One Daily News

သင်ရဲ့ နေ့စဉ်လူနေမှု ဘဝမှာ ပျော်ရွှင်မှု ရှာဖွေရန် အကောင်းဆုံး နည်းလမ်းများ

သင်ရဲ့ နေ့စဉ်လူနေမှု ဘဝမှာ ပျော်ရွှင်မှု ရှာဖွေရန် အကောင်းဆုံး နည်းလမ်းများ

(၁) ပျော်ရွှင်ဖို့အတွက် စောင့်ဆိုင်းမနေပါနှင့်

ပျော်ရွှင်ဖို့အတွက် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ သင့်က်ိုယ်သင် အချိန်နှင့်အမျှ ပျော်ရွှင်မှုတွေ ရောက်လာတဲ့ ဘူတာရုံ ကဲ့သို့ မှတ်ယူထားလိုက်ပါ။ သင်ပျော်ရွှင်ဖို့အတွက် အကြောင်းပြချက်တွေက ရှိပြီးသားပါ။ ဘယ်လို အခြေ အနေမျိုးမှာဘဲ ဖြစ်ဖြစ် သင့်ကိုသင် ဂရုစိုက်ဖို့နှင့် အသိအမှတ်ပြုဖို့ မမေ့ပါနှင့်။

(၂) စိုးရိမ်နေတာတွေကို လွှတ်ချလိုက်ပါ

ချစ်ခြင်းမေတ္တာကဲ့သို့သော အေးချမ်းပျော်ရွှင်ဘ အလုပ်တွေ အများကြီး ရှိပါတယ်။ သိပ္ပံပညာရှင်တွေ စိတ်ပညာရှင်တွေက သင့်အမူအယာတွေက သင့်ဦးနှောက်ရဲ့ လုပ်ဆောင်မှုကြောင့်ဖြစ်တယ်လို့ ပြောကြာခဲ့ပါတယ်။ ရိုးရှင်းတဲ့ နည်းနှင့် ကျွန်တော် ထင်တဲ့အတိုင်းပြောရမယ်ဆိုရင်တော် သင်တို့ရဲ့ အမူအကျင့်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ပျော်ရွှင်မှု ကသင်ကြုံတွေ့နေရတာတွေနှင့် လုံးလုံးလျားလျား မသက်ဆိုင်ပါဘူး။။လွှတ်ချလိုက်ပါ။

(၃) များများ ရယ်ပါ

ရယ်မောခြင်းက သင့်ခံစားချက်တွေကို ပိုမို ကောင်းမွန်စေပါတယ်။ ဟုတ်ပါတယ် ဒါက ထူဆန်းတဲ့ အကြောင်းအရာရယ်လို့တော့ မဟုတ်ပါဘူး။ဒါပေမဲ့ သင်နောက်ဆုံး ရယ်ခဲ့တဲ့ အချိန်ကို ပြန်စဉ်းစားကြည့်ပါ။ အတော်လေးကို ကြာနေပြီလား။ ရယ်မောခြင်းက ဖိအားတွေကို လျှော့ချဖို့ သွေးလည်ပတ်မှုကောင်းစေဖို့နှင့် ဆက်ဆံရေးတွေ ခိုင်မြဲစေဖို့ အကောင်းဆုံးအရာ ဖြစ်တယ်ဆိုတာကို ကျွန်ုပ်တို့ လက်ခံနိုင်ရပါမယ်

(၄) ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ

သင် အမှန်တကယ်လုပ်ချင်နေတဲ့ အရာတစ်ခုခုကို လုပ်ပစ်လိုက်ပါ။ ဒါပေမယ့် သင့်ကိုယ်သင် အနားပေးဖို့နှင့် လုပ်ချိန်နှင့် နားချိန် ညီမျှပါစေ။သင့် ကိုယ်သင် ဂရုစိုက်နိုင်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ ဘယ်လိုအကြောင်းမျိုးနဲ့ ကြောင်မှ သင့်ကိုယ်သင် ဖိအားပေးမခံပါနှင့်။ သင့်ကိုယ်သင် လုပ်နိုင်တယ်လို့ ယုံကြည်ထားပါ။

(၅) စိတ်ပျော်ရွှင်အောင်ထားပါ

အောင်မြင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ပျော်ရွှင်တဲ့ ဘဝလေး ပိုင်ဆိုင်ထားဖို့ပါပဲ။ ထိုဘဝမျိုးက အကောင်းမြင်မှုတွေ ရှေ့ဆက်ရမည့်ဘဝအတွကိ မျှော်လင့်ချက်အပြည့်နှင့် ရှေဆက်ဖို့အတွက် အကောင်းဆုံးခွန်အားပါပဲ။ ပျော်ရွှင်တဲ့ ဘဝက သင့်ကို သာမန်ရိုးရှင်းသည့် ဘဝမျိုးနှင့် တူချင်တူပါစေ။ ‌ဒါပေမဲ့ ထိုပျော်ရွှင်မှုလေးကို‌ေတာ့ ဆုပ်ကိုင်ထားပေးပါ။

Source success.com

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Comment