Wed. Oct 27th, 2021

ဂျာမန်လူမျိုးများ၏ စိတ်ဝင်စားဖွယ် စည်ကမ်းချက် (၇) ချက်

နိုင်ငံအများအပြားဟာ ရိုးရာဓလေ့များအပြင် နိုင်ငံခြားသားများအား ထူးဆန်းအံ့သြ‌စေသောအပြုအမူ စည်းမျဉ်းများတချို့ရှိပါတယ်။ ဂျာမနီဟာလည်း ထို့အတူပဲဖြစ်ပါတယ်။ ဒါဟာဒေသခံတွေအတွက် သာမာန်အရာလို့ထင်ရပေမယ့်ခရီးသွားတွေနဲ့ရွှေ့ပြောင်းနေထိုင်သူတွေ ကတော့ အလေ့အကျင့်ရဖို့အချိန်ယူရပါတယ်။

ဒါကြောင့် ဗဟုသုတဖြစ်ဖွယ် ဂျာမန်ဥပဒေများကိုလေ့လာခဲ့ပြီး Oktoberfest ၏ အမိမြေသို့အလည်အပတ်သွားရန်ဆုံးဖြတ်ခဲ့ပါတယ်။

(၁) အိမ်ထဲတွင် ခြေဗလာဖြင့် လမ်း‌မလျှောက်ကြပါဘူး

အပြင်ဘက်အပူချိန်မည်မျှပင်ရှိစေကာမူ ဂျာမန်လူမျိုးများသည်အိမ်တွင်ဖိနပ်စီး၍အမြဲလမ်းလျှောက်လေ့ရှိပါတယ် ။ထို့အတွက် သီးသန့်ဝယ်ယူထားသော ဖိနပ်တစ်ရံရှိကြပါတယ်။ဂျာမန်များဟာ ဖိနပ်များ ၀ တ်ရန်လိုအပ်ရခြင်းမှာ သူတို့၏အိမ်ကြမ်းပြင်ဟာ အလွန်အေးပါတယ်။ အလွန်အေးသောကြောင့်အလွယ်တကူဖျားနာနိုင်တဲ့အတွက် ဂျာမနီ၌ဖိနပ်ဝတ်ရန် ကမ်းလှမ်းသောအခါ မငြင်းမိပါစေနဲ့။

အဆိုပါ အလေ့အထဟာ ဂျာမနီမှာ ခြေဖဝါးကိုမြေကြီးနှင့်မထိသည့်အခါမျိုးများတွင် တောင် လိုက်နာလေ့ရှိကြပါတယ်။ ဥပမာအားဖြင့် မိဘအချို့ဟာ သူငယ်ချင်းတစ်ယောက်ကသူတို့၏ကလေးကိုတွန်းလှည်း၌ဖိနပ်မပါဘဲ တွန်းလာလျှင်တောင် အံ့သြစွာဖြင့် ” ဖိနပ်မရှိဘူးလား ဟု မေးပါလိမ့်မယ်။ သိူ့သော် ထိုအချိန်တွင်အပြင်ဘက်အပူချိန်မှာ ၉၉ ဒီဂရီဖာရင်ဟိုက်ဖြစ်နေချင် ဖြစ်နေမှာပါ။

(၂) ထူးဆန်းသော ကလေးနာမည်များအတွက် မှတ်ပုံတင်ပေးဖို့ ငြင်းဆန်ခံရပါမယ်

ကလေးငယ်ကိုမှတ်ပုံတင်ရန် မိဘများသည် Standesamt ဟုခေါ်သောဒေသခံ မှတ်ပုံတင်ရုံးသို့လျှောက်လွှာတင်ပြီး၎င်းတို့ရွေးချယ် လိုသောအမည်ကို တင်ပြရန်လိုအပ်ပါတယ်။ အကယ်၍

မိဘများ၏နာမည်ရွေးချယ်မှုဟာ ထူးဆန်း‌ သောနာမည် (သို့) ထုတ်ကုန်တစ်ခု၏နာမည်ဖြစ် နေလျှင် လျှောက်လွှာကိုငြင်းပယ်မှာဖြစ်ပါတယ် ။ လျှောက်လွှာပြန်တင်ရန်လုပ်ထုံးလုပ်နည်း များကလည်း အလွန်စျေးကြီးသောကြောင့်ဂျာမန်များက ၎င်းတို့၏ ရိုးရှင်းသော ရိုးရာအမည်များကိုသာ ပေးလေ့ရှိကြပါတယ်။

(၃) အိမ်အနီးအနားတွင်ကားရေမဆေးရ။

ဂျာမနီ၏ဒေသအများစုတွင် ကားကိ အိမ်အနီးအနား ဝန်းကျင် နေရာများတွင်ဆေးရန်တားမြစ်ထားပါတယ်။ အဘယ်ကြောင့်ဆိုသော်ညစ်ပတ်သောရေဟာ မြေကြီးထဲသို့ ၀ င်လာပြီးသဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေ သောကြောင့်ဖြစ်ပါတယ်ယ ။ဒါက အဲ့ဒီနိုင်ငံမှာ self-service ကားရေဆေးခြင်း တွေ ပျံ့နှံ့ရတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။ ထိုနေရာများ တွင်သုံးသောရေဟာ မြေဆီလွှာ၌အဆုံးမသတ်ပဲ ၎င်းကိုစုဆောင်း၊ စစ်ထုတ်ပြီးပြန်လည်အသုံးပြုရန်ပင်ပြန်လည်ပြင်ဆင်ပါတယ်။

(၄) ဟင်းသီးဟင်းရွက်ရာသီ

ဆောင်းဦးပေါက်ရာသီ ဟင်းသီးဟင်းရွက်များဈေးကွက်‌ရောက်လာသည်နှင့်အတူ ဂျာမန်တို့ဟာ ၎င်းတို့ချက်ပြုတ်ထားသောဟင်းလျာများထဲသို့ အသီးအရွက်များစထည့်သွင်းချက်ပြုတ်ကြပါတယ် ။

ထို့ပြင်အချို့သောဟင်းသီးဟင်းရွက်များအတွက် အထူးပွဲ‌ေတာ်များပင် ရှိကြပါတယ်။

(၅) အမြန်လမ်းများပေါ် မောင်းနှင်ရန် ဆီလုံလုံလောက်လောက်ရှိရန်လိုပါတယ်။

အမြန်လမ်းမများဟာဂျာမနီတွင် အကောင်းဆုံးရှူခင်းများဖြစ်ပါတယ် ။ ဤအမြန်လမ်းတွင်အမြန်နှုန်း ကန့်သတ်ချက်မရှိပါဘူး။ထို့လမ်းများ‌ပေါ်တွင် ကားပျက်သည်မှလွဲ၍ မည်သည့် အကြောင်းကြောင်းကြောင့်မဆို ကားရပ်တန့်ခြင်းကို တားမြစ်ထားပါတယ်။

ဒါကြောင့် စက်သုံးဆီကမမျှော်လင့်ဘဲကုန်သွားခဲ့‌သော် သင့်ကားက အခြားလမ်းအသုံးပြုသူများကို စိတ်အနှောင့်အယှက်ပေးပါလိမ့်မယ်။

(၆) ကျေးလက်တည်းခိုအိမ်များမှာ ကြာရှည်နေခွင့်မပြုပါဘူး

ကျေးလက်ရိုးရာအိမ်များအတွက် အထူးစည်းမျဉ်းများချမှတ်ထားပါတယ် ။ ကြီးမားတဲ့အိမ် ၊ ရဲတိုက်တွေ လို ဆောက်ဖို့ခွင့်မပြုပါဘူး ။ ကျေးလက်အိမ်များဟာ ရိုးရှင်းဖို့လိုအပ်ပြီး ၂၆၀ စတုရန်းပေထက်မကြီးရပါဘူး။

 

လူတစ် ဦးသက်တောင့်သက်သာနေနိုင်ရန် လိုအပ် သောပစ္စည်းများအားလုံးရှိသင့်သော်လည်း မည်သူမျှထိုနေရာတွင်ကြာရှည်မနေနိုင်အောင် ပြုလုပ်ထားပါတယ်။

မီးဘေးကာကွယ်ရေးစနစ်မရှိခြင်းကြောင့် အရေးပေါ်အခြေအနေတွင် အချိန်မီအကူအညီမပေးနိုင်ပါဘူး။ လုံခြုံရေးအခြေအနေများကြောင့်ည ၁၀ နာရီ ၁၁ နာရီနောက်ပိုင်းတွင်အိမ်အတွင်း၌နေခြင်းကိုတားမြစ်ထားပါတယ်။

ဂျာမနီတွင် အပန်းဖြေဥယျာဉ်များ အတော်လေးရေပန်းစားပြီး ဤပန်းဥယျာဉ်များဟာ ဂျာမန်ဘာသာဖြင့်နာမည်အမျိုးမျိုးရှိပါတယ် ။ မြေကွက်သေးသေးလေးတစ်ဝိုက်ကိုအခြေခံပြီးအများစုမှာ တဲအိမ်လေးတွေရှိကာ ယျာဉ်ခြံအတွက်ငှားရမ်းနိုင်ပါတယ်။

(၇) နောက်ပြောင်စော်ကားမှုများအတွက် ကြီးလေးသော ဒဏ်ငွေပြစ်ဒဏ်ဆောင်ရပါတယ်

စော်ကားမှုအတွက် ပြစ်ဒဏ်ကို နိုင်ငံ၏ ရာဇဝတ်ကျင့်ထုံး ဥပဒေများတွင်ပြဌာန်းထားပါတယ် ။ ချိုးဖောက်မှုအမျိုးအစားပေါ် မူတည်၍ ငွေဒဏ် သို့မဟုတ် ထောင်ဒဏ်တစ်နှစ်အထိကျခံရနိုင်ပါတယ် ။ အမျိုးမျိုးသောအရှက်ရစေသောအမူအရာများနှင့်ပြောဆိုချက်များအတွက်ဒဏ်ငွေ ရိုက်နိုင်ပါတယ် ။
ဥပမာအားဖြင့အခြားသူအား လျှာထုတ်လှောင်ပြောင်ပြလျှင် ဒဏ်‌ငွေ ယူရို ၁၅၀ (ဒေါ်လာ ၁၈၀) ကျသင့်ပြီး နားထင်ကိုလက်ညှိုးထောက်ပြလျှင် ဒဏ်ငွေယူရို ၇၅၀ (ဒေါ်လာ ၉၀၀) ဖြစ်ပါတယ် ။ ဤဒဏ်ငွေများဟာ ယူရို ၄၀၀၀ (ဒေါ်လာ ၄,၇၃၅) အထိလည်းရောက်သွားနိုင်ပါတယ်။

သင်သာ ဂျာမနီသို့ပြောင်းရွှေ့မယ်ဆို ဤစည်းမျဉ်းများအနက် မည်သည်ကိုလိုက်နာရန်အခက်ခဲဆုံးလို့ ထင်ပါသလဲ ???

Source Brightside

Written One Daily Media

One Daily Media Copyright © 2021 ကျွန်တော်တို့ကိုယ်တိုင်ဘာသာထားတဲ့အတွက် တခြား websiteမှာကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

 

 

Leave a Reply

Your email address will not be published. Required fields are marked *