Wed. Oct 27th, 2021

အိမ်ထောင်ဖက်အဖြစ် မောင်လေးများကိုသာ ရွေးချယ်သင့်တဲ့ အချက် (၈) ချက်

ယနေ့ခေတ်တွင်အမျိုးသမီးများဟာ အသက်ငယ်သောယောက်ျားများကို date ရန် ပို၍ ရွေးချယ်လာကြပါတယ်။ Kate Moss၊ Priyanka Chopra နှင့် Heidi Klum ကဲ့သို့သောနာမည်ကြီးများဟာ အချစ်မှာ အသက်အရွယ်ကိုအတားအဆီးတစ်ခုအဖြစ်မမြင်ကြပါဘူး။ယခင်ကတော့ အမျိုးသားငယ်တွေနဲ့ တွဲတာကိုလူ့အဖွဲ့အစည်းကလက်ခံတာနည်းခဲ့ပေမယ့် ယခုအခါ ကပြောင်းလဲသွားပြီလို့ ထင်ရပါတယ်။ အမျိုးသမီးများ အနေဖြင့် သူတို့ချိန်းတွေ့လိုသူကို စိတ်ကြိုက်ရွေးချယ်နိုင်ပြီး မည်သည့်အရာကမျှထိုအရာကို ဝင်ရောက်မဆုံးဖြတ်စေသင့်ပါဘူး။

(၁) အမျိုးသားငယ်လေးများ၏ ဆွဲဆောင်မှု

အဘယ့်ကြောင့်ဆိုသော်သူတို့ဟာ ကျန်းမာရေး၏ အကောင်းဆုံးအချိန်သို့ရောက်နေသောကြောင့်ဖြစ်ပါတယ်။ လေ့လာမှုတစ်ခုအရ ကျွန်ုပ်တို့အသက်ကြီးလာသည်နှင့်အမျှကျွန်ုပ်တို့၏ခန္ဓာကိုယ်ရနံ့ပြောင်းလဲလာပါတယ်။လူငယ်များက cologne နှင့် body spray ကဲ့သို့သောရနံ့များကိုအသုံးပြုကြပြီး ကိုယ်နံ့များဟာလည်း ဆွဲဆောင်မှုတစ်ခုပင်ဖြစ်ပါတယ်။

(၂) လူငယ်များရဲ့ ကွဲပြားသောအတွေးအမြင်

သူတို့ဟာ မျိုးဆက်သစ်တစ်ခု၏အစိတ်အပိုင်းဖြစ်ပြီး ကွဲပြားခြားနားမှု များစွာပြုလုပ်နိုင်ပါတယ်။ သူတို့ဟာ မိမိတို့လက်တွဲဖော်တွေရဲ့စိတ်ခံစားချက်ကိုဖွင့်ပေးနိုင်ပြီး သူတို့နှစ်ယောက်ရဲ့ကမ္ဘာကြီး ကိုအတူတကွဝေမျှလိုက်တဲ့အခါ နှစ်ယောက်လုံးအတွက် ပျော်စရာကောင်းစေနိုင်ပါတယ်။

(၃) စတိုင်ကျသောလူငယ်များ

လူငယ်လူရွယ်များဟာ သူတို့၏အသွင်အပြင်နှင့်ဝတ်စားပုံကိုပိုဂရုစိုက်လာကြပါတယ် ။ ဥပမာအားဖြင့် သူတို့က ပေါ့ပျက်ပျက်ထက် စတိုင်လ်ကျမှုကိုရွေးချယ်ပြီးနောက်ဆုံးပေါ်ခေတ်ရေစီးကြောင်းကိုလိုက်မီနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ အမျိုးသမီးများ ရွေးချယ်ရာမှာ အမျိုးသားတွေရဲ့ ၀တ်စားပုံက အရေးကြီးအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းသိရပါတယ်။

(၄) လူငယ်များ၏စွမ်းအင်

ငယ်ဂုဏ်နှင့်အတူ ဆက်ဆံရေးကိုအတွေ့အကြုံသစ်တွေထပ်တိုးစေနိုင်တာမို့ ရှောင်လွှဲလို့မရတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ငယ်ရွယ်သောရည်းစားများဟာ အသစ် အသစ်သောအရာများကို စိတ်အားထက်သန်စွာပြုလုပ်နိုင်ပြီး သင်ပုံမှန်လုပ်လေ့မရှိသောထူးခြားသောခံစားမှုများကိုအတူတကွ တွေ့ကြုံခံစားနိုင်သည်ဟုဆိုလိုပါတယ်။၎င်းသည်ဆက်ဆံရေးကိုစိတ်လှုပ်ရှားဖွယ်ရာ စွန့်စားမှုများပြည့်နှက်နေစေပြီး အမှတ်တရများထပ်တိုးစေမှာပဲဖြစ်ပါတယ်။

(၅) ဂုဏ်ရှိခြင်း

ကံမကောင်းစွာဖြင့် အမျိုးသမီးများအကြားပြိုင်ဆိုင်မှုများစွာရှိနေတတ်ပြီး မောင်လေးတို့နှင့်တွဲသော မမကြီးများဟာ အားကျခံရလေ့ရှိပါတယ် ။ ယနေ့ခေတ်လူ့အဖွဲ့အစည်းတွင်အသက် ၃၀ ကျော်အမျိုးသမီးများကို တစ်ကိုယ်တည်းသမားများဟု လူအများကယူဆကြပါတယ်။ ထို့ကြောင့်အသက်ငယ်သောအမျိုးသားတစ် ဦး ဟာ မမ တစ်ဦး နှင့်ချိန်းတွေ့သောအခါ သူမအားထိုက်တန်သောတန်ဖိုးထားမှုကိုပြသပေးကြရပါတယ်။

(၆) ကလေးမယူလိုသေးခြင်း

စုံတွဲများအသက်ကြီးလာသည်နှင့်အမျှ ဖိအားများ ပိုများလာပါတယ်။ အသက်ငယ် သော ယောက်ျားများဟာ ကလေးလိုချင်စိတ် နည်းပါးနေတတ်တာကြောင့် ကလေးမလိုချင်သော အမျိုးသမီးများအတွက် အဆင်ပြေပါတယ်။လေ့လာမှုတစ်ခုအရအမျိုးသားများဟာ ကလေးယူရန် ဆန္ဒနှောင့်နှေးကြပြီး အများစုမှာ၎င်းတို့အသက်သုံးဆယ်နှင့်နောက်ပိုင်းမှသာ ကလေးယူရန်ရွေးချယ်ကြပါတယ်။

(၇) သင့်ကိုအချိန်ပေးနိုင်ခြင်း

ကွာရှင်းပြတ်စဲခြင်း နှင့် စိတ်ဓာတ်ကျပြိုလဲရခြင်းများဟာ အသက်ငယ်သောကောင်လေးများနဲ့ date တဲ့အခါ လျော့နည်းသွားပါလိမ့်မယ်။ငယ်ရွယ်တဲ့ယောက်ျားလေးတွေဟာ ပိုအချိန်ရ လေ ပိုမိုပြီးပြည့်စုံနိုင်လေဖြစ်ပါတယ် ။ ငယ်ရွယ်သူများဟာ သူ၏ဘ၀တွင်အခြားအဓိကတာဝန်ဝတ္တရားများအကြားတွင် ချစ်သူအတွက် အချိန်များကိုဖယ်ထုတ်ထားလေ့ မရှိတာကြောင့် အတူတကွ အချိန်များစွာကုန်ဆုံးရင်း ပျော်ရွှင်ရစေမှာပါ။

(၈) သန္ဓေအောင်လွယ်ခြင်း


ငယ်ရွယ်တဲ့ယောက်ျားတစ်ယောက်ဟာ ကလေးရနိုင်ခြေပိုများတာကြောင့်မင်းကကလေးယူဖို့အစီအစဉ်ရှိရင် အလောကြီးစရာမလိုပဲ ပိုအဆင်ပြေစေမှာပါ။ သန္ဓေတည်ခြင်းနှင့်ဆိုင်သောပြဿနာများ ကြောင့် စိတ်ဖိစီးမှုများနိုင်ပြီးငယ်ရွယ်သည့်လက်တွဲဖော် ရွေးချယ်ခြင်းဖြင့် ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။

 

Source Brightside

Written One Daily Media

One Daily Media Copyright © 2021

ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *