Tue. Oct 26th, 2021

သင့်မီးဖိုချောင်အခက်အခဲများကို ပြေလည်စေမယ့် လျိုဝှက်ချက် (၁၅) ချက်

သင့်အတွက်ချက်ပြုတ်တာကိုအများကြီးပိုလွယ်အောင်လုပ်နည်းတွေရှိပါတယ်။ သင်ကြက်သွန်နီလှီးနေစဉ် (သို့) ဟင်းလျာများအိုး၌ တူးကပ်နေစဉ် သင်မျက်ရည်ကျနေရမည်ဆိုလျှင် သင့်ကိုလွယ်ကူစေသော tips အချို့ရှိပါတယ်။အချက်အပြုတ်အနုပညာဖြင့် စိတ်ဖိစီးမှုကိုဖယ်ရှားရန် သင်သုံးနိုင်သောအကြံပေးချက်များများစွာကိုဖော်ပြပေးပါမယ်။

မိသားစုထမင်းဝိုင်းများမှာ သင့်ကို ချီးကျူးခံရျစရန် ကူညီမယ့် မီးဖိုချောင်သုံးအကြံဥာဏ်တွေဝေမျှလိုပါတယ်။

၁။ ကြက်သွန်နီလှီးဖြတ်နေစဉ် ပေါင်မုန့်ကိုက်ထားခြင်းက အခိုးအငွေ့များကိုစုပ် ယူ၍ သင်မျက်ရည်ကျခြင်းကိုတားဆီးပါလိမ့်မည်

၂။ ကြက်ဥခွံအပိုင်းအစများ အနှစ်၌ကပ်ပါသွားပါက ဆယ်ထုတ်ရန်ကျန်ရှိသောအခွံများကိုသုံးပါ။

၃။ ကိုယ်ပိုင် cupcake ခွက်များကို သုံး၍စိတ်ကြိုက်အလှဆင်ပါ

၄။ သစ်သီးများကိုအခွံနွှာရလွယ်ကူစေရန် ၅ မိနစ်ခန့်ရေခဲရေတွင်စိမ်ပါ

၅။ ဖွင့်ထားသောအံဆွဲသည်ဖြတ်တောက်ရန်ပြီးပြည့်စုံသောစဥ်းနှီတုံးဖြစ်ပါတယ်

၆။ ကြက်ဥများကိုလှီးသောအခါအစအနများမဖြစ်စေရန်ဓားကိုရေအေးစိမ်ထားပါ။

၇။ ရေပုလင်းအဟောင်းများကို ကွတ်ကီးပုံစံခွက်များအဖြစ်သို့ပြောင်းနိုင်ပြီး ဒိုးနတ်များကိုပုံဖော်နိုင်သည်။

၈။ ကြက်ဥကြော်ရာတွင်ပိုမိုချောမွေစေရန် ရေအနည်းငယ်သုံးပါ

၉။ သဘာဝအဆီများ အရသာကိုပိုမို ကောင်းမွန်ရန် မီးအပူလျော့ပေးပါ

၁၀။ ထမင်းကိုချက်တဲ့အခါအဖုံးအုပ်ထားခြင်းဖြင့်ရေနွေးငွေ့ကအထောက်အကူပြုပါတယ်။

၁၁။ မုန့်ဖုတ်သောအခါပါဝင်ပစ္စည်းများကိုအလေးချိန်နှင့်ပမာဏတိုင်းပါ။

၁၂။ ခရမ်းချဉ်သီး (သို့) လိမ္မော်သီးများကိုအအေးခံခြင်းဖြင့် အနံ့ပျောက်သွားသောကြောင့်ရေခဲသေတ္တာထဲတွင်ဘယ်တော့မှမထားပါနှင့်။

၁၃။ လတ်ဆတ်မှုကိုစစ်ဆေးရန်ကြက်ဥကို ရေစိမ်ကြည့်ပါ။ နစ်သွားလျှင် မရွေးပါနဲ့

၁၄။ သံလွင်ရည် (သို့) ပျားရည်စေးကပ်ခြင်းမှကာကွယ်ရန် တိုင်းတာ‌သောခွက်ကိုကြက်ဥနှင့်အုပ်ပါ။

၁၅။ ဆားဟာ ချဉ်သောအသီးများဖြစ်တဲ့ blueberry ၊ စပျစ်သီးများကို ချိုစေပါတယ်

သင်မီးဖိုချောင်၌သုံးသည့် အခြားချက်ပြုတ်နည်းအချိုကိုလည်း ကျွန်ုပ်တို့နှင့်အတူမျှဝေပါဦး

Source Brightside

Written One Daily Media

One Daily Media Copyright © 2021

ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *