Wed. Oct 27th, 2021

Harry Potter ဇာတ်လမ်းများ၏ သရုပ်ဆောင်များ၏ လတ်တလော လှုပ်ရှားမှုများ အပိုင်း(၂)

Hagwarts ကျောင်းတော်ကြီးရဲ့ကျောင်းသားများရဲ့ လက်တလောလှုပ်ရှားများကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

(၁) Bonnie Wright ( Ginny Weasley)

Ginny Weasleyဟာ ယခုအချိန်တွင် Producing Companyတစ်ခုကို သူမကိုယ်တိုင် တည်ထောင်ဦးစီးလျက်ရှိပြီး ရုပ်ရှင်ဇာတ်လမ်းများတွင်လည်း ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။

(၂) Domhnall Gleeson (Bill Weasley)

Billဟာ သရုပ်ဆောင်၊ဇာတ်ညွှန်းရေးဆရာနှင့် ဒါရိုက်တာတစ်ဦးအဖြစ် ကမ္ဘာတစ်ဝှမ်းကျော်ကြားလျက်ရှိပါတယ်။

(၃) James and Oliver Phelps ( Fred and George Weasley)

စည်းမျဉ်းစည်းကမ်းများကို ဂရုမစိုက်ဘဲ ပျော်ပျော်ပါးပါး စွန့်စားတတ်တဲ့ Fred နဲ့ George Weasleyညီအကိုနှစ်ဦးဟာလည်း သရုပ်ဆောင်အဖြစ် အနုပညာလမ်းကြောင်းကိုပဲ ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။

(၄) Matthew Lewis ( Neville Longbottom)

ဟာသသရုပ်ဆောင်အဖြစ် အားဖြည့်ခဲ့တဲ့ Nevilleတစ်ယောက်ကတော့ ယခုအချိန်တွင် ပျိုတိုင်းကြိုက်တဲ့နှင်းဆီတစ်ခိုင်ဖြစ်နေပြီး ရုပ်ရှင်များတွင် ဆက်လက်တွေ့မြင်ရပါတယ်။

(၅) Jessie Cave (Lavendsr Brown)

Ron Weasleyရဲ့ကောင်မလေးဖြစ်ခဲ့တဲ့ Lavendar ဟာ ဟာသသရုပ်ဆောင်တစ်ယောက်အဖြစ် ရှိနေပါတယ်။

(၆)Clemence Roe’sy (Fleur Delacour)

Harry Potterဇာတ်လမ်းများတွင် အလှပဆုံးမိန်းကလေးတစ်ယောက်ဖြစ်ခဲ့တဲ့ Fleurဟာ သရုပ်ဆောင်နှင့် Modelအလုပ်ကို လုပ်ကိုင်လျက်ရှိပါတယ်။

(၇) Scarlett Byrne (Pansy Parkinson)

Pancyကိုတော့ The Vampire Diaries တွင် Noraအဖြစ် တော့မြင်ရပါတယ်။

(၈)Afshan Azad ( Padma Patil)

ညီအမနှစ်ယောက်ဖြစ်တဲ့ Padmaဟာ အခုအချိန်တွင် အ‌အောင်မြင်ဆုံး Bengali Modelတစ်ယောက်ဖြစ်နေပါပြီ။

(၉)Shefail Chowdhury (Parvati Patil)


Parvati ကိုတော့ နောက်ပိုင်းတွင် Screenပေါ်တွင် တွေ့မြင်ရလေ့မရှိတော့ပါဘူး

(၁၀) Harry Melling (Dudley Dursley)

Harry Potterရဲ့ ဝမ်းကွဲညီအကိုဖြစ်တဲ့ Dudleyရဲ့ အမည်အရင်းမှာ Harryပဲဖြစ်ပြီး British TV showတစ်ခုမှာ Dudleyအဖြစ်နဲ့ပဲ တွေ့မြင်နိုင်ပါတယ်။

(၁၁) Josh Herdman (Gregory Goyle)


Gregoryကတော့ sportလိုင်းတွင် ဆုများသိမ်းပိုက်လျက်ရှိပါတယ်။

 

(၁၂) Devon Murray (Seamus Finnigan)

 


Seamus ဟာစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အဖြစ် ရပ်တည်လျက်ရှိပါတယ်။

သင်အနှစ်သက်ဆုံး Harry Potterဇာတ်ကောင်ကရော ဘယ်သူများဖြစ်မလဲ။ဒီလိုသတင်းများကို ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့Pageကို Like and followပြုလုပ်ပေးထားပါအုန်းနော်ယ

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *