One Daily News

သင်မထင်မှတ်ထားတဲ့ ကမ္ဘာ့အနှံ့မှ အံဖွယ်ဓလေ့ (၉) ချက်

သင်မထင်မှတ်ထားတဲ့ ကမ္ဘာ့အနှံ့မှ အံဖွယ်ဓလေ့ (၉) ချက်

စပိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ပထမဆုံးတွေ့ ဆုံနုတ်တက်တဲ့အခါ ပါးကိုမနမ်းလျှင် ရိုင်းစိုင်းတယ်လို့ယူဆပါ တယ်။ ဤသည်မှာနိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီပြောင်းလဲလာသောယဉ်ကျေးမှုဆိုင်ရာကျင့်ဝတ်များဖြစ်ပါတယ်။အချို့နေရာများ၏ ယဉ်ကျေးမှုများဟာအံ့ဩစရာ ဖြစ်သော်လည်းကျွန်ုပ်တို့ဟာ ဒေသခံများနဲ့အတူ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားရင်း ရိုင်းရိုင်းစိုင်းစိုင်း သို့မဟုတ် စိတ်အနှောင့်အယှက်မဖြစ် အောင်နေကြရပါတယ်။

ထို့ ကြောင့် မလိုအပ်ဘဲစိတ်အနှောင့်အယှက်မကြုံရလေအောင် ကမ္ဘာ့နေရာအသီးသီးမှာလိုက်နာရမယ့် မမျှော်လင့်ထားတဲ့စည်းမျဉ်းအချို့ကိုဖော်ပြပေးပါမယ်။

(၁) အစားအစာကိုလက်ဖြင့်မထိရခြင်း(ချီလီ)

ချီလီမှာ သင်ဟာ အစားအစာတွေကိုမထိဘဲစားတာပိုကောင်းပါမယ်။ ချီလီလူမျိုးများက လက်ကို သုံး၍ အာလူးချောင်းကဲ့သို့သရေစာများကိုပင်စားရန်မသင့်တော်ဟုယူဆကြပါတယ်။ ဒါကြောင့် အစားအစာတိုင်းအတွက်အဆင်သင့် ဓားနဲ့ခက်ရင်းတွေအမြဲရှိနေပါတယ်။

(၂) ထမင်းဝိုင်းတွင် အသက်ကြီးသူက အရင်စားခြင်း (ကိုရီးယား)

ကိုရီးယားယဉ်ကျေးမှုတွင် အကြီးအကဲများအားလေးစားခြင်းဟာ အလွန်အရေးကြီးပါတယ်။ အသက်ကြီးတဲ့သူကစပြီးစားဖို့ကို စောင့်ရတဲ့အပြင် လူကြီးမပြီးမချင်း ဝိုင်းမှာဆက်နေရပါတယ်။ ထို့ပြင်အသက်ကြီးသူမည်သူမဆိုက သင့်အား သောက်စရာ တစ်ခွက်ပေးသောအခါသင့်ဖန်ခွက်ကိုလက်နှစ်ဘက်ဖြင့်မြှောက်ခြင်းအားဖြင့်၎င်းကိုလက်ခံယူရပါမယ်။

(၃) ငါးစားလျှင်တစ်ဖက်မလှန်ခြင်း (တရုတ်)

တရုတ်လူမျိုးများသည်ငါးတစ်ကောင်လုံးကိုပန်းကန်ပြားပေါ်တွင် (ဟင်းတစ်ခွက်) အဖြစ်ကျွေးလေ့ရှိပါတယ်။ ဒါပေမယ့်ဒီနိုင်ငံ၏ အချို့နေရာတွေမှာ ငါးကိုသင့်ကို ချပေးထားတဲ့အတိုင်း စားသင့်တယ်ဆိုတာကိုသတိပြုရပါမယ်။ ငါးတစ်ကောင်ကိုလှန်ခြင်းသည်ကံမကောင်းခြင်း ၊ ငါးဖမ်းလှေကိုထိခိုက်ခြင်းနှင့်ဆက်စပ်သည်ဟူသော အယူရှိတတ်ကြပါတယ်။

(၄) ပီဇာအတွက် Cheese အပိုတောင်းခြင်း(အီတလီ)

အီတလီဟာ အရသာရှိသောဟင်းလျာများကြောင့်နာမည်ကြီးခြင်းနှင့်အတူ သတိပြုသင့်တာကတော့ တည်ခင်းပေးထားတဲ့ ဟင်းပွဲနဲ့ မဆိုင်တဲ့ ဘယ်အရာကိုမဆို တောင်းဖို့ရိုင်းစိုင်းတယ်လို့ယူဆကြပါတယ်။ ထို့ကြောင့်သင်၏ပီဇာပေါ်တွင် parmesan အချို့ ထပ်ထည့်ချင်ပါက ဝန်ထမ်းများ မမြင်လျှင်ပိုကောင်းပါမယ်

(၅) အိမ်တွင်းသို့ဖိနပ်မစီးရခြင်း (ဂျပန်)

သင့်ဖိနပ်တွေကိုအိမ်အဝင် (သို့မဟုတ် ) မ ၀ င်ခင်တံခါးအပြင်ဘက်ကိုမျက်နှာမူပြီး ချွတ်ထားခဲ့ခြင်းဟာ Heian ခေတ်ကတည်းက ဖြစ်ပြီးထိုစဥ်က အိမ်ကိုသန့်ရှင်းအောင်ထိန်းသိမ်းနည်းအပြင်ကောက်ရိုးခြေနင်းများ သို့မဟုတ် ခုံများကိုဖုံးအုပ်ထားသည့်စည်းမျဉ်းလည်းရှိပါသေးတယ်။ဂျပန်လူမျိုးတို့ထိုင်ရာ‌နေရာ၊ အစာစားရာ‌ နေရာ နှင့်အိပ်ရန်ယက်ထားသောကောက်ရိုးဖျာကြမ်းပြင်များပေါ်တွင် ခြေဗလာ သို့မဟုတ်ခြေအိတ်များဖြင့်သာ နေခွင့်ပြုထားပါတယ်။

(၆) ပန်းကန်ပြောင်စင်အောင်စားခြင်း(တရုတ်)

တရုတ်မှာ သင့်ရဲ့ပန်းကန်ကို ပြောင်စင်တဲ့ထိ စားခြင်းဟာ ရိုင်းစိုင်းတယ်လို့ယူဆခဲ့တာကြာပါပြီ။ ဒါဟာ အိမ်ရှင်က သင့်ကိုလုံလောက် အောင်မကျွေးဘူးဆိုတဲ့ သဘောသက်ရောက်စေပါတယ်။ သို့သော်ဤဓလေ့သည်အစားအစာစွန့်ပစ်မှုကိုလျှော့ချရန်ရည်ရွယ်သည့် Operation Empty Plate ကဲ့သို့လှုပ်ရှားမှုများဖြင့်ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါတယ်။

(၇) အစားအစာကိုကုန်အောင်မစားခြင်း(အိန္ဒိယ)

တရုတ်ရိုးရာဓလေ့ထုံးတမ်းတွေအကြောင်း အပေါ်မှာ ဖော်ပြခဲ့တာနဲ့မတူတာက အိန္ဒိယမှာ သင့်ရဲ့ထမင်းစားပွဲကို ကုန်အောင်စားမှသာ ယဉ်ကျေးတယ် မြင့်မြတ်တယ် ဟုယူဆပြီးအစားအစာအပေါ်လေးစားမှုလက္ခဏာအဖြစ် မှတ်ယူကြပါတယ်။

(၈) ပုံမှန်မဟုတ်သော အလေ့အထ(ဘူဂေးရီးယား)

ဘူဂေးရီးယားတွင် ခေါင်းကိုဘယ်နှင့်ညာကိုယမ်းခြင်းသည်“ ဟုတ်သည်” ဟုဆိုလိုပြီး အပေါ်အောက်သို့ငြိမ့်ခြင်းသည်“ မဟုတ်” ဟုဆိုလိုပါတယ်။ ကိုယ်ဟန်မူရာများဖြင့် ပြောဆိုဆက်ဆံသောအခါသင်သတိထားသင့်ပါတယ်။ Yes အတွက် “da” နှင့် No အတွက် “ne” ဟူသောစကားလုံးများသိထားသင့်ပါတယ်။

(၉) လူအမည်ကို မှင်နီဖြင့်ရေးခြင်း(တောင်ကိုရီးယား)

တောင်ကိုရီးယားတွင်အနီရောင်သည်သေခြင်းကိုဆိုလိုသောအရောင်ဖြစ်သောကြောင့်၎င်းတို့သည်သေလွန်သူတစ် ဦး အားအမှတ်အသားပြုလုပ်လေ့ရှိပါတယ် ။ အသက်ရှင်နေတဲ့လူတစ်ယောက်ရဲ့နာမည်ကိုအနီရောင်နဲ့ရေးရင် ကံမကောင်းစေဘူးလို့ ယုံကြည်ထားကြပါတယ် ။ ထို့အတွက်ကြောင့် အပြာရောင် သို့မဟုတ် အနက်ရောင်မှင်ဘောပင်ကို သင်နှင့်အတူအမြဲဆောင်ထားရပါမယ်။

သင် တစ်နေရာရာသို့ ခရီးသွားပြီးမထင်မှတ်သောရိုးရာဓလေ့များ ကြုံတွေ့ဖူးရင်လည်း Comment မှာသင့်ရဲ့အတွေ့အကြုံကိုပြောပြပါဦး။

 

Source Brightside

Written One Daily Media

One Daily Media Copyright © 2021

ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Comment