Tue. Oct 26th, 2021

Harry Potterဇာတ်လမ်းများထဲမှ Hogwartsကျောင်းတော်ကြီး၏ ကျောင်းသားများရဲ့ လတ်တလော လှုပ်ရှားမှုများ

ကျနော်တို့ငယ်ငယ်က အသည်းစွဲကြိုက်ခဲ့ရတဲ့ Harry Potterဇာတ်လမ်းမျကြည့်ရှုခဲ့ရတာ မနေ့တစ်နေ့ကလိုပါပဲ။အခုချိန်ပြန်ကြည့်ရင်လည်း မရိုးနိုင်ဘဲ သဘောကျရဆုံးဖြစ်ပါတယ်။

လက်တွေ့မှာတော့ Hogwarts ကျောင်းတော်ကြီးရဲ့ ကျောင်းသားများကတော့ ဇာတ်လမ်းထဲမှာလို မဟုတ်တော့ဘဲ ကြီးပြင်းလာကြပြီဖြစ်ပါတယ်။အချို့ကတော့ ရုပ်ရှင်ဇာတ်လမ်းများတွင် ဆက်လက်သရုပ်ဆောင်လျက်ရှိပြီး အချို့ကတော့ စီးပွားရေးလုပ်ငန်းများတွင် ကျင်လည်လျက်ရှိနေပါပြီ။ဒီနေ့မှာတော့ Harry Potter ဇာတ်လမ်းများမှ ဇာတ်ကောင်များ၏ လက်ရှိပုံရိပ်များကို အပိုင်းနှစ်ပိုင်းခွဲ၍ ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

(၁) Tom Felton ( Draco Malfoy)

မိန်းကလေးတော်တော်များများရဲ့ အချစ်ဦးဖြစ်ခဲ့တဲ့ Draco Malfoyဟာ သရုပ်ဆောင်တစ်ယောက်အနေဖြင့်ပဲ အနုပညာလမ်းကျောင်းကို ဆက်လက်လျှောက်လမ်းလျက်ရှိပါတယ်။Harry Potter ဇာတ်လမ်းများ အားလုံးရိုက်ကူးပြီးတဲ့အခါမှာတော့ Blonde Malfoyကနေ သူရဲ့ပင်ကိုယ်ဆံပင်အရောင်ဖြစ်တဲ့ အညိုရောင်ကို ပြန်ဆိုးခဲ့ပါတယ်။

(၂) Sean Biggerstaff (Oliver Wood)

Gryffindor Quidditchအသင်းခေါင်းဆောင်ဖြစ်တဲ့ Oliverဟာလည်း ရုပ်ရှင်နှင့် ပြဇာတ်များကို ဆက်လက်ရိုက်ကူးလျက်ရှိပါတယ်။

(၃) Stanislav Ianevski( Viktor Krumm)

ဟာမ်ိုနီနှင့်အတူ ကပွဲတက်ခဲ့တဲ့ ဗစ်တာဟာလည်း သရုပ်ဆောင်တစ်ယောက်အနေနှင့်ပဲ အသက်မွေးလျက်ရှိပါတယ်။

(၄) Luke Youngblood (Lee Jordan)

သူကတော့ ယခုအချိန်ထိ မိုက်ခရိုဖုန်းကို အသုံးပြုပြီး သီချင်းတွေဆိုရင်း၊ recordတွေချိုးရင်း ဂီတလောက်ကမှာ ကြယ်တစ်ပွင့်ဖြစ်နေပါပြီ။

(၅)Hugh Mitchell (Colin Creevey)

ကင်မရာတစ်လုံး လက်ကမချတဲ့ Colinကတော့ သီချင်းတွေဆိုရင်း၊ ရုပ်ရှင်ဇာတ်ဝင်တေးတွေရေးရင်း ဘဝကို ဖြတ်သန်းလျက်ရှိပါတယ်။

(၆) Evanna Lynch ( Luna Lovegood) Harry Potter ဇာတ်လမ်းနှင့် ပွဲဦးထွက်ခဲ့တဲ့ Lunaဟာလည်း Runway starတစ်ဦးဖြစ်လာခဲ့ပါပြီ။

(၇) Jamie Yeates (Marcus Flint)

Slytherin Quidditchအဖွဲ့ဝင် Marcusကိုတော့ နောက်ပိုင်းတွေ Screenပေါ်တွင် တွေ့ရလေ့မရှိတော့ပါဘူး

(၈)Alferd Enoch (Dean Thomas)

Dean ကိုတော့ Sherlock Holmesဇာတ်လမ်းများတွင် သင်တွေ့နိုင်ပါတယ်

(၉)Chris Ronkin (Percy Weasley)

Gryffindor‌ရဲ့ ကျောင်းသားခေါင်းဆောင် ပါစီကတော့ Producerတစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။

(၁၀) Katie Leung (Cho Chang)

Choကတော့ Landonတွင်ဓာတ်ပုံပညာရပ်ကို သင်ယူနေတယ်လို့ သိရပါတယ်။

(၁၁) Louis Cordice (Blaise Zabini)

Blaise အကြောင်းကိုတော့ ကလေးသုံးယောက် ရရှိနေပြီဆိုတာကလွဲ၍ တခြားမသိရပါဘူး။

(၁၂) Freddie Stroma ( Cormac Mclaggen)

Cormacကိုတော့ Game of Thrones: season 6တွင် တွေ့မြင်နိုင်ပါတယ်။

နောက်ထပ်ကျန်ရှိသေးတဲ့သူတွေရဲ့ အကြောင်းကိုလည်း အပိုင်း(၂)အနေဖြင့် ဖော်ပြပေးသွားမှာ ဖြစ်လို့ ကျနော်တို့ Pageတွင် စောင့်မျှော်ဖတ်ရှူ‌ပေးကြပါအုန်းနော်။

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *