One Daily News

ကော်စတာရီကာနိုင်ငံမှ မျောက်မောင်းမလေးများအတွက် တည်းခိုစရာနေရာတစ်ခု

ကော်စတာရီကာနိုင်ငံမှ မျောက်မောင်းမလေးများအတွက် တည်းခိုစရာနေရာတစ်ခု

Sloth ဟုခေါ်သော မျောက်မောင်းမများဟာ သူတို့ရဲ့ ထူးခြားသောမျက်နှာဖွဲ့စည်းပုံကြောင့်အမြဲပြုံးနေသလို ထင်ရပါတယ်။ အနားယူတာ၊ ကြောက်တာ၊ အိပ်ချင်တာပဲ မည်သည့် အချိန်မဆို သူတို့က အမြဲပျော်ရွှင်နေပုံရပါတယ်။ သို့သော်လည်း၎င်းတို့ဟာ မျိုးသုဉ်းအန္တရာယ်ရှိသောမျိုးစိတ်များဖြစ်ပြီး အထူးထိန်းသိမ်း စောင့်ရှောက်ရသောကြောင့် နေ့စဉ်ဘ၀များ တွင်တွေ့ရန်မလွယ်ကူပါဘူး။ Nayara Resortsဟာ ဤပြဿနာကို ကူညီရန် နေရာတစ်ခုဖြစ်လာပြီး မိုးသစ်တော အဖြစ်အသွင်ပြောင်းခဲ့ပါတယ်။

သဘာဝကိုအကျိုးပြုသောနေရာများနှင့်ကမ္ဘာကြီးကိုပိုကောင်းအောင်မည်သို့လုပ်ရမည်ကို လေ့လာနိုင်သော နေရာများကိုရှာဖွေရတာနှစ်သက်တဲ့ ကျွန်ုပ်တို့က မျောက်မောင်းမလေးများအတွက် အပန်းဖြေစခန်း နေရာတစ်ခုကိုသင့်အား တင်ပြပေးလိုပါတယ်။

(၁) အသိအမှတ်ပြုဖွယ်စေတနာ

ကော့စတာရီကာမှ Arenal မီးတောင်အနီးတွင် မျောက်မောင်းမလေးများအတွက် အပန်းဖြေစခန်းတစ်ခု ကိုဖွင့်လှစ်ခဲ့ပါတယ်။ နှေးကွေးသောရွေ့လျားသတ္တဝါများအတွက်သာမကအခြားတောတိရစ္ဆာန်များစွာအတွက်ပါ အိမ်တစ်ခုသဖွယ် ဖြစ်‌စေမှာပါ။အဓိကစိတ်ကူး ကတော့ တောရိုင်းတိရိစ္ဆာန်များကိုထိန်းသိမ်းစောင့်ရှောက်ရန်နှင့်သူတို့၏ဘဝများကိုပျော်ရွှင်စွာ ရှင်သန်ရန် လုံခြုံသောနေရာတစ်ခု ဖန်တီးပေးလိုခြင်းဖြစ်ပါတယ် ။ မျောက်မောင်းမ ၂ ကောင်ဖြင့်သာ စတင်ခဲ့ကြသော်လည်းယခုအခါကျယ်ပြန့်လာပြီး တိရစ္ဆာန် ၁၀ ကောင်ကျော်နေထိုင်နေကြပြီဖြစ်ပါတယ်။

(၂) sloth များအတွက် ဆွဲဆောင်မှု

Nayara အပန်းဖြေစခန်းတစ်ဝိုက်တွင် Cecropia သစ်ပင်များစွာကိုစိုက်ထားပါတယ်။ မျောက်မောင်းမများက အင်းဆက်ပိုးမွှားများ၊ အိမ်မြှောင်ငယ်များနှင့် သေပြီးအကောင်များကိုစားသော်လည်း ၎င်းတို့အကြိုက်ဆုံးအစားအစာမှာဤအပင်များမှအရွက်များဖြစ်ပါတယ်။ ဤနည်းအားဖြင့် သူတို့အတွက်အရသာရှိသောအစားအစာတစ်ခုအမြဲရှိ‌ နေမှာဖြစ်ပါတယ် ။ မျိုးသုဉ်းရန်အန္တရာယ်ရှိသော sloth များကို ဤအပန်းဖြေစခန်းမှ မည်သို့ကူညီကယ်တင်နိုင်ကြောင်းလူသားများအား ပြသ‌လိုက်တာပဲဖြစ်ပါတယ်။

Sloths များဟာ ထိုအပန်းဖြေစခန်း၏ နေသားကျကာ အကြီးအကဲများဖြစ်လာပြီး သူတို့ကိုပတ် ၀ န်းကျင်ရှိသစ်ပင်များပေါ်တွင် တွေ့နိုင်ပါတယ် ။ ဒီတိရိစ္ဆာန်တွေဟာ လူတွေကိုမကြောက်သလို ဓာတ်ပုံတွဲရိုက်ရန်ကို (အသံအကျယ်ကြီးဖြင့်) အနားကပ်လာခဲ့ရင်လည်း စိတ်မပူပါနဲ့။

(၃) အံ့ဩဖွယ် sloths များ

 

စိတ်ဝင်စားစရာကောင်းတာကတော သူတို့ဟာ ဘ ၀ ရဲ့ ၉၀% ကိုသစ်ပင်တွေပေါ်မှာတွဲလောင်းချရင်း ဇောက်ထိုးနေနိုင်ပါတယ်။ သူတို့ရဲ့အင်္ဂါအစိတ်အပိုင်းတွေဟာ သူတို့ရဲ့ခန္ဓာကိုယ်တွေမှာတည်ရှိပြီး နံရိုးများနဲ့တွဲထားပါတယ်။ ဤနည်းအားဖြင့်သူတို့ဟာ အဆုတ်ကိုဖိအားမသက်‌ရောက်ဘဲ လွတ်လပ်စွာအသက်ရှူနိုင်ပါတယ်။

သူတို့ကိုသစ်ပင်တွေကိုသိမ်းပိုက်တာကလွဲလို့ဘာမှမလုပ်ဘူးလို့ထင်ခဲ့ပေမဲ့ အမြဲတမ်းတော့မဟုတ်ဘဲ ရေလည်းကူးနိုင်ပြီး မြေပြင်ပေါ်တွင်လမ်းလျှောက်ခြင်းထက် ၃ ဆပိုမြန်ပါတယ်။ ဒါ့အပြင်သူတို့က သူတို့ရဲ့နှလုံးခုန်နှုန်းကိုထိန်းထားနိုင်တဲ့အတွက် မိနစ် ၄၀ ကြာ ရေအောက်မှာ အသက်မရှူပဲ နေနိုင်ပါတယ်။

(၄) ကျွန်ုပ်တို့ပေးနိုင်သောအကူအညီ

အမှန်တော မျောက်မောင်းမလေးများကအန္တရာယ်အများကြီးကြုံရပါတယ်။ အပူပိုင်းသစ်တောများတွင်သစ်တောပြုန်းတီးခြင်းနှင့် နေထိုင်ရာဒေသများဆုံးရှုံးခြင်းကဲ့သို့အရာများဟာ ၎င်းတို့ကို အစာနှင့်အမိုးအကာအတွက်အခက်အခဲဖြစ်စေပါတယ်။ ထို့အပြင် အခြားလူသား စွက်ဖက်မှုများဟာ ၎င်းတို့ အသက်ရှင် ရေးအတွက် ထိခိုက်စေသောအချက်များဖြစ်ပါတယ် ။

ဒါ့အပြင်သဘာဝအရသူတို့ကိုလိုက်လံရှာဖွေတဲ့ ကျားသစ်, တောကောင်, ဒါမှမဟုတ် သိမ်းငှက် တို့လို သားရဲကောင်တွေလည်းရှိနေပါတယ်။ Sloth များဟာ စိတ်ဖိစီးမှုကိုအလွယ်တကူရနိုင်ပြီး အသက်ရှူလမ်းကြောင်းနှင့် အစာချေစနစ်များကိုထိခိုက်စေပါတယ်။

ထို့ကြောင့် သူတို့ကို ကာကွယ်ရန်နည်းလမ်းများထဲမှတစ်ခု ကတော့ ၎င်းတို့အားခြိမ်းခြောက်ခြင်းမရှိ သောနေထိုင်စရာများပြုလုပ် ပေးရန်ဖြစ်ပါတယ်။ ဤနည်းအားဖြင့် သူတို့ ပျော်ရွှင်စွာ ရှင်သန်နေထိုင်ကြသည်ကို ဆက်လက်တွေ့နိုင်မှာဖြစ်ပါတယ်။

(၅) အခြားသတ္တဝါများစွာလည်းရှိပါသေးတယ်

ဤနေရာတွင် slots များသာမက မတူကွဲပြားသောငှက်မျိုးစိတ်များ၊ ကုန်းနေကုန်းပိုင်းများနှင့်အခြားအပူပိုင်းတောရိုင်းတိရစ္ဆာန်များသည်လည်း ခိုလှုံနေကြပါတယ်။ ဥပမာအားဖြင့်ရောင်စုံကြက်တောများ၊ ကံ့ကော်ပင်ဖားများ၊ သေးငယ်သောငှက်ပိတုန်းများ၊ ထူးခြားဆန်းပြားသောလိပ်ပြာများနှင့် ကော့ယင်ငှက် များသည်လည်း ဤတောရှိချစ်စရာကောင်းသောသတ္တဝါများ ဖြစ်ပါတယ်။

(၆) သဘာဝနှင့်လိုက်လျောညီထွေ

လူများစွာက slothများ နှင့်အခြားတောရိုင်းတိရိစ္ဆာန်များကိုတွေ့ဆုံရန် စိတ်လှုပ်ရှား‌နေကြပါတယ်။ ဒါပေမယ့်ဒီနေရာဟာ တိရိစ္ဆာန်များကိုထိန်းသိမ်းစောင့်ရှောက်ရန်‌ဦးစား‌ပေးဖြစ်သောကြောင့်ခရီးသွားများ အနေဖြင့် အစာကျွေးခြင်း၊ နှောင့်ယှက်ပျက်စီးစေခြင်း ၊ အပင်များဖျက်ဆီးခြင်းတို့ မပြုလုပ်ရန်တားမြစ်ထားပါတယ်။

(၇) ရေရှည်တည်တံ့ရေးအတွက်ဦးစားပေး

အပန်းဖြေစခန်းဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များကိုလည်းထည့်သွင်းစဉ်းစားပြီး၎င်း၏ပတ် ၀ န်းကျင်ရှိအရာများကိုပါ ထိန်းသိမ်းကာကွယ်ရန်နည်းလမ်းအမျိုးမျိုး အသုံးပြုထားပါတယ်။ အပန်းဖြေအိမ်များကိုဒေသခံလက်မှုပစ္စည်းများဖြင့်တည်ဆောက်ထားသောကြောင့် သဘာဝအလင်းရောင်၏ အကျိုးကျေးဇူးရနိုင်သလို မှောင်သောအခါမှာလည်း နေရောင်ခြည်စွမ်းအင်သိုလှောင်ထားသောမီးလုံးများကို အသုံးပြုထားပါတယ်။ ရေအသုံးပြုခြင်း ထိန်းသိမ်းစောင့်ရှောက်ရေးကိရိယာများလဲ တပ်ဆင်ထားပြီးအပန်းဖြေခရီးသည်များကို လက်သုတ်ပုဝါများနှင့်အိပ်ယာများကို ပြန်လည်သန့်စင်အသုံးပြုစေပါတယ်။

BONUS – မိဘမဲ့ မျောက်မောင်းမလေးများအားကျွေးမွေးစောင့်ရှောက်ပုံ

သင်ကရော မျောက်မောင်းမလေးများကိုနှစ်သက်ပါသလား။ အပြင်လက်တွေ့ဘဝမှာတွေ့ဖူးပါ လား။ သူတို့အကြောင်းသင်ဘာသိထားဖူး‌‌သေးလဲ ဆိုတာကို comment မှာဝေမျှပေးခဲ့ပါဦး …

 

 

Source Brightside

Written One Daily Media

One Daily Media Copyright © 2021

ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

Leave a Comment