ့ရှိလေ့လာမှုများကို ကျွန်တော်တို့ Pageမှ ဘာသာပြန်ဖော်ပြပေးသွားပါမယ်။
Relationship တွင် အကြိမ်ကြိမ်သစ္စာဖောက်ခံရမှုကြောင့်
ကိုယ်တိုင်သစ္စာဖောက်ခြင်းခံရဖူးတဲ့ သူတွေကတော့ ဒီခံစားချက်ကို နားလည်နိုင်မယ်ထင်ပါတယ်။ဒါကြောင့် အမျိုးသမီးတစ်ယောက်ဟာ လူအများကြီးရဲ့ သစ္စာဖောက်ခြင်းကို ခံပြီးရတဲ့အခါမှာတော့ အမြဲအနားမှာရှိနေပေးပြီး သစ္စာရှိတဲ့ သူမခွေးရဲ့ အရိပ်အောက်သာ ခိုလှုံသွားခဲ့ပါတယ်။
Elizabeth Hoadလို့အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ Dating ချိန်းတွေ့ဆုံမှုပေါင်း 220ကျော်နှင့် စေ့စပ်ပွဲ (4)ခါ ပျက်ပြီးတဲ့ နောက်မှာတော့ သူမအတွက် အချစ်စစ်ကို မရှာတွေ့နိုင်တော့တာကြောင့် သူမရဲ့ခွေးနှင့်သာ လက်တပ်လိုက်ပါတော့တယ်။
ခွေးတစ်ကောင်ရှိခြင်းဟာ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို များစွာကောင်မွန်စေပြီး အထီကျန်မှုနှင့် Depressionများကို လျှော့ချပေးနိုင်သောကြောင့်
လူတချို့ကတော့ သူတို့ရဲ့ Mental healthအတွက် ခွေးနှင့်လက်ထပ်တာဖြစ်ပါတယ်။”ခွေးတစ်ကောင်ကသင့်ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာေရးကို များစွာကောင်းကျိုးပေးနိုင်ချိန်မှာ ယောက်ျားတွေနဲ့ လက်ထပ်ပြီး Depressionတွေ၊စိတ်ပင်ပန်း၊လူပင်ပန်းမှုတွေကို မယူနိုင်ဘူး”လို့ အမျိုးသမီးတစ်ယောက်က ဆိုခဲ့ပါတယ်။
အချို့အရာတွေမှာ လူသားတွေထက် တိရစ္ဆာန်တွေက ပိုကောင်းလို့
Wilhelmina Morganဆိုတဲ့အမျိုးသမီးဟာ သူမရဲ့လက်ထပ်ပွဲအပါအဝင် အရာအားလုံးဆုံးရှုံးခဲ့ပြီးတဲ့နောက်မှာ သူမရဲ့ခွေးသာလျှင် စစ်မှန်ပြီး သူမအပေါ်သစ္စာရှိ၍ supportအပေးနိုင်ဆုံးသူဆိုတာ သိရှိပြီးတဲ့နောက်မှာ သူမရဲ့ခွေးနဲ့ပဲ လက်ထပ်ပေးခဲ့တာဖြစ်ပါတယ်။
မကောင်းတဲ့အရာတွေကို ဖယ်ရှာပေးပြီး ကံကောင်းခြင်းတွေ ယူဆောင်လာပေးလို့
တချို့လူတွေရဲ့အကြောင်းပြချက်ကတော့ logicဆန်ပါတယ်။အသက်မပြည့်သေးတဲ့ ကောင်မလေးတစါယောက်ဟာ သူမအနားမှာရှိတဲ့ မကောင်းတဲ့ ဝိဉာဏ်တွေ၊ အငွေ့အသက်တွေ ပျောက်သွားစေရန် ဓလေ့ထုံးတမ်းတစ်ခုအဖြစ် ခွေးတစ်ကောင်းနှင့် လက်ထပ်ပေးခဲ့ပါတယ်။ Nepal နိုင်ငံမှ အမျိုးသာတစ်ဦးဟာလည်း ကံကောင်းစေရန် ခွေးတစ်ကောင်နှင့်လက်ထပ်ခဲ့ကြောင်း သိရပါတယ်။
တိရစ္ဆာန်နှင့် လက်ထပ်တာဟာ သမရိုးကျကိစ္စမဟုတ်တာကြောင့် လက်သင့်မခံနိုင်တဲ့သူတွေလည်းအများကြီးရှိပါတယ်။ သူ့အနေနဲ့ရော ဒီကိစ္စရပ်ကို ဘယ်လိုမြင်မိပါသလဲ။ အရာရာမှာ အကောင်းနဲ့အဆိုး ဒွန်တွဲနေတာတော့ သဘာဝပါ။
ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာများကို တင်ဆက်ပေးသွားမှာဖြစ်လို့ Pageကို Like and Followပြုလုပ်ပေးထားပါအုန်းနော်။
Source Brightside
Written One Daily Media