Amazing






2

3

Rain (For Ialinks)

Unicode

လူသူကင်းမဲ့ပြီး ဝေးလံခေါင်ပါးသည့် တောင်ပေါ်ဒေသရှိ ဂူလေးတွင် တစ်ယောက်တည်း နှစ်၂၀ကြာ နေထိုင်ခဲ့သော အဖိုးအို

ဆားဘီးယားတွင် နေထိုင်သော Panta Petrovicအမည်ရှိ အသက် ၇၀နှစ်အရွယ် အဖိုးအိုသည် လူသူကင်းမဲ့ပြီး တိတ်ဆိတ်ငြိမ်သက်သော Stara Planinaတောင်ပေါ်ရှိ ဂူလေးတွင် နှစ်၂၀ကြာသည်ထိ တစ်ယောက်တည်း အေးအေးချမ်းချမ်း နေထိုင်ခဲ့သည်။

အဖိုးအိုသည် တစ်ချိန်က စားဝတ်နေရေးအတွက် အချိန်ပိုင်းအလုပ်သမားအဖြစ် လုပ်ကိုင်ခဲ့ပြီး ဇနီးဖြစ်သူနှင့်အတူ နေထိုင်ခဲ့ရင်း အသက်အရွယ်ကြီးလာသည်နှင့်အမျှ မျက်စိရှုပ်နားရှုပ်ခြင်းတွေ ကင်းမဲ့ပြီး အေးချမ်းသော အရပ်ဒေသတွင်သာ ပြောင်းပြီးနေထိုင်လိုခဲ့သည်။

ထို့ကြောင့် အဖိုးအိုသည် သူပိုင်ဆိုင်ထားသော ငွေကြေးအချို့ကို ဒေသရှိ တံတားဆောက်လုပ်ရေးတွင် လှူဒါန်းခဲ့ပြီး အရာအားလုံးကို စွန့်လွှတ်ခဲ့သည်။

အဖိုးအိုသည် ဒေသထွက်မှိုနှင့် ငါးများကိုသာ စားသုံးခဲ့ပြီး သူနေထိုင်ရာ ဂူလေးတွေ ကြက် ဝက် နှင့် ခွေးလေး ကြောင်လေးတို့ကို အဖော်ပြုကာ ဂရုတစိုက်နှင့် ကျွေးမွေးစောင့်ရှောက်ရင်း ဘဝကိုအေးချမ်းစွာ ဖြတ်သန်းခဲ့သည်။

Rain (For Ialinks)

Leave a Comment