One Daily News

အင်ဒိုနီးရှားအမျိုးသမီးများ ငယ်ရွယ်နုပျိုနေမှုရဲ့ လျိုဝှက်ချက် (၇) ချက်

အင်ဒိုနီးရှားအမျိုးသမီးများ ငယ်ရွယ်နုပျိုနေမှုရဲ့ လျိုဝှက်ချက် (၇) ချက်

လူမျိုးတိုင်းတွင် ကိုယ်ပိုင်အလှအပနှင့်လျှို့ဝှက်ချက်များရှိကြပါတယ် ။ အင်ဒိုနီးရှားတွင်လည်း ရှေးနှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့သော ရှေးရိုးများနှင့်လုပ်ထုံးလုပ်နည်းများရှိကြပါတယ် ။ အသက် ၅၃ နှစ်ရှိအမျိုးသမီးများဟာ အသက် ၃၅ နှင့်ပင် တူနိုင်ပြီး ဘလော့ဂါ Puspa Dewi က ဥပမာကောင်းတစ်ခုဖြစ်ပါတယ်။

ထို့ကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာစေတဲ့ အင်ဒိုနီးရှားလူမျိုးတို့ရဲ့ လျိုဝှက်ချက် ၇ ချက်ကိုဝေမျှပေးချင်ပါတယ်။

(၁) ဆန်မှုန့်အသုံးပြုခြင်း

ဆန်မှုန့်ကိုရေနှင့်ရော၍ မျက်နှာပေါင်းတင်ရန်သုံးခြင်းအပြင် ခန္ဓာကိုယ်အတွက် လည်း တိုက်ချွတ်ဆေးကြောကြပါတယ် ။ ဆန်၊ ဂျင်း၊ အခွံမာသီး၊ နနွင်း၊ သစ်ကြံပိုးခေါက်နှင့်နံ့သာဖြူမှုန့်တို့ဖြင့်ပြုလုပ် လေ့ရှိပြီး ပါဝင်ပစ္စည်းများအားလုံးကိုအတူတူရောကြိတ်ရန်လိုအပ်ပါတယ်။ ဤသဘာဝ scrub ကြောင့် အသားအရေကိုနူးညံ့စေပြီးသန့်ရှင်းစေပြီး ၎င်းကိုခန္ဓာကိုယ်ပေါ်တွင်သာသုံးပါတယ်။

(၂) အကြောပြတ်ခြင်းအားကာကွယ်ခြင်း

ဘာလီလူမျိုးတို့ဟာ သူတို့၏ခန္ဓာကိုယ်အား ဦး ခေါင်းမှခြေဖျားထိအောင် ဂရုစိုက်ကြပါတယ်။ နောက်ပိုင်းမှာ အကြောပြတ်တာကိုကာကွယ်ဖို့ကပိုလွယ်လာပါတယ်။ လူကြိုက်အများဆုံးဓလေ့ထုံးတမ်းများထဲမှတစ်ခုမှာ Balinese tummy mask ကိုအသုံးပြုခြင်းဖြစ်ပါတယ်။ ၎င်းတွင် ဆန်နှင့်ဂျင်းအမြစ်တိုပါဝင်ပြီး အရေပြားပျော့ပျောင်းမှုကိုအထောက်အကူပြုပါတယ်။

အမျိုးသမီးများမီးဖွားပြီးလျှင် မကြာခဏဆိုသလို ဝမ်းဗိုက်ပေါ်သို့ အဆိုပါဆေးဘက် ၀င်အ ၀တ်ဖြင့် အနှိပ်ခံလေ့ရှိပါတယ်။

(၃) သင်္ဘောသီးနှင့်သင်္ဘောသီးအစေ့

အင်ဒိုနီးရှားအမျိုးသမီးတွေကသင်္ဘောသီး သီးသန့်ကိုဖြစ်‌စေ ၊ နို့နဲ့ရောပြီးဖြစ်‌စေ အသားအရည်ကိုတောက်ပစေရန် မျက်နှာပေါ် တိုက်ရိုက်လိမ်းကြပါတယ်။ ထို့ပြင်သူတို့၏ ဆံပင်နက်မှောင်မှုနှင့် ပျက်စီးခြင်းများကိုကာကွယ်ရန်သင်္ဘောသီးအစေ့ကိုကြိတ်ချေပြီးရေနှင့်ရောကာ ဆံပင်ပေါ် တစ်နာရီခန့်လိမ်းပြီး ရေဆေးချလိုက်လေ့ရှိပါတယ်။

(၄) ဆိတ်နို့ဖြင့်ရေချိုးခြင်း

Java မင်းသမီးများသုံးခဲ့ သောရှေးဟောင်းရေချိုးနည်းဖြစ်ပါတယ်။ ငယ်ရွယ်နုပျိုသောအသားအရေကိုထိန်းသိမ်းရန်ကူညီပါတယ်။ အမျိုးသမီးများကဆိတ်နို့ကို ရေချိုးကန်ထဲသို့ထည့်ပြီးမိနစ် ၃၀ ကြာစိမ် ပြီးနောက်နို့ရည်ကို‌ ရေဆေးချလိုက်ကြပါတယ်။

(၅) ခရင်မ်ကုထုံး

အင်ဒိုနီးရှားနိုင်ငံ၏ လူကြိုက်အများဆုံး ဆံကေသာကုထုံးဖြစ်ပါတယ်။ ခရင်မ်ဖြင့်ရေချိုးခြင်းမဟုတ်ဘဲ ပထမဦးစွာ ဆံပင်ကိုထောပတ်သီးခရင်မ်လိမ်းပါတယ်။ ထို့နောက်ဆံပင်ကိုအပူပေးပြီး ဦးရေပြား၊ လည်ပင်းနှင့်ပခုံးတို့တွင်အနှိပ်ခံပါတယ် ။ ‌ထို့နောက် ရေဆေး ၊ အခြောက်ခံပြိီးနောက် လုပ်ထုံးလုပ်နည်းပြီးဆုံးပါတယ်။
ဒါဟာ စိတ်အပန်းပြေစေသောကုသနည်းတစ်ခုသာမက သင့်ဆံပင်ကိုသန်စွမ်းကျန်းမာစေပြီးဓာတုပစ္စည်းများ၏ဆိုးကျိုးများမှကာကွယ်ပေးပါတယ်။

(၆) တစ်ပတ်နှစ်ကြိမ်အနှိပ်ခံခြင်း

အင်ဒိုနီးရှားလူမျိုးများကြား အနှိပ်ခံခြင်းဟာကျန်းမာရေးနှင့်အရွယ်တင်မှုများအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ Nonita Respati ဖက်ရှင်တည်ထောင်သူက သူမမှာကိုယ်ပိုင်အလှအပစံနှုန်းရှိသေးတယ်လို့ပြောပါတယ်။ လက်သည်းနှင့်အလှအပရေးရာများအပြင် သူမတွင်အပတ်စဉ်မျက်နှာပေါင်းတင်ခြင်း ၊ ဆံပင်ကုထုံးများနှင့်တစ်ပတ်လျှင်နှစ်ကြိမ်အနှိပ်ခံလေ့ရှိပါတယ်။

(၇) ပျော်ရွှင်စွာနေထိုင်ခြင်း

အင်ဒိုနီးရှားတွင် နာမည်အကြီးဆုံးဘလော့ဂါများထဲမှတစ်ဦးဖြစ်သူက သူမအသက် (၅၃) နှစ်ရှိပြီးသူ၏ငယ်ရွယ်နုပျိုမှုလျှို့ဝှက်ချက်ကိုထုတ်ဖော်ပြသခဲ့ပါတယ်။ သူမအသက်ကြီးလာသည်နှင့်အမျှ သူမပိုပျော်ရွှင်လာပြီး ပျော်ရွှင်မှုဟာ ကိုယ်ခန္ဓာအတွင်းနှင့်အပြင်အလှကိုထိန်းသိမ်းရန်ကူညီပေးတာကြောင့် များများပြုံးပြီးကိုယ့်ကိုကိုယ်ချစ်ပါလို့ သူမက ဆိုပါတယ်။

သင့်မှာရော သင့်ရဲ့ ကျန်းမာနုပျိုမှုအတွက် ကိုယ်ပိုင် လျိုဝှက်ချက်များရှိရင် ဝေမျှပေးပါဦး။

One Daily Media Copyright © 2021 ကျွန်တော်တို့ကိုယ်တိုင်ဘာသာထားတဲ့အတွက် တခြား websiteမှာကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

 

Leave a Comment