Tue. Oct 26th, 2021

အသက်ရှည်ကျန်းမာကြသော ဩစတြေးလျအမျိုးသားများ၏ လျိုဝှက်ချက်(၅)ချက်

မကြာသေးမီကလေ့လာမှုတစ်ခုအရသြစတေးလျအမျိုးသားများဟာ အာရှ၊ ဥရောပနှင့်မြောက်အမေရိကရှိအခြားနိုင်ငံများမှယောက်ျားများထက် အသက်ပိုရှည်ပြီး ပျမ်းမျှအသက် ၇၄ နှစ်ခန့်ရှိပါတယ်။ နှိုင်းယှဉ်ကြည့်လျှင်အမေရိကန်အမျိုးသားများဟာ ပျမ်းမျှအားဖြင့် ၇၁.၅ နှစ်အထိသာ ရှိပါတယ်။

ကျွန်ုပ်တို့ဟာ အသက်ရှည်ခြင်း၏လျှို့ဝှက်ချက်များကိုသိလိုပြီး သင်ကိုလည်း ဝေမျှလိုပါတယ် ။ ဒါကြောင့် သြစတေးလျအမျိုးသားတွေအသက်အရှည်ရတဲ့အကြောင်းရင်း ၅ ချက် ကို တင်ပြပေးပါမယ်။

(၁) တည်ငြိမ်အေးချမ်းသောနိုင်ငံ

သြစတေးလျနိုင်ငံဟာ တည်ငြိမ် အေးချမ်းသောအချိန် ကောင်းများစွာ ရရှိခဲ့ပါတယ် ဟုသုတေသနလေ့လာသူ Collin Payne က ပြောပါတယ်။ ဥရောပနိုင်ငံများနှင့်နှိုင်းယှဉ်ပါက သြစတေးလျမြေပေါ်တွင် ကမ္ဘာစစ်နှစ်ခုလုံး၌အဓိကတိုက်ပွဲများမရှိခဲ့ပါဘူး။ များသောအားဖြင့်စစ်ရေးပဋိပက္ခများအတွင်းမွေးကင်းစကလေးငယ်သေဆုံးမှုနှုန်း မြင့်မားတတ်ပြီး ငယ်စဉ်ကလေးဘဝတွင် မသင့်လျော်သော အာဟာရစားသုံးမှု ကြောင့် ကျန်းမာရေးနှင့်လူ့သက်တမ်း အပေါ် အကျိုးသက်ရောက်စေပါတယ်။

(၂) အပူအပင်ကင်းသောလူနေမှုဘဝ

 

 

View this post on Instagram

 

A post shared by Australia (@australia)

သြစတေးလျနိုင်ငံသားအများစုအတွက်ကမ်းခြေနှင့်နီးပြီး ကောင်းမွန်သောရာသီဥတု ကြောင့် ဘဝကိုအလိုအလျောက် စိတ်ဖိစီးမှုများလျော့နည်းစေပါတယ် ။ တက်ကြွသောလူနေမှုပုံစံလည်းအပါအဝင်ဖြစ်ပြီး ပင်လယ်ကမ်းခြေအနီး လူများပြေးခြင်း၊ စက်ဘီးစီးခြင်း၊ လှိုင်းစီးခြင်း၊ ကမ်းခြေယောဂကျင့်ခြင်းစသည်တုိ့ပြုလုပ်ကြပါတယ် ။ အသက် ၇၀ ကျော်များကပင် စက်ဘီးစီးခြင်း (သို့) တောင်တက်ခြင်းဖြင့် ပုံမှန်ရှင်သန်နေထိုင်ကြပါတယ်။

(၃) ကျန်းမာရေးနဲ့ညီညွတ်သောအစားအစာ

လတ်ဆတ်သော ပင်လယ်စာများနှင့်ထုတ်ကုန်များကြွယ်ဝမှုတို့က ကသြစတေးလျဟင်းလျာများကိုကမ္ဘာပေါ်တွင်ကျန်းမာရေးနှင့်အညီညွတ်ဆုံးစားသောက်မှုပုံစံများထဲမှတစ်ခုအဖြစ်ပုံဖော်ပေးခဲ့ပါတယ်။ထို့‌ကြောင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ သြစတေးလျစတိုင် စားသောက်ဆိုင်များတွင် မြေပဲထောပတ်အသားညှပ်ပေါင်မုန့်များနှင့်နွားနို့အစား ထောပတ်သီးနှင့် ဟင်းသီးဟင်းရွက်များ ရေးပန်းစားလာခဲ့ပါတယ်။

(၄) အားကစားအပေါ်ရူးသွပ်ကြသူများ

သြစတေးလျကို“ အားကစားအရူးအမူး” နိုင်ငံအဖြစ်လည်း ခေါ်ကြပါတယ် ။ အိုလံပစ်ပွဲတော်များတွင် ပြိုင်ပွဲဝင်သူ ဦး ရေနည်းသော်လည်း ဆုတံဆိပ်ဇယားတွင်ထိပ်ဆုံး ၅ နေရာတွင်ရှိတတ်ပါတယ်။။ ဤအောင်ပွဲများက လူများအားအိမ်ပြင်ထွက် လေ့ကျင့်ခန်းလုပ်ရန်နှင့် စိတ်အားတက်ကြွရန်တွန်းအားပေးနေပါတယ် ။ရာသီဥတုနှင့်အနီးအနားရှိသမုဒ္ဒရာတို့ဟာလည်း ကြီးမားသောအားသာချက်တစ်ခုဖြစ်ပါတယ် ။ ရပ်ဘီ၊ ခရစ်ကတ်၊ ဘောလုံး၊ လှိုင်းစီး စသည့်အားကစားများနှင့်အတူ အားကစားစိတ်ဓာတ်များအား သြစတေးလျလူမျိုးတို့၏ နှလုံးသွေးတွင်း ကပင် ရှိနေကြပါတယ်။

(၅) စိတ်ဓာတ်ခိုင်မာမှု

 

View this post on Instagram

 

A post shared by Chris Hemsworth (@chrishemsworth)

ဩစတြေးလျလူမျိုးအချို့က အသက်ရှည်ကျန်းမာရခြင်းဟာ စိတ်နေစိတ်ထားနဲ့လည်းဆိုင်ကြောင်းပြောပါတယ်။အထူးသဖြင့် သဘာဝတရားနှင့်အတူ မျှတစွာ နေထိုင်တတ်ရပါမယ်။ သူတို့လို အသက်ရှည်ကျန်းမာနေချင်ရင်တော့ ညည်းတွားနေမှုများကို ရပ်တန့်ပြီး ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဘဝအခြေအနေများအပေါ် အကောင်းမြင်စိတ်ထားခြင်း ၊ မိမိဘဝကို မိမိ ရောင့်ရဲတတ်ခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ ခိုင်မာမှုများလည်းရှိရမယ်လို့ သူတိူ့ကဆိုပါတယ်။

သင်အသိမိတ်တွေများထဲမှ ဩစတြေးလျမှာ ရောက်ရှိနေသူများရှိရင်လည်း သင်ကြားဖူးသမျှ ဩ‌စတြေးလျ ရဲ့ဘအခြားအတွေ့အကြုံများကို မျှဝေပေးပါဦး။

 

Source Brightside

Written One Daily Media

One Daily Media Copyright © 2021

ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *