Tue. Oct 26th, 2021

သင်အမှန်တကယ်အသုံးဝင်တယ်လို့ထင်နေတဲ့ အလေ့အကျင့်မှား(၇)ခု

ကျွန်တော်တို့ရဲ့ ကျန်းမာရေးနှင့် အရည်အသွေး‌တွေကို ထိန်းသိမ်းဖို့အတွက် အရေးပါတဲ့ အလေ့အကျင့်ပဲလို့ ကျွန်တော်တို့ ဦးနှောက်ထဲမှာ စွဲမြဲနေတာတွေ ရှိပါတယ်။ မှတ်ယူထားတဲ့ အလေ့အကျင့် အတော်များများကလည်း မှန်ကန်‌‌ေလ့ရှိပါတယ်။သို့ပေမဲ့ တချို့ကိစ္စလေးတွေက သင်ထင်တားသကဲ့သို့ အသုံးမဝင်လှပါဘူး။ ကျွန်တော်တို့ pageကနေ သင်မှတ်သားထားသင့်တဲ့ အသုံးမဝင်သော အလေ့အကျင့်မှား(၇)ခုကို တစုတစည်းတည်း ဖော်ပြပေးသွားပါမယ်။

(၁) Multivitaminဆေးလုံးများကို မှီဝဲခြင်း

ကျွန်တော်တို့ စားသုံးနေတဲ့ multivitaminနဲ့ bio-additivesတွေ ပါဝင်တဲ့ ဆေးဝါးတွေက ရောဂါပိုးတွေ ပြန့်ပွားမှုနဲ့ လုပ်ဆောင်နိုင်စွမ်း အပေါ် မည်သို့မျှ သက်ရောက်မှု့မရှိပါဘူး။ အမေရိကန်နိုင်ငံမှာရှိတဲ့ သိပ္ပံပညာရှင် တစ်ဖွဲ့က လူပေါင်း (၄)သိန်းကျော်ကို စမ်းသပ်ပြီးတဲ့နောက်မှာ multivitaminဆေးလုံးတွေ အများအပြား မှီဝဲခြင်းက ကျွန်တော်တို့ရဲ့ ကျန်းမာရေးကိုတောင် ထိခိုက်န်ုင်စေတယ်လို့ ဆိုခဲ့ပါတယ်။

(၂) Alcholမပါဝင်တဲ့ လက်သန့်ဆေးဂျယ်ကို အသုံးပြုခြင်း

 

လက်သန့်‌ေဆးဂျယ်တွေဟာ ဘက်တီးရီးယားပိုးမွှားတွေရဲ့ ရန်နှင့် အခြားရောဂါတွေ မဝင်နိုင်အောင် တကယ်ကို အထောက်အကူပြုပါတယ်။ သို့ပေမဲ့ Alcohol 60 အထက်ပါရှိမှသာ ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။ အခြား Alcoholမပါဝင်တဲ့ လက်သန့်ဆေးရည်တွေဟာ ပိုးမွှားတွေရန်ကမကာကွယ်ပေးနိုင်ပါဘူး။ အကောင်းဆုံးကတော့ ကျွန်တော်တို့ရဲ့ လက်တွေကို ရေနဲ့ဆပ်ပြာနဲ့ စင်ကြယ်စွာ ဆေးကြောခြင်းက အသင့်လျော်ဆုံးပါပဲ။

(၃) ဟင်းခက်အချိုမှုန့်ကို ရှောင်ကြဉ်ခြင်း

အချိုမှုန့်စားသုံးခြင်းက ခေါင်းကိုက်ခြင်းနဲ့ ဦးနှောက်လုပ်ဆောင်မှုကို နှေးကွေးစေတဲ့ ရောဂါတွေဖြစ်စေတယ်လို့ တစ်ချို့က ဆိုပါတယ်။ သို့ပေမဲ့ အချိုမှုန့် တစ်မျိုးတည်းကိုသာ 3gထက်ကျော်လွန်ပြီး စားသုံးမှသာဖြစ်နိုင်တာပါ။ သင်အဲဒါတွေကို မယုံကြည်ချင်မှန်း သိပါတယ်။ သို့ပေမဲ့ အချိုမှုန့်မပါတဲ့ ဟင်းတစ်ပွဲကိုတော့ သင် ဘယ်လိုမှ အရသာတွေ့မှာ မဟုတ်ပါဘူး။

(၄) အသီးအနှံများသာ စားသုံးခြင်းဖြင့်ဝိတ်‌‌ေလျှာ့ခြင်း

ကျွန်တော်တို့ ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပစ်ဖို့အတွက် အသီးအနှံများသာ စားသုံးပြီး ဝိတ်ချခြင်းက ယခုခေတ်မှာ ပိုပြီးရေပန်းစားလာပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်ပညာရှင်တွေက သင်အသက်ရှင်နေထိုင်ဖို့အတွက် အသီးအနှံတစ်ခုတည်းနှင့် မလုံလောက်ကြောင်း ထောက်ပြခဲ့ပါတယ်။

(၅) Organicအသီးအနှံများကို အရူးအမူးဖြစ်လာကြခြင်း

(၆) Microwaves အသုံးပြုဖို့ ငြင်းဆန်ခြင်း

Microwaveအသုံးပြုခြင်းက အစားအစာတွေမှာ ပါဝင်တဲ့ အသုံးဝင်တဲ့ အရာတွေကို ပျက်ပြယ်သွားနိုင်စေပါတယ်။ သို့ပေမဲ့ ဒယ်အိုး သို့မဟုတ် မီးဖိုများ အသုံးပြုခြင်းကလည်း ထိုနည်းတူပါပဲ။ တစ်ချို့အခြေအနေတွေမှာဆိုရင် Microwaveအသုံပြုခြင်းက သင့်ကို ပို၍ အဆင်ပြေ‌ေချာမွေ့စေပါတယ်။ ဥပမာအနေနဲ့ဆို အသီးအနှံများကို ပြန်နွေးတဲ့ အခါမှာMicrowavesက သင့်ကို ပိုပြီးအရသာတွေ့စေပါလိမ့်မယ်။

(၇) အဆီဓာတ်နည်းသော အစားအစာများသာ စားသုံးခြင်း

ကျွန်တော်တို့ ခန္ဓာကိုယ်က Carbohydrate ဓာတ်နဲ့ အသားဓာတ်တွေကို လိုအပ်သကဲ့သို့ အဆီဓာတ်ကိုလည်းလိုအပ်ပါတယ်။ ကယ်လ်လိုရီတွေ လျှော့ချဖို့အတွက် အဆီဓာတ်မပါသော အစားအသောက်တွေပဲ စားတာဟာ အကောင်းဆုံးနည်းလမ်း မဟုတ်ပါဘူး။ သို့ပေမဲ့ သကြားဓာတ် များစွာပါဝင်တဲ့ အရာများကိုတော့ စားဖို့မသင့်တော်ပါဘူး

ယခုဖော်ပြခဲ့တဲ့ အရာများထဲမှာ ဘယ်အရာကိုများ သင်သတိမပြုမိဘဲ ကျင့်သုံးနေမိပါသလဲ။ဒီဆောင်းပါးလေးကိုဖတ်ရှုခြင်းဖြင့် ဗဟုသုတတစ်စုံတစ်ရာ ရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။နောက်ထပ်နည်း ဗဟုသုတရဖွယ် အကြောင်းအရာများစွာကို ‌တင်ဆက်ပေးအုန်းမှာဖြစ်လို့ Like and Followပြုလုပ်ထားဖို့ မမေ့ပါနဲ့နော်။

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *